မြန်မာနိုင်ငံရှိ မီးဖိုစီမံကိန်းအတွက် တောင်ကိုရီးယားကုမ္ပဏီတစ်ခုကို ကုလသမဂ္ဂမှ ပထမဆုံး ကာဗွန်ခရက်ဒစ် ခွင့်ပြု

141

စော (NP News) - ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံရှိ မီးဖိုစီမံကိန်းအတွက် တောင်ကိုရီးယားကုမ္ပဏီတစ်ခုကို ကုလသမဂ္ဂမှ ပထမဆုံး ကာဗွန်ခရက်ဒစ် ခွင့်ပြုခဲ့ကြောင်း France 24 သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ပါရီ ရာသီဥတု သဘောတူညီချက်အရ တည်ထောင်ထားသည့် Carbon Creditဈေးကွက်သည် ကုမ္ပဏီများနှင့် နိုင်ငံများကို အခြားနိုင်ငံများရှိ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး စီမံကိန်းများကို ငွေကြေးထောက်ပံ့ပေးခြင်းဖြင့် ယင်းနိုင်ငံများမှ ပိုလျှံစွာထွက်ရှိသော ဓာတ်ငွေ့ထုတ်လွှတ်မှုများကို ပြန်လည်ခုနှိမ်စေနိုင်ကြောင်း သိရသည်။
ကာဗွန်စျေးကွက်သစ်တွင် ထုတ်ပေးလိုက်သည့် ပထမဆုံးသော ခရက်ဒစ်များတွင် မြန်မာနိုင်ငံရှိ မီးဖိုထောက်ပံ့ရေး စီမံကိန်းတစ်ခုလည်း ပါဝင်ကြောင်း ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာအေဂျင်စီက ပြောကြားခဲ့သည်ဟု France 24 သတင်းဌာနက ဆိုသည်။ အဆိုပါစီမံကိန်းသည် အိမ်တွင်းလေထုညစ်ညမ်းမှုကို လျှော့ချပေးရုံသာမက ဒေသတွင်းသစ်တောများအပေါ်ကျရောက်နေသည့်ဖိအားများကိုလည်း သက်သာစေကြောင်း ဖော်ပြချက်အရ သိရသည်။
တောင်ကိုရီးယား ကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းအကောင်အထည်ဖော်သည့် အထက်ပါစီမံကိန်းမှရရှိမည့် ကာဗွန်ခရက်ဒစ်များကို တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့၏ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး ရည်မှန်းချက် များအတွက် ထည့်သွင်းတွက်ချက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပါရီသဘောတူညီချက်၏ ကာဗွန်ခရက်ဒစ်စနစ်သစ် (PACM) ရှိ ပိုမိုသေချာသော တွက်ချက်မှုများကို အသုံးပြုထား သဖြင့် ယခုထုတ်ပေးလိုက်သော ခရက်ဒစ်များသည် ယခင်စနစ်ဟောင်းထက် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချနိုင်မှု (၄၀) ရာခိုင်နှုန်းခန့် ပိုမိုနည်းပါးသွားကြောင်း ကုလသမဂ္ဂရာသီဥတုဆိုင်ရာအေဂျင်စီက ပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ကမ္ဘာတစ်ဝန်းရှိ လူဦးရေ (၂) ဘီလီယံကျော်သည် ထင်း၊ မီးသွေး သို့မဟုတ် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများ အသုံးပြုသည့် စွမ်းဆောင်ရည်နိမ့် မီးဖိုများဖြင့် ချက်ပြုတ်နေကြ ရဆဲဖြစ်၍ ထိုသို့ချက်ပြုတ်ရာမှ ထွက်ရှိလာသော လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူသန်းပေါင်းများစွာ သေဆုံးနေကြရကြောင်း ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံရှိ စီမံကိန်းတွင် အသုံးပြုသည့် မီးဖိုများသည် ထင်းနှင့် ဇီဝလောင်စာများကို ပိုမိုထိရောက်စွာ လောင်ကျွမ်းစေသောကြောင့် လောင်စာကုန်ကျမှု သက်သာစေပြီး အိမ်တွင်းမီးခိုးထွက်ရှိမှုကိုလည်း သိသိသာသာ လျှော့ချပေးနိုင်သည်ဟု သိရသည်။ သို့သော် လက်ရှိနှုန်းထားအတိုင်းဆိုလျှင် (၂၀၃၀) ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ (၇၈) ရာခိုင်နှုန်းသာ သန့်ရှင်းသော ချက်ပြုတ်မှုစနစ်ကို ရရှိနိုင်မည်ဟု WHO က ခန့်မှန်းထားကြောင်း France 24 သတင်းဌာနမှဆိုသည်။
အထက်ပါစီမံကိန်းအပြင် တောင်ကိုရီးယားနိုင်ငံမှ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့်် တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါစွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေရေးစီမံကိန်းသည် ၂၀၁၂ ခုနှစ်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုအတွက် ဆွေးနွေးမှုများမှတစ်ဆင့် စီမံကိန်း စတင်ဖြစ်ပေါ်လာခြင်းဖြစ်ရာ နေပြည်တော်တွင် ကျေးရွာ (၄၀)ရွာ၊ တနင်္သာရီ၊ ပဲခူး၊ မွန် နဲ့ ရခိုင်မှာ ငါးရွာစီ၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ၊ စစ်ကိုင်း နှင့် မန္တလေးတို့တွင် ကျေးရွာ (၁၀) ရွာစီ၊ စုစုပေါင်း (၁၁ဝ)ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုမဖြစ်စေရန်၊ ထင်းသုံးစွဲမှုလျှော့ချနိုင်ရန် အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မီးဖိုပေါင်း (၂၄၈၀၀၀၀) ထောက်ပံ့နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံရွိ မီးဖိုစီမံကိန္းအတြက္ ေတာင္ကိုရီးယားကုမၸဏီတစ္ခုကို ကုလသမဂၢမွ ပထမဆုံး ကာဗြန္ခရက္ဒစ္ ခြင့္ျပဳ
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၈
ျမန္မာႏိုင္ငံရွိ မီးဖိုစီမံကိန္းအတြက္ ေတာင္ကိုရီးယားကုမၸဏီတစ္ခုကို ကုလသမဂၢမွ ပထမဆုံး ကာဗြန္ခရက္ဒစ္ ခြင့္ျပဳခဲ့ေၾကာင္း France 24 သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။
ပါရီ ရာသီဥတု သေဘာတူညီခ်က္အရ တည္ေထာင္ထားသည့္ Carbon Creditေဈးကြက္သည္ ကုမၸဏီမ်ားႏွင့္ ႏိုင္ငံမ်ားကို အျခားႏိုင္ငံမ်ားရွိ ဖန္လုံအိမ္ဓာတ္ေငြ႕ေလွ်ာ့ခ်ေရး စီမံကိန္းမ်ားကို ေငြေၾကးေထာက္ပံ့ေပးျခင္းျဖင့္ ယင္းႏိုင္ငံမ်ားမွ ပိုလွ်ံစြာထြက္ရွိေသာ ဓာတ္ေငြ႕ထုတ္လႊတ္မႈမ်ားကို ျပန္လည္ခုႏွိမ္ေစႏိုင္ေၾကာင္း သိရသည္။
ကာဗြန္ေစ်းကြက္သစ္တြင္ ထုတ္ေပးလိုက္သည့္ ပထမဆုံးေသာ ခရက္ဒစ္မ်ားတြင္ ျမန္မာႏိုင္ငံရွိ မီးဖိုေထာက္ပံ့ေရး စီမံကိန္းတစ္ခုလည္း ပါဝင္ေၾကာင္း ကုလသမဂၢ ရာသီဥတုဆိုင္ရာေအဂ်င္စီက ေျပာၾကားခဲ့သည္ဟု France 24 သတင္းဌာနက ဆိုသည္။ အဆိုပါစီမံကိန္းသည္ အိမ္တြင္းေလထုညစ္ညမ္းမႈကို ေလွ်ာ့ခ်ေပး႐ုံသာမက ေဒသတြင္းသစ္ေတာမ်ားအေပၚက်ေရာက္ေနသည့္ဖိအားမ်ားကိုလည္း သက္သာေစေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ေတာင္ကိုရီးယား ကုမၸဏီတစ္ခုႏွင့္ပူးေပါင္းအေကာင္အထည္ေဖာ္သည့္ အထက္ပါစီမံကိန္းမွရရွိမည့္ ကာဗြန္ခရက္ဒစ္မ်ားကို ေတာင္ကိုရီးယားႏွင့္ ျမန္မာႏိုင္ငံတို႔၏ ရာသီဥတုေျပာင္းလဲမႈေလွ်ာ့ခ်ေရး ရည္မွန္းခ်က္ မ်ားအတြက္ ထည့္သြင္းတြက္ခ်က္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ပါရီသေဘာတူညီခ်က္၏ ကာဗြန္ခရက္ဒစ္စနစ္သစ္ (PACM) ရွိ ပိုမိုေသခ်ာေသာ တြက္ခ်က္မႈမ်ားကို အသုံးျပဳထား သျဖင့္ ယခုထုတ္ေပးလိုက္ေသာ ခရက္ဒစ္မ်ားသည္ ယခင္စနစ္ေဟာင္းထက္ ဓာတ္ေငြ႕ထုတ္လႊတ္မႈေလွ်ာ့ခ်ႏိုင္မႈ (၄၀) ရာခိုင္ႏႈန္းခန႔္ ပိုမိုနည္းပါးသြားေၾကာင္း ကုလသမဂၢရာသီဥတုဆိုင္ရာေအဂ်င္စီက ေျပာၾကားခဲ့သည္ဟု ထုတ္ျပန္ထားသည္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ၏ အဆိုအရ ကမာၻတစ္ဝန္းရွိ လူဦးေရ (၂) ဘီလီယံေက်ာ္သည္ ထင္း၊ မီးေသြး သို႔မဟုတ္ စိုက္ပ်ိဳးေရးေဘးထြက္ပစၥည္းမ်ား အသုံးျပဳသည့္ စြမ္းေဆာင္ရည္နိမ့္ မီးဖိုမ်ားျဖင့္ ခ်က္ျပဳတ္ေနၾက ရဆဲျဖစ္၍ ထိုသို႔ခ်က္ျပဳတ္ရာမွ ထြက္ရွိလာေသာ ေလထုညစ္ညမ္းမႈေၾကာင့္ ႏွစ္စဥ္ လူသန္းေပါင္းမ်ားစြာ ေသဆုံးေနၾကရေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံရွိ စီမံကိန္းတြင္ အသုံးျပဳသည့္ မီးဖိုမ်ားသည္ ထင္းႏွင့္ ဇီဝေလာင္စာမ်ားကို ပိုမိုထိေရာက္စြာ ေလာင္ကြၽမ္းေစေသာေၾကာင့္ ေလာင္စာကုန္က်မႈ သက္သာေစၿပီး အိမ္တြင္းမီးခိုးထြက္ရွိမႈကိုလည္း သိသိသာသာ ေလွ်ာ့ခ်ေပးႏိုင္သည္ဟု သိရသည္။ သို႔ေသာ္ လက္ရွိႏႈန္းထားအတိုင္းဆိုလွ်င္ (၂၀၃၀) ျပည့္ႏွစ္တြင္ ကမာၻ႔လူဦးေရ (၇၈) ရာခိုင္ႏႈန္းသာ သန႔္ရွင္းေသာ ခ်က္ျပဳတ္မႈစနစ္ကို ရရွိႏိုင္မည္ဟု WHO က ခန႔္မွန္းထားေၾကာင္း France 24 သတင္းဌာနမွဆိုသည္။
အထက္ပါစီမံကိန္းအျပင္ ေတာင္ကိုရီးယားႏိုင္ငံမွ Climate Change Center (CCC) ၏ အစီအစဥ္ျဖင့္္ ေတာင္အာရွႏွင့္ အေရွ႕ေတာင္အာရွ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၊ ျမန္မာႏိုင္ငံတြင္ စြမ္းအားျမႇင့္မီးဖိုမ်ား ျဖန္႔ေဝေရး စီမံကိန္းကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရးဦးစီး ဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါစြမ္းအားျမႇင့္မီးဖိုမ်ား ျဖန္႔ေဝေရးစီမံကိန္းသည္ ၂၀၁၂ ခုႏွစ္တြင္ ျမန္မာ-ကိုရီးယား ႏွစ္ႏိုင္ငံပူးေပါင္း ေဆာင္႐ြက္မႈအတြက္ ေဆြးေႏြးမႈမ်ားမွတစ္ဆင့္ စီမံကိန္း စတင္ျဖစ္ေပၚလာျခင္းျဖစ္ရာ ေနျပည္ေတာ္တြင္ ေက်း႐ြာ (၄၀)႐ြာ၊ တနသၤာရီ၊ ပဲခူး၊ မြန္ နဲ႔ ရခိုင္မွာ ငါး႐ြာစီ၊ ရန္ကုန္၊ ရွမ္း၊ ဧရာဝတီ၊ စစ္ကိုင္း ႏွင့္ မႏၲေလးတို႔တြင္ ေက်း႐ြာ (၁၀) ႐ြာစီ၊ စုစုေပါင္း (၁၁ဝ)ျဖင့္ စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းစီမံကိန္း၏ ရည္႐ြယ္ခ်က္မွာ ျမန္မာႏိုင္ငံတြင္ သစ္ေတာျပဳန္းတီးမႈမျဖစ္ေစရန္၊ ထင္းသုံးစြဲမႈေလွ်ာ့ခ်ႏိုင္ရန္ အတြက္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး မီးဖိုေပါင္း (၂၄၈၀၀၀၀) ေထာက္ပံ့ႏိုင္ခဲ့ေၾကာင္း သိရသည္။