မြိုင်မြို့နယ်တွင် စားဝတ်နေရေးအခက်အခဲကြောင့် လက်နက်မဲ့ အိမ်ဖြည့် PDF အဖွဲ့ဝင်များ နှုတ်ထွက်မှုများပြားလာ

493

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ PDF အဖွဲ့များတွင် အင်အားဖြည့်တင်းထားသည့် လက်နက်မဲ့ အဖွဲ့ဝင် များမှာ စားဝတ်နေရေးအခက်အခဲများကြောင့် အဖွဲ့မှ နှုတ်ထွက်မှုများပြားလာကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခင်က PDF အဖွဲ့ဝင်အင်အား အများအပြားရှိခဲ့သော်လည်း လက်နက် တပ်ဆင်နိုင်မှုမှာ အနည်းငယ်သာရှိပြီး ကျန်ရှိသူများမှာ အင်အားပြရန်အတွက်သာ စုဖွဲ့ထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အရင်က လက်နက်ကိုင်ထားတဲ့လူက (၄) (၅) ယောက်ရှိတယ်။ အဖွဲ့ဝင် (၃ဝ)လောက်ရှိတယ်ဆိုပေမယ့် အဲဒီမှာ လက်နက်ကိုင်ထားတဲ့လူ (၅)ယောက်လောက်ပဲရှိတော့ ကျန်တဲ့(၂၅)ယောက်က မရှိတော့ဘူး။ စားဝတ်နေရေး အခက်အခဲတွေကြောင့် အဖွဲ့ကထွက်ကုန်ပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် မြိုင်နယ်အတွင်းရှိ လူငယ်၊ လူရွယ်အများစုသည် ယင်းအဖွဲ့အတွင်း ဆက်လက်ရှိမနေတော့ဘဲ စားဝတ် နေရေးအတွက် ပြည်ပထွက်ခွာခြင်းနှင့် မြို့ပေါ်ရှိ အလုပ်အကိုင်များသို့ပြောင်းရွှေ့လုပ်ကိုင်ခြင်းများ ပြုလုပ်လာကြ ကြောင်းလည်း ၎င်းက ဆိုသည်။
“အခုနောက်ပိုင်း မြိုင်ဘက်မှာက မြို့ထွက်အလုပ်လုပ်တဲ့လူနဲ့ နိုင်ငံခြားထွက်အလုပ်လုပ်တဲ့လူနဲ့ဆိုတော့ PDF ထဲ ဝင်ထားတဲ့ လူငယ်၊ လူရွယ်တွေက သိပ်မရှိကြတော့ဘူးပေါ့။ အစတည်းက အဲဒီမှာ လူတိုင်းစေ့လက်နက်က ရှိတာ မဟုတ်ဘူးလေ။ အဖွဲ့အစည်းဖွဲ့ထားပြီးတော့ ဦးရေနဲ့သာ အင်အားပြနေတာကိုး။ ကျန်တဲ့လူတွေက အိမ်ဖြည့် လောက်ပေါ့။ အရင်တည်းက ရန်ပုံငွေကောက် တယ်ဆိုရင်တောင် လက်နက်ရှိတဲ့လူတွေလောက်ပဲရကြတာ။ ကျန်တဲ့လူတွေက ရမှမရတာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် မြိုင်မြို့နယ်အတွင်းသာမက အနီးနားမြို့နယ်များတွင်လည်း အထက်ပါကဲ့သို့လက်နက်မဲ့ PDF အဖွဲ့ဝင် များသည်လည်း လက်ရှိကာလအနေအထားရ နှုတ်ထွက်သူများရှိနိုင်ပြီး လက်နက်ရှိအဖွဲ့များသာ နုတ်ထွက်ရန် ခက်ခဲနိုင်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ဘက်ကတော့ အဲဒီလိုပဲ ထွက်လို့ရတယ်။ မရတဲ့လူတွေကတော့ လက်နက်တွေတပ်ဆင်ပေးထားတဲ့ လူတွေကတော့ ခက်မယ်ထင်တယ်။ ထွက်ဖို့ကိုပေါ့။ ကျွန်တော်တို့က မြိုင်နယ်က နာမည်ကြီးတဲ့ထဲမှာပါတော့ ဒီဘက်တောင်ဒီလိုဆိုတော့ အခြားဘက်တွေတော့ဖြစ်မှာပေါ့” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် PDF အဖွဲ့များမှ ထွက်လိုသူများ ရှိသော်လည်း တရားဝင် နှုတ်ထွက်ခွင့် မပြုသည့်အတွက် တပ်ပြေး ပြဿနာများ ပေါ်ပေါက်နေကြောင်းကို ၎င်းတို့ ကြေငြာထားချက်များ နှင့် မြေပြင် သတင်းများအရ သိရသည်။
ထိုသို့ ဖြစ်ပွားနေသည် အနက် NUG ၏ MOD လက်အောက်ခံ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) က ၎င်းတို့အဖွဲ့မှ ထွက်ပြေးသူများအား သတ်မှတ်ရက်အတွင်း ပြန်လည်ရောက်ရှိခြင်းမရှိပါက ကိုယ်ရေး အချက်အလက်အစုံအလင်ဖြင့် ထုတ်ပြန်ချက် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version;
ၿမိဳင္ၿမိဳ႕နယ္တြင္ စားဝတ္ေနေရးအခက္အခဲေၾကာင့္ လက္နက္မဲ့ အိမ္ျဖည့္ PDF အဖြဲ႕ဝင္မ်ား ႏႈတ္ထြက္မႈမ်ားျပားလာ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၈
မေကြးတိုင္းေဒသႀကီး၊ ၿမိဳင္ၿမိဳ႕နယ္အတြင္းရွိ PDF အဖြဲ႕မ်ားတြင္ အင္အားျဖည့္တင္းထားသည့္ လက္နက္မဲ့ အဖြဲ႕ဝင္ မ်ားမွာ စားဝတ္ေနေရးအခက္အခဲမ်ားေၾကာင့္ အဖြဲ႕မွ ႏႈတ္ထြက္မႈမ်ားျပားလာေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
ၿမိဳင္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားတြင္ ယခင္က PDF အဖြဲ႕ဝင္အင္အား အမ်ားအျပားရွိခဲ့ေသာ္လည္း လက္နက္ တပ္ဆင္ႏိုင္မႈမွာ အနည္းငယ္သာရွိၿပီး က်န္ရွိသူမ်ားမွာ အင္အားျပရန္အတြက္သာ စုဖြဲ႕ထားျခင္းျဖစ္ေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။
“အရင္က လက္နက္ကိုင္ထားတဲ့လူက (၄) (၅) ေယာက္ရွိတယ္။ အဖြဲ႕ဝင္ (၃ဝ)ေလာက္ရွိတယ္ဆိုေပမယ့္ အဲဒီမွာ လက္နက္ကိုင္ထားတဲ့လူ (၅)ေယာက္ေလာက္ပဲရွိေတာ့ က်န္တဲ့(၂၅)ေယာက္က မရွိေတာ့ဘူး။ စားဝတ္ေနေရး အခက္အခဲေတြေၾကာင့္ အဖြဲ႕ကထြက္ကုန္ၿပီ” ဟု ေဒသခံတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ၿမိဳင္နယ္အတြင္းရွိ လူငယ္၊ လူ႐ြယ္အမ်ားစုသည္ ယင္းအဖြဲ႕အတြင္း ဆက္လက္ရွိမေနေတာ့ဘဲ စားဝတ္ ေနေရးအတြက္ ျပည္ပထြက္ခြာျခင္းႏွင့္ ၿမိဳ႕ေပၚရွိ အလုပ္အကိုင္မ်ားသို႔ေျပာင္းေ႐ႊ႕လုပ္ကိုင္ျခင္းမ်ား ျပဳလုပ္လာၾက ေၾကာင္းလည္း ၎က ဆိုသည္။
“အခုေနာက္ပိုင္း ၿမိဳင္ဘက္မွာက ၿမိဳ႕ထြက္အလုပ္လုပ္တဲ့လူနဲ႔ ႏိုင္ငံျခားထြက္အလုပ္လုပ္တဲ့လူနဲ႔ဆိုေတာ့ PDF ထဲ ဝင္ထားတဲ့ လူငယ္၊ လူ႐ြယ္ေတြက သိပ္မရွိၾကေတာ့ဘူးေပါ့။ အစတည္းက အဲဒီမွာ လူတိုင္းေစ့လက္နက္က ရွိတာ မဟုတ္ဘူးေလ။ အဖြဲ႕အစည္းဖြဲ႕ထားၿပီးေတာ့ ဦးေရနဲ႔သာ အင္အားျပေနတာကိုး။ က်န္တဲ့လူေတြက အိမ္ျဖည့္ ေလာက္ေပါ့။ အရင္တည္းက ရန္ပုံေငြေကာက္ တယ္ဆိုရင္ေတာင္ လက္နက္ရွိတဲ့လူေတြေလာက္ပဲရၾကတာ။ က်န္တဲ့လူေတြက ရမွမရတာ” ဟု ၎က ေျပာသည္။
ထို႔ျပင္ ၿမိဳင္ၿမိဳ႕နယ္အတြင္းသာမက အနီးနားၿမိဳ႕နယ္မ်ားတြင္လည္း အထက္ပါကဲ့သို႔လက္နက္မဲ့ PDF အဖြဲ႕ဝင္ မ်ားသည္လည္း လက္ရွိကာလအေနအထားရ ႏႈတ္ထြက္သူမ်ားရွိႏိုင္ၿပီး လက္နက္ရွိအဖြဲ႕မ်ားသာ ႏုတ္ထြက္ရန္ ခက္ခဲႏိုင္ေၾကာင္း ၎က ဆိုသည္။
“ကြၽန္ေတာ္တို႔ဘက္ကေတာ့ အဲဒီလိုပဲ ထြက္လို႔ရတယ္။ မရတဲ့လူေတြကေတာ့ လက္နက္ေတြတပ္ဆင္ေပးထားတဲ့ လူေတြကေတာ့ ခက္မယ္ထင္တယ္။ ထြက္ဖို႔ကိုေပါ့။ ကြၽန္ေတာ္တို႔က ၿမိဳင္နယ္က နာမည္ႀကီးတဲ့ထဲမွာပါေတာ့ ဒီဘက္ေတာင္ဒီလိုဆိုေတာ့ အျခားဘက္ေတြေတာ့ျဖစ္မွာေပါ့” ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
လက္ရွိတြင္ PDF အဖြဲ႕မ်ားမွ ထြက္လိုသူမ်ား ရွိေသာ္လည္း တရားဝင္ ႏႈတ္ထြက္ခြင့္ မျပဳသည့္အတြက္ တပ္ေျပး ျပႆနာမ်ား ေပၚေပါက္ေနေၾကာင္းကို ၎တို႔ ေၾကျငာထားခ်က္မ်ား ႏွင့္ ေျမျပင္ သတင္းမ်ားအရ သိရသည္။
ထိုသို႔ ျဖစ္ပြားေနသည္ အနက္ NUG ၏ MOD လက္ေအာက္ခံ မုံ႐ြာခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ တပ္ရင္း (၄) က ၎တို႔အဖြဲ႕မွ ထြက္ေျပးသူမ်ားအား သတ္မွတ္ရက္အတြင္း ျပန္လည္ေရာက္ရွိျခင္းမရွိပါက ကိုယ္ေရး အခ်က္အလက္အစုံအလင္ျဖင့္ ထုတ္ျပန္ခ်က္ ထပ္မံျပဳလုပ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။