ရှမ်းမြောက်မှ အလှည့်အပြောင်း နှင့် အက်ကြောင်း ( သတင်းဆောင်းပါး )

 753

သုတကျော် (NP News)-ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ် မြောက်ပိုင်း တွင် ၁၀၂၇ ဟု အမည်ပေးထားသည့် တိုက်ခိုက်မှုများ အပြီး TNLA၊ MNDAA တို့ အတွက် ထိန်းချုပ်နယ်မြေ အချို့ကို ရရှိခဲ့ကြသည်။
၎င်းတို့ ကို ထောက်ခံသူများက ယင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ငြိမ်တော့မည့် အရိပ်အယောင်ဟု ထင်မှတ်ခဲ့ကြသော်လည်း အမှတ်တကယ်တွင် မြန်မာနိုင်ငံမှ အက်ကြောင်း များစွာ အနက် အက်ကြောင်း တစ်ခု ဖြစ်လာမည်ဟု ကြိုမသိခဲ့ကြပေ။
မြောက်ပိုင်း သုံးဖွဲ့ ဟု ခေါ်ခဲ့ကြသော MNDAA၊ TNLA နှင့် AA တို့ကို အစဉ်တစိုက် ညီညွတ်မည်ဟု ထင်ခဲ့ကြ သော်လည်း နယ်မြေစိုးမှုနှင့် အာဏာ ပြိုင်ဆိုင်မှု က နယ်မြေချင်း ဆက်စပ်နေသည့် MNDAA နှင့် TNLA အကြား တွင် ညီညွတ်ရေး ဖြစ်မလာခဲ့ပေ။
TNLA အနေဖြင့် လက်ရှိတွင် မိုးကုတ်မြို့၊ နောင်ချိုမြို့။ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို လက်လွတ်ထားရပြီ ဖြစ်သော်လည်း မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း နှင့် နမ္မတူမြို့ တို့ကို ဆက်လက် ထိန်းချုပ်ထားသည်။ MNDAA အနေဖြင့် လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း) ၊ မုံးကိုး၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ သိန္နီ စသည်ဖြင့် မြို့များကို လက်ရှိတွင် ထိန်းချုပ်ထားသည်။
ယခု နောက်ဆုံး ဖြစ်ပွားသည့် ယင်း နှစ်အဖွဲ့ အကြား ပြဿနာ သည် ကွတ်ခိုင်မြို့နယ်တွင် အခြေတည်ခြင်း ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ကာလ က ကွတ်ခိုင်မြို့ကို ထိန်းချုပ်နိုင်ရန် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးသည့်နောက် TNLA က မြို့ကို ရကြောင်း အမည်ခံသည့်တိုင် ယင်းနောက်တွင် MNDAA ကလည်း ပါဝင်ခဲ့သည် ဖြစ်ရာ မြို့အုပ်ချုပ်ရေး မှာ ပူးတွဲ အုပ်ချုပ်ရေး ဆန်ဆန် ဖွဲ့စည်းထားသည်။
ယင်းသို့ ပူးပေါင်း တိုက်ခိုက်ခြင်းများ ရှိခဲ့သကဲ့သို့ MNDAA တွင် အညာဒေသမှ PDF များ၊ BPLA၊ PLA၊ KNDA စသည်ဖြင့် တပ်ဖွဲ့များ မှ တပ်ဖွဲ့ဝင်များကို စုစည်းကာ တပ်မဟာ ၆၁၁ အမည်ဖြင့် တပ်မဟာ တစ်ခု ရှိခဲ့သေး သည်။
“အညာဘက်က အဖွဲ့တွေ ပါတယ်။အကုန်လုံးက MNDAA ယူနီဖောင်း ဝတ်လိုက်၊ TNLA ယူနီဖောင်း ဝတ်လိုက် နဲ့ တိုက်ခိုက်ခဲ့ကြတာပါပဲ။ MNDAA ယူနီဖောင်း ဝတ်တာကတော့ ပိုများတာပေါ့။ စစ်ရေး အတွေ့အကြုံတွေ ယူခဲ့ကြတယ်။ သေခဲ့ကြတယ်။ ဒါက ညီညွတ်ရေး တပ်ပေါင်းစုလို့ ကျွန်တော်တို့ တကယ်ထင်ခဲ့တယ်။ ဒါပေမယ့် အကျိုးအမြတ်တော့ မရှိခဲ့ဘူး။ အသက်တွေ ပေးဆပ်ပြီး တိုက်ပေးခဲ့ကြရသလိုပဲ” ဟု ယခုအခါ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီ ဖြစ်သော PDF လူဟောင်း တစ်ဦးကို The Statesman ဂျာနယ်က အင်တာနက်က တဆင့် ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။
လားရှိုးမြို့ အထိ ရောက်ခဲ့ပြီးသည့်နောက် MNDAA က NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း ကြေငြာခဲ့ရာ အထက်ပါ အဖွဲ့များ ပြည်တော်ပြန်ခဲ့ကြရသည်။
ယင်းမတိုင်မီက တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် တိန့်ရှီကျွမ်း နှင့် UWSA မှ တာဝန်ရှိသူ အချို့ ဆွေးနွေးခဲ့သည့် ပူအယ် အစည်းအဝေး မှတ်တမ်းပေါက်ကြားခဲ့ရာ ယင်း အစည်းအဝေး မှတ်တမ်း အတွင်း NUG/PDF နှင့် ပူးပေါင်း၍ လားရှိုး အထိ MNDAA ရောက်လာခဲ့သည့် အပေါ် တရုတ်က စိတ်ဆိုးကြောင်း တွေ့ရသည်။
“အခု သတိထားမိလား။ ကိုးကန့် ဘာလုပ်လုပ် ဒီဘက်က တော်လှန်ရေး အဖွဲ့တွေ စိတ်မဝင်စားတော့ဘူး။ ပလောင်ကိုလည်း စိတ်မဝင်စားဘူး။ သူတို့ အကျိုးစီးပွားအတွက် လိမ်ပြီးခိုင်းတယ်လို့ပဲ ခံစားနေကြရတယ်။ အသေခံတာက ဒီဘက်က ကောင်တွေလေ” ဟု ၎င်းက ဆိုသည်။
အဆိုပါ အချက်မှာ ရှမ်းမြောက်မှ အက်ကြောင်းများ အနက်မှ အက်ကြောင်း တစ်ခု ဖြစ်ပြီး TNLA၊ KIA နှင့် MNDAA တို့ အကြား နယ်မြေ အငြင်းပွားခြင်းများ ရှိလာခြင်းသည် ဆက်တိုက် အက်ကြောင်းများ ဖြစ်လာခြင်း ဖြစ်သည်။
၁၀၂၇ အပြီး တွင် ယခင်က ပူးပေါင်းလှုပ်ရှားဖူးသော TNLA နှင့် KIA အကြား ကွတ်ခိုင်၊ နမ့်ဆန် စသည့်ဒေသများတွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ တင်းမာသည့် အကြောင်းအရင်း အခြေခံများ အနက် ကချင်တိုင်းရင်းသားတို့က ၎င်းတို့ အိမ်များတွင် ကချင်အလံ ထောင်ခြင်းမျိုးလည်း ပါဝင်ခဲ့ပြီး အပြန်အလှန် အော်ဟစ်ခြင်းမှသည် လက်သီးထိုးပွဲ အထိ ဖြစ်ခဲ့သည်။
တစ်ချိန်တည်းတွင် TNLA နှင့် MNDAA အကြားတွင်လည်း သိသာထင်ရှားစွာ ပွတ်တိုက်ခြင်းများ ရှိခဲ့သည်။ ထူးခြားချက်မှာ TNLA နှင့် MNDAA နှစ်ဖွဲ့စလုံးသည် ၎င်းတို့ လာရင်းဒေသမှ တပါး အခြား လက်ရှိ ထိန်းချုပ်ထားသော မြို့များတွင် ၎င်းတို့ ၏ လူမျိုးများ နည်းပါးစွာ နေထိုင်နေကြခြင်း ဖြစ်သည်။
ထို့နောက် နောက်ဆုံး တင်းမာသော အခြေအနေမှာ ဖေဖော်ဝါရီလ လလယ်ပိုင်းတွင် ကွတ်ခိုင်မြို့ MNDAA က လုံခြုံရေး အရဟု ဆိုကာ CCTV ကင်မရာများတပ်ဆင်ရာမှ စတင်လာခြင်း ဖြစ်သည်။ ထို့နောက် လူဖမ်းခြင်း၊ ရုံးပိတ်ခြင်းများ အထိ ရှိလာပြီ ထိခိုက်သူများလည်း ရှိလာခဲ့သည့ အပြင် လူအသွား၊ အလာ နှင့် အရောင်းအဝယ် ကို ကို အပြန်အလှန် တားမြစ် ကန့်သတ်ခြင်းများ ရှိနေသည်။
ယင်းသည် အပြင်းထန်ဆုံး အဆင့် ဖြစ်ပြီး နှစ်ဘက်အပြန် အလှန် တိုက်ခိုက်မှု ဖြစ်ပွားမည့် အသွင်ကို ဆောင်လာခဲ့ပြီ ဖြစ်သည်။
“ပဋိပက္ခတွေက ထိလွယ် ရှလွယ်ထက် ကျော်သွားပြီ။ ပေါက်ကွဲသွားနိုင်တဲ့ အနေအထား ရှိပါတယ်။ သူတို့ နှစ်ဖက် ကြားထဲမှာပေါ့။ အခု ကွတ်ခိုင်ကို အကြောင်းပြု ဖြစ်တာကတော့ ပိုဆိုးတယ်” ဟု အဆိုပါ လက်နက်ကိုင်များ နှင့် ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
အခြား တဖက်တွင် ကွတ်ခိုင်မြို့သည် မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မူဆယ်မြို့နှင့် မိုင် ၆၀ ခန့်အကွာတွင် တည်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ရှိသောကြောင့် အာဏာလုခြင်းမျိုး ဖြစ်နိုင်သည်ဟုလည်း ၎င်းက သုံးသပ်သည်။
“ကွတ်ခိုင်ကလည်း စီးပွားရေးမှာ ဂွင်တစ်ခုပေါ့ ကောင်းတာပေါ့။ မူဆယ်နဲ့ လားရှိုးကြားလည်းဖြစ်တယ်။ ကုန်စီးဆင်းမှုတွေ ၊ သတ္ထုတူးဖော် ဘာညာစသဖြင့်ပေါ့နော်။ ဒီမြို့က အဓိက မြို့တစ်မြို့လည်းဖြစ်တဲ့ အခါကျတော့ စစ်ရေးအရရော စီးပွားရေးအရရော လိုချင်တဲ့အပိုင်းတွေကတော့များတာပေါ့လေ။ အာဏာခွဲဝေမှုတွေ မှာ လုနေကြတဲ့သဘောတော့ဖြစ်တာပေါ့။ သေနတ်မဖောက်လည်း သူ့ဟာသူ တင်းမာမှုလေးတွေ ရှိနေကြတာ‌ပေါ့” ဟု ၎င်းက ဆိုသည်။
စစ်မီးသည် ကွတ်ခိုင်တွင် တဖန် တောက်လောင်ရန် ပြင်ဆင်လာသော အခါ ဒေသခံတို့ အနေဖြင့် ထပ်မံ စစ်ဘေးရှောင်ရန် ပြင်ကြရန်ပြန်ပြီ ဖြစ်သည်။ အချို့ကလည်း ပြောင်းခဲ့ကြပြီ ဖြစ်သည်။ စစ်မီးကို မည်သူမျှ မကြုံတွေ့လိုကြပါ။
ယင်းအဖြစ်အပျက်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သော စစ်ပွဲ၏ နောက်ဆက်တွဲ စစ်ပွဲများ ဖြစ်ပြီး ရိုးရှင်းသော ပွတ်မှုတစ်ခု မဟုတ်ပဲ နှစ်ဖက်၏ စစ်ရေး၊ စီးပွားရေး မျှော်လင့်ချက် အတွက် အချင်းချင်း နယ်မြေလုနေကြခြင်း ဖြစ်ကြောင်း တွေ့မြင်ရသည်။
MNDAA က လားရှိုး၊ မူဆယ်လမ်းကို လိုချင်ပုံ ရပြီး ယင်းလမ်းကို ရလျှင် ကုန်သွယ်ရေး အတွက် အခွင့်အရေး ရမည်ဟု မျှော်လင့်ထားပုံရသည်။ ထို့ပြင် ကွတ်ခိုင်မြို့ တည်နေပုံ အရ စစ်ရေး အတွက်လည်း အရေးပါသည်။ TNLA အတွက်လည်း အလားတူပင် ဖြစ်ပြီး ကွတ်ခိုင်ကို ရလျှင် ခံစစ် နှင့် တိုက်စစ် အတွက် ဟန်ချက်ညီမည့် အနေအားကို တွေ့နေရသည်။ အဘယ့်ကြောင့် ဆိုသော ရှေ့သို့ နယ်မြေ များများ ဆန့်ထုတ်ထားမှ သာလျှင် ဗဟိုချက်ကို ကာကွယ်နိုင်ခြင်းမျိုး ဖြစ်မည်ဟု TNLA တို့ ယူဆထားကြပုံ ပေါ်သည်။
အခြားမကြည့်ပါနှင့်။ ကွတ်ခိုင်မြို့ကို TNLA တို့က သံလွင်ခရိုင်တွင် ထည့်ထားပြီး MNDAA တို့ကလည်း ကွတ်ခိုင်ခရိုင် အဖြစ် ဖွဲ့စည်းထားသည်။
“တိုက်ပွဲ အကြီးအကျယ် မတိုက်ရင်တောင် တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ က ရန်စောင်နေကြမှာ။ ပွတ်တိုက်နေမှာပဲ။ ညှိနှိုင်းတာမျိုး ရှိကောင်း ရှိမယ်။ မအောင်မြင်ရင်တော့ ပြီးပြီ ချကြမှာပဲ။ ရှမ်းမြောက်မှာ တိုက်ပွဲ စာမျက်နှာ အသစ် ဖွင့်လိုက်တာပေါ့” ဟု ရှမ်းမြောက်အရေး ကျွမ်းကျင်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိ အငြင်းပွားနေစဉ် TNLA က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရ ထံ လိပ်မူပေးပို့သော စာ ထွက်ပေါ်လာရာ အဆိုပါ စာ အတွင်း ကြားဝင်ညှိနှိုင်းပေးရန် တောင်းဆိုထားပြီး MNDAA ဖမ်းထားသော အခြားသူများကို လွှတ်ပေးခဲ့သော်လည်း TNLA အရာရှိတစ်ဦး နှင့် အခြားပစ္စည်းများကို သိမ်းယူထားဆဲ ဖြစ်သည်ဟု ဆိုထားသည်။
ထိုသို့ အငြင်းပွားနေစဉ် TNLA က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရ ထံ လိပ်မူပေးပို့သော စာ ထွက်ပေါ်လာရာ အဆိုပါ စာ အတွင်း ကြားဝင်ညှိနှိုင်းပေးရန် တောင်းဆိုထားပြီး MNDAA ဖမ်းထားသော အခြားသူများကို လွှတ်ပေးခဲ့သော်လည်း TNLA အရာရှိတစ်ဦး နှင့် အခြားပစ္စည်းများကို သိမ်းယူထားဆဲ ဖြစ်သည်ဟု ဆိုထားသည်။
တရုတ်နိုင်ငံက နယ်စပ် စီးပွားရေး ထိခိုက်မည် စိုးရိမ်သည့် အတွက် ညှိနှိုင်းပေးလျှင်ပင် ယင်းသည် ယာယီမျှသာ ဖြစ်လိမ့်မည်ဟု ၎င်းက ဆိုသည်။
“ဒါက ဆေးမြီးတိုပဲ ဖြစ်လိမ့်မယ်။ ဒီနယ်မြေတွေ တည်ငြိမ်ဖို့ ဆိုရင် ခိုင်မာတဲ့ ကြားနေ အဖွဲ့အစည်း လိုတယ်။ ဒါက တပ်မတော်ပဲ။ အခု ဖြစ်နေတာကို တရုတ်က နယ်စပ်စီးပွားရေး မှာ ထိခိုက်မှာ စိုးလို့ ခေါ်ညှိကောင်း ညှိပေးလိမ့်မယ်။ တိုက်ပွဲကြီး အဖြစ်ခံမယ် မထင်ဘူး။ ဒါပေမယ့် ပွတ်တိုက်မှုတွေက ရှိနေမယ်။ ကြားက ပြည်သူတွေပဲ စိတ်မချမ်းမသာ ဖြစ်မှာပဲ။ နောက်တစ်ခုက လူသစ်စုတာတွေ ဖြစ်လာမယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ ပြဿနာတွင် အဓိက ခံစားရသော ပြည်သူတို့မှာ အခွန်နှစ်ထပ်ကို ကြုံနေရသည်။ ယခင်က တပ်မတော် ၏ ထိန်းချုပ်မှုအောက်တွင် အဆိုပါ မြို့များ တည်ငြိမ်ခဲ့သောလည်း ရှမ်းမြောက်တွင် တစ်မြို့နယ် ထဲ၌ လက်နက်ကိုင် တို့ ရုံးဖွင့်ခြင်းမျိုး ရှိနေသည်။ ယင်း အတွက် မည်သူက အုပ်ချုပ်နေသည်ကို မကွဲတော့ပဲ အဖေ ခေါ်ရမည့်သူ များလာသည်။
“နောက်တစ်ခုကတော့ မပြောချင်ပေမယ့် ပြောရမယ့် လူမျိုးရေး ပြဿနာ။ ဥပမာ ရှမ်းများတဲ့ မြို့တွေကို TNLA က သိမ်းတယ်။ ပလောင်တွေ အမုန်းခံရတယ်။ အခုလည်း ကိုးကန့်တွေ၊ ပလောင်တွေ ဆိုပြီး လူမျိုးရေး အမုန်းတရားကဖြစ်နေတယ်။ တိုင်းရင်းသားတွေက လုပ်တာ မဟုတ်ဘူး။ လက်နက်ကိုင်တွေက လုပ်တာ” ဟု ၎င်းက ဆိုသည်။
လက်ရှိ ရှမ်းမြောက်နှင့် ပတ်သက်၍ အထက်ပါ ပွတ်တိုက်မှု အပြီး လူစိတ်ဝင်စားသော နောက်ထပ်အကြောင်းအရာ တစ်ခုမှာ MNDAA က ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်းသို့ တရုတ်လုပ်ငန်းရှင်များကို ခေါ်သွင်းလာပြီး စီးပွားရေး လုပ်စေခြင်း ဖြစ်ပြီး ဒေသခံ များ အကြား မကျေနပ်ခြင်းများ ရှိနေသည်။
ရှမ်းမြောက်သည် ၁၀၂၇ ပြီးသည့်နောက် နယ်မြေ ငြိမ်းချမ်းသွားမည်ဟု ၎င်းတို့ကို ထောက်ခံသူများက ထင်ခဲ့ကြပေလိမ့်မည်။ သို့သော် စစ်ဘုရင်များအား ၎င်းတို့ မသိလိုက်မီကပင် မွေးထုတ်နေပြီ ဖြစ်သည်။

Zawgyi Version:
ရွမ္းေျမာက္မွ အလွည့္အေျပာင္း ႏွင့္ အက္ေၾကာင္း
( သတင္းေဆာင္းပါး )
သုတေက်ာ္ (NP News)-ေဖေဖာ္ဝါရီ ၂၇
ရွမ္းျပည္နယ္ ေျမာက္ပိုင္း တြင္ ၁၀၂၇ ဟု အမည္ေပးထားသည့္ တိုက္ခိုက္မႈမ်ား အၿပီး TNLA၊ MNDAA တို႔ အတြက္ ထိန္းခ်ဳပ္နယ္ေျမ အခ်ိဳ႕ကို ရရွိခဲ့ၾကသည္။
၎တို႔ ကို ေထာက္ခံသူမ်ားက ယင္းသည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တည္ၿငိမ္ေတာ့မည့္ အရိပ္အေယာင္ဟု ထင္မွတ္ခဲ့ၾကေသာ္လည္း အမွတ္တကယ္တြင္ ျမန္မာႏိုင္ငံမွ အက္ေၾကာင္း မ်ားစြာ အနက္ အက္ေၾကာင္း တစ္ခု ျဖစ္လာမည္ဟု ႀကိဳမသိခဲ့ၾကေပ။
ေျမာက္ပိုင္း သုံးဖြဲ႕ ဟု ေခၚခဲ့ၾကေသာ MNDAA၊ TNLA ႏွင့္ AA တို႔ကို အစဥ္တစိုက္ ညီၫြတ္မည္ဟု ထင္ခဲ့ၾက ေသာ္လည္း နယ္ေျမစိုးမႈႏွင့္ အာဏာ ၿပိဳင္ဆိုင္မႈ က နယ္ေျမခ်င္း ဆက္စပ္ေနသည့္ MNDAA ႏွင့္ TNLA အၾကား တြင္ ညီၫြတ္ေရး ျဖစ္မလာခဲ့ေပ။
TNLA အေနျဖင့္ လက္ရွိတြင္ မိုးကုတ္ၿမိဳ႕၊ ေနာင္ခ်ိဳၿမိဳ႕။ ေက်ာက္မဲၿမိဳ႕ႏွင့္ သီေပါၿမိဳ႕တို႔ကို လက္လြတ္ထားရၿပီ ျဖစ္ေသာ္လည္း မိုင္းလုံ၊ မိုင္းေငါ့၊ မိုးမိတ္၊ နမ့္ဆန္၊ မန္တုံ၊ ကြတ္ခိုင္၊ နမ့္ခမ္း ႏွင့္ နမၼတူၿမိဳ႕ တို႔ကို ဆက္လက္ ထိန္းခ်ဳပ္ထားသည္။ MNDAA အေနျဖင့္ ေလာက္ကိုင္၊ ကုန္းၾကမ္း၊ ၾကဴကုတ္ (ပန္ဆိုင္း) ၊ မုံးကိုး၊ ကြမ္းလုံ၊ ခ်င္းေ႐ႊေဟာ္၊ သိႏၷီ စသည္ျဖင့္ ၿမိဳ႕မ်ားကို လက္ရွိတြင္ ထိန္းခ်ဳပ္ထားသည္။
ယခု ေနာက္ဆုံး ျဖစ္ပြားသည့္ ယင္း ႏွစ္အဖြဲ႕ အၾကား ျပႆနာ သည္ ကြတ္ခိုင္ၿမိဳ႕နယ္တြင္ အေျခတည္ျခင္း ျဖစ္ၿပီး ၁၀၂၇ စစ္ဆင္ေရး ကာလ က ကြတ္ခိုင္ၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ရန္ ပူးေပါင္းတိုက္ခိုက္ခဲ့ၿပီးသည့္ေနာက္ TNLA က ၿမိဳ႕ကို ရေၾကာင္း အမည္ခံသည့္တိုင္ ယင္းေနာက္တြင္ MNDAA ကလည္း ပါဝင္ခဲ့သည္ ျဖစ္ရာ ၿမိဳ႕အုပ္ခ်ဳပ္ေရး မွာ ပူးတြဲ အုပ္ခ်ဳပ္ေရး ဆန္ဆန္ ဖြဲ႕စည္းထားသည္။
ယင္းသို႔ ပူးေပါင္း တိုက္ခိုက္ျခင္းမ်ား ရွိခဲ့သကဲ့သို႔ MNDAA တြင္ အညာေဒသမွ PDF မ်ား၊ BPLA၊ PLA၊ KNDA စသည္ျဖင့္ တပ္ဖြဲ႕မ်ား မွ တပ္ဖြဲ႕ဝင္မ်ားကို စုစည္းကာ တပ္မဟာ ၆၁၁ အမည္ျဖင့္ တပ္မဟာ တစ္ခု ရွိခဲ့ေသး သည္။
“အညာဘက္က အဖြဲ႕ေတြ ပါတယ္။အကုန္လုံးက MNDAA ယူနီေဖာင္း ဝတ္လိုက္၊ TNLA ယူနီေဖာင္း ဝတ္လိုက္ နဲ႔ တိုက္ခိုက္ခဲ့ၾကတာပါပဲ။ MNDAA ယူနီေဖာင္း ဝတ္တာကေတာ့ ပိုမ်ားတာေပါ့။ စစ္ေရး အေတြ႕အႀကဳံေတြ ယူခဲ့ၾကတယ္။ ေသခဲ့ၾကတယ္။ ဒါက ညီၫြတ္ေရး တပ္ေပါင္းစုလို႔ ကြၽန္ေတာ္တို႔ တကယ္ထင္ခဲ့တယ္။ ဒါေပမယ့္ အက်ိဳးအျမတ္ေတာ့ မရွိခဲ့ဘူး။ အသက္ေတြ ေပးဆပ္ၿပီး တိုက္ေပးခဲ့ၾကရသလိုပဲ” ဟု ယခုအခါ ထိုင္းႏိုင္ငံတြင္ ေရာက္ရွိေနၿပီ ျဖစ္ေသာ PDF လူေဟာင္း တစ္ဦးကို The Statesman ဂ်ာနယ္က အင္တာနက္က တဆင့္ ဆက္သြယ္ေမးျမန္းစဥ္ ေျပာၾကားသည္။
လားရႈိးၿမိဳ႕ အထိ ေရာက္ခဲ့ၿပီးသည့္ေနာက္ MNDAA က NUG ႏွင့္ စစ္ေရး၊ ႏိုင္ငံေရး ပူးေပါင္းေဆာင္႐ြက္မည္ မဟုတ္ေၾကာင္း ေၾကျငာခဲ့ရာ အထက္ပါ အဖြဲ႕မ်ား ျပည္ေတာ္ျပန္ခဲ့ၾကရသည္။
ယင္းမတိုင္မီက တ႐ုတ္ႏိုင္ငံ အထူးကိုယ္စားလွယ္ တိန႔္ရွီကြၽမ္း ႏွင့္ UWSA မွ တာဝန္ရွိသူ အခ်ိဳ႕ ေဆြးေႏြးခဲ့သည့္ ပူအယ္ အစည္းအေဝး မွတ္တမ္းေပါက္ၾကားခဲ့ရာ ယင္း အစည္းအေဝး မွတ္တမ္း အတြင္း NUG/PDF ႏွင့္ ပူးေပါင္း၍ လားရႈိး အထိ MNDAA ေရာက္လာခဲ့သည့္ အေပၚ တ႐ုတ္က စိတ္ဆိုးေၾကာင္း ေတြ႕ရသည္။
“အခု သတိထားမိလား။ ကိုးကန႔္ ဘာလုပ္လုပ္ ဒီဘက္က ေတာ္လွန္ေရး အဖြဲ႕ေတြ စိတ္မဝင္စားေတာ့ဘူး။ ပေလာင္ကိုလည္း စိတ္မဝင္စားဘူး။ သူတို႔ အက်ိဳးစီးပြားအတြက္ လိမ္ၿပီးခိုင္းတယ္လို႔ပဲ ခံစားေနၾကရတယ္။ အေသခံတာက ဒီဘက္က ေကာင္ေတြေလ” ဟု ၎က ဆိုသည္။
အဆိုပါ အခ်က္မွာ ရွမ္းေျမာက္မွ အက္ေၾကာင္းမ်ား အနက္မွ အက္ေၾကာင္း တစ္ခု ျဖစ္ၿပီး TNLA၊ KIA ႏွင့္ MNDAA တို႔ အၾကား နယ္ေျမ အျငင္းပြားျခင္းမ်ား ရွိလာျခင္းသည္ ဆက္တိုက္ အက္ေၾကာင္းမ်ား ျဖစ္လာျခင္း ျဖစ္သည္။
၁၀၂၇ အၿပီး တြင္ ယခင္က ပူးေပါင္းလႈပ္ရွားဖူးေသာ TNLA ႏွင့္ KIA အၾကား ကြတ္ခိုင္၊ နမ့္ဆန္ စသည့္ေဒသမ်ားတြင္ တင္းမာမႈမ်ား ျဖစ္ေပၚခဲ့သည္။ တင္းမာသည့္ အေၾကာင္းအရင္း အေျခခံမ်ား အနက္ ကခ်င္တိုင္းရင္းသားတို႔က ၎တို႔ အိမ္မ်ားတြင္ ကခ်င္အလံ ေထာင္ျခင္းမ်ိဳးလည္း ပါဝင္ခဲ့ၿပီး အျပန္အလွန္ ေအာ္ဟစ္ျခင္းမွသည္ လက္သီးထိုးပြဲ အထိ ျဖစ္ခဲ့သည္။
တစ္ခ်ိန္တည္းတြင္ TNLA ႏွင့္ MNDAA အၾကားတြင္လည္း သိသာထင္ရွားစြာ ပြတ္တိုက္ျခင္းမ်ား ရွိခဲ့သည္။ ထူးျခားခ်က္မွာ TNLA ႏွင့္ MNDAA ႏွစ္ဖြဲ႕စလုံးသည္ ၎တို႔ လာရင္းေဒသမွ တပါး အျခား လက္ရွိ ထိန္းခ်ဳပ္ထားေသာ ၿမိဳ႕မ်ားတြင္ ၎တို႔ ၏ လူမ်ိဳးမ်ား နည္းပါးစြာ ေနထိုင္ေနၾကျခင္း ျဖစ္သည္။
ထို႔ေနာက္ ေနာက္ဆုံး တင္းမာေသာ အေျခအေနမွာ ေဖေဖာ္ဝါရီလ လလယ္ပိုင္းတြင္ ကြတ္ခိုင္ၿမိဳ႕ MNDAA က လုံၿခဳံေရး အရဟု ဆိုကာ CCTV ကင္မရာမ်ားတပ္ဆင္ရာမွ စတင္လာျခင္း ျဖစ္သည္။ ထို႔ေနာက္ လူဖမ္းျခင္း၊ ႐ုံးပိတ္ျခင္းမ်ား အထိ ရွိလာၿပီ ထိခိုက္သူမ်ားလည္း ရွိလာခဲ့သည့ အျပင္ လူအသြား၊ အလာ ႏွင့္ အေရာင္းအဝယ္ ကို ကို အျပန္အလွန္ တားျမစ္ ကန႔္သတ္ျခင္းမ်ား ရွိေနသည္။
ယင္းသည္ အျပင္းထန္ဆုံး အဆင့္ ျဖစ္ၿပီး ႏွစ္ဘက္အျပန္ အလွန္ တိုက္ခိုက္မႈ ျဖစ္ပြားမည့္ အသြင္ကို ေဆာင္လာခဲ့ၿပီ ျဖစ္သည္။
“ပဋိပကၡေတြက ထိလြယ္ ရွလြယ္ထက္ ေက်ာ္သြားၿပီ။ ေပါက္ကြဲသြားႏိုင္တဲ့ အေနအထား ရွိပါတယ္။ သူတို႔ ႏွစ္ဖက္ ၾကားထဲမွာေပါ့။ အခု ကြတ္ခိုင္ကို အေၾကာင္းျပဳ ျဖစ္တာကေတာ့ ပိုဆိုးတယ္” ဟု အဆိုပါ လက္နက္ကိုင္မ်ား ႏွင့္ ပတ္သက္၍ သိရွိသူ သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
အျခား တဖက္တြင္ ကြတ္ခိုင္ၿမိဳ႕သည္ ျမန္မာ- တ႐ုတ္နယ္စပ္ကုန္သြယ္ေရးစခန္းရွိရာ မူဆယ္ၿမိဳ႕ႏွင့္ မိုင္ ၆၀ ခန႔္အကြာတြင္ တည္ရွိၿပီး နယ္စပ္ကုန္သြယ္ေရးအတြက္ အေရးပါသည့္ ကုန္သြယ္ေရးလမ္းေၾကာင္းေပၚတြင္ ရွိေသာေၾကာင့္ အာဏာလုျခင္းမ်ိဳး ျဖစ္ႏိုင္သည္ဟုလည္း ၎က သုံးသပ္သည္။
“ကြတ္ခိုင္ကလည္း စီးပြားေရးမွာ ဂြင္တစ္ခုေပါ့ ေကာင္းတာေပါ့။ မူဆယ္နဲ႔ လားရႈိးၾကားလည္းျဖစ္တယ္။ ကုန္စီးဆင္းမႈေတြ ၊ သတၳဳတူးေဖာ္ ဘာညာစသျဖင့္ေပါ့ေနာ္။ ဒီၿမိဳ႕က အဓိက ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္တဲ့ အခါက်ေတာ့ စစ္ေရးအရေရာ စီးပြားေရးအရေရာ လိုခ်င္တဲ့အပိုင္းေတြကေတာ့မ်ားတာေပါ့ေလ။ အာဏာခြဲေဝမႈေတြ မွာ လုေနၾကတဲ့သေဘာေတာ့ျဖစ္တာေပါ့။ ေသနတ္မေဖာက္လည္း သူ႔ဟာသူ တင္းမာမႈေလးေတြ ရွိေနၾကတာ‌ေပါ့” ဟု ၎က ဆိုသည္။
စစ္မီးသည္ ကြတ္ခိုင္တြင္ တဖန္ ေတာက္ေလာင္ရန္ ျပင္ဆင္လာေသာ အခါ ေဒသခံတို႔ အေနျဖင့္ ထပ္မံ စစ္ေဘးေရွာင္ရန္ ျပင္ၾကရန္ျပန္ၿပီ ျဖစ္သည္။ အခ်ိဳ႕ကလည္း ေျပာင္းခဲ့ၾကၿပီ ျဖစ္သည္။ စစ္မီးကို မည္သူမွ် မႀကဳံေတြ႕လိုၾကပါ။
ယင္းအျဖစ္အပ်က္သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ စတင္ခဲ့ေသာ စစ္ပြဲ၏ ေနာက္ဆက္တြဲ စစ္ပြဲမ်ား ျဖစ္ၿပီး ႐ိုးရွင္းေသာ ပြတ္မႈတစ္ခု မဟုတ္ပဲ ႏွစ္ဖက္၏ စစ္ေရး၊ စီးပြားေရး ေမွ်ာ္လင့္ခ်က္ အတြက္ အခ်င္းခ်င္း နယ္ေျမလုေနၾကျခင္း ျဖစ္ေၾကာင္း ေတြ႕ျမင္ရသည္။
MNDAA က လားရႈိး၊ မူဆယ္လမ္းကို လိုခ်င္ပုံ ရၿပီး ယင္းလမ္းကို ရလွ်င္ ကုန္သြယ္ေရး အတြက္ အခြင့္အေရး ရမည္ဟု ေမွ်ာ္လင့္ထားပုံရသည္။ ထို႔ျပင္ ကြတ္ခိုင္ၿမိဳ႕ တည္ေနပုံ အရ စစ္ေရး အတြက္လည္း အေရးပါသည္။ TNLA အတြက္လည္း အလားတူပင္ ျဖစ္ၿပီး ကြတ္ခိုင္ကို ရလွ်င္ ခံစစ္ ႏွင့္ တိုက္စစ္ အတြက္ ဟန္ခ်က္ညီမည့္ အေနအားကို ေတြ႕ေနရသည္။ အဘယ့္ေၾကာင့္ ဆိုေသာ ေရွ႕သို႔ နယ္ေျမ မ်ားမ်ား ဆန႔္ထုတ္ထားမွ သာလွ်င္ ဗဟိုခ်က္ကို ကာကြယ္ႏိုင္ျခင္းမ်ိဳး ျဖစ္မည္ဟု TNLA တို႔ ယူဆထားၾကပုံ ေပၚသည္။
အျခားမၾကည့္ပါႏွင့္။ ကြတ္ခိုင္ၿမိဳ႕ကို TNLA တို႔က သံလြင္ခ႐ိုင္တြင္ ထည့္ထားၿပီး MNDAA တို႔ကလည္း ကြတ္ခိုင္ခ႐ိုင္ အျဖစ္ ဖြဲ႕စည္းထားသည္။
“တိုက္ပြဲ အႀကီးအက်ယ္ မတိုက္ရင္ေတာင္ တစ္ဖြဲ႕ နဲ႔ တစ္ဖြဲ႕ က ရန္ေစာင္ေနၾကမွာ။ ပြတ္တိုက္ေနမွာပဲ။ ညႇိႏႈိင္းတာမ်ိဳး ရွိေကာင္း ရွိမယ္။ မေအာင္ျမင္ရင္ေတာ့ ၿပီးၿပီ ခ်ၾကမွာပဲ။ ရွမ္းေျမာက္မွာ တိုက္ပြဲ စာမ်က္ႏွာ အသစ္ ဖြင့္လိုက္တာေပါ့” ဟု ရွမ္းေျမာက္အေရး ကြၽမ္းက်င္သူ သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။
လက္ရွိ အျငင္းပြားေနစဥ္ TNLA က တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ အစိုးရ ထံ လိပ္မူေပးပို႔ေသာ စာ ထြက္ေပၚလာရာ အဆိုပါ စာ အတြင္း ၾကားဝင္ညႇိႏႈိင္းေပးရန္ ေတာင္းဆိုထားၿပီး MNDAA ဖမ္းထားေသာ အျခားသူမ်ားကို လႊတ္ေပးခဲ့ေသာ္လည္း TNLA အရာရွိတစ္ဦး ႏွင့္ အျခားပစၥည္းမ်ားကို သိမ္းယူထားဆဲ ျဖစ္သည္ဟု ဆိုထားသည္။
ထိုသို႔ အျငင္းပြားေနစဥ္ TNLA က တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ အစိုးရ ထံ လိပ္မူေပးပို႔ေသာ စာ ထြက္ေပၚလာရာ အဆိုပါ စာ အတြင္း ၾကားဝင္ညႇိႏႈိင္းေပးရန္ ေတာင္းဆိုထားၿပီး MNDAA ဖမ္းထားေသာ အျခားသူမ်ားကို လႊတ္ေပးခဲ့ေသာ္လည္း TNLA အရာရွိတစ္ဦး ႏွင့္ အျခားပစၥည္းမ်ားကို သိမ္းယူထားဆဲ ျဖစ္သည္ဟု ဆိုထားသည္။
တ႐ုတ္ႏိုင္ငံက နယ္စပ္ စီးပြားေရး ထိခိုက္မည္ စိုးရိမ္သည့္ အတြက္ ညႇိႏႈိင္းေပးလွ်င္ပင္ ယင္းသည္ ယာယီမွ်သာ ျဖစ္လိမ့္မည္ဟု ၎က ဆိုသည္။
“ဒါက ေဆးၿမီးတိုပဲ ျဖစ္လိမ့္မယ္။ ဒီနယ္ေျမေတြ တည္ၿငိမ္ဖို႔ ဆိုရင္ ခိုင္မာတဲ့ ၾကားေန အဖြဲ႕အစည္း လိုတယ္။ ဒါက တပ္မေတာ္ပဲ။ အခု ျဖစ္ေနတာကို တ႐ုတ္က နယ္စပ္စီးပြားေရး မွာ ထိခိုက္မွာ စိုးလို႔ ေခၚညႇိေကာင္း ညႇိေပးလိမ့္မယ္။ တိုက္ပြဲႀကီး အျဖစ္ခံမယ္ မထင္ဘူး။ ဒါေပမယ့္ ပြတ္တိုက္မႈေတြက ရွိေနမယ္။ ၾကားက ျပည္သူေတြပဲ စိတ္မခ်မ္းမသာ ျဖစ္မွာပဲ။ ေနာက္တစ္ခုက လူသစ္စုတာေတြ ျဖစ္လာမယ္” ဟု ၎က ဆိုသည္။
လက္ရွိ ျပႆနာတြင္ အဓိက ခံစားရေသာ ျပည္သူတို႔မွာ အခြန္ႏွစ္ထပ္ကို ႀကဳံေနရသည္။ ယခင္က တပ္မေတာ္ ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ အဆိုပါ ၿမိဳ႕မ်ား တည္ၿငိမ္ခဲ့ေသာလည္း ရွမ္းေျမာက္တြင္ တစ္ၿမိဳ႕နယ္ ထဲ၌ လက္နက္ကိုင္ တို႔ ႐ုံးဖြင့္ျခင္းမ်ိဳး ရွိေနသည္။ ယင္း အတြက္ မည္သူက အုပ္ခ်ဳပ္ေနသည္ကို မကြဲေတာ့ပဲ အေဖ ေခၚရမည့္သူ မ်ားလာသည္။
“ေနာက္တစ္ခုကေတာ့ မေျပာခ်င္ေပမယ့္ ေျပာရမယ့္ လူမ်ိဳးေရး ျပႆနာ။ ဥပမာ ရွမ္းမ်ားတဲ့ ၿမိဳ႕ေတြကို TNLA က သိမ္းတယ္။ ပေလာင္ေတြ အမုန္းခံရတယ္။ အခုလည္း ကိုးကန႔္ေတြ၊ ပေလာင္ေတြ ဆိုၿပီး လူမ်ိဳးေရး အမုန္းတရားကျဖစ္ေနတယ္။ တိုင္းရင္းသားေတြက လုပ္တာ မဟုတ္ဘူး။ လက္နက္ကိုင္ေတြက လုပ္တာ” ဟု ၎က ဆိုသည္။
လက္ရွိ ရွမ္းေျမာက္ႏွင့္ ပတ္သက္၍ အထက္ပါ ပြတ္တိုက္မႈ အၿပီး လူစိတ္ဝင္စားေသာ ေနာက္ထပ္အေၾကာင္းအရာ တစ္ခုမွာ MNDAA က ၎တို႔ ထိန္းခ်ဳပ္နယ္ေျမမ်ားအတြင္းသို႔ တ႐ုတ္လုပ္ငန္းရွင္မ်ားကို ေခၚသြင္းလာၿပီး စီးပြားေရး လုပ္ေစျခင္း ျဖစ္ၿပီး ေဒသခံ မ်ား အၾကား မေက်နပ္ျခင္းမ်ား ရွိေနသည္။
ရွမ္းေျမာက္သည္ ၁၀၂၇ ၿပီးသည့္ေနာက္ နယ္ေျမ ၿငိမ္းခ်မ္းသြားမည္ဟု ၎တို႔ကို ေထာက္ခံသူမ်ားက ထင္ခဲ့ၾကေပလိမ့္မည္။ သို႔ေသာ္ စစ္ဘုရင္မ်ားအား ၎တို႔ မသိလိုက္မီကပင္ ေမြးထုတ္ေနၿပီ ျဖစ္သည္။

Related news

© 2021. All rights reserved.