နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင်ပြောင်းလဲသည်ဖြစ်စေ ဝန်ထမ်းကျင့် ဝတ်သိက္ခာနှင့်အညီ ကျေပွန်စွာတာဝန်ထမ်းဆောင်ရန်မှာကြား

286

Pearl (NP News) - ဖေဖော်ဝါရီ ၂၈
လာမည့်ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ပြီး နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင်ပြောင်းလဲသည်ဖြစ်စေ ဝန်းထမ်းကျင့်ဝတ်သိက္ခာနှင့်အညီ ကျေပွန်စွာတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှမ်းပြည်နယ်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်စောက်၊ ကလော၊ ဟဲဟိုးနှင့် အောင်ပန်းမြို့များရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရပ်စောက်မြို့ နှင့် ကလောမြို့တို့၌ ပြီးခဲသည့် ဖေဖော်ဝါရီ ၂၆ ရက် နှင့် ၂၇ သက်ဆိုင်ရာခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် အထက်ပါကဲ့သို့ထည့်သွင်းမှာကြားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မကြာမီလာမည့် မတ်လတွင်လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲ ပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း ဦးစွာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင်ပြောင်းလဲသည်ဖြစ်စေ ဝန်းထမ်းကျင့်ဝတ်သိက္ခာနှင့်အညီ ကျေပွန်စွာတာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ဝန်ထမ်းကောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းဖြစ်ရန်လိုအပ်ပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိသည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်စေရန် အဓိကအရေးကြီးကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့ ဝန်ထမ်းကောင်းများရှိမှာသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သဖြင့် မိမိတို့တာဝန်ကျရာဒေသတို့တွင် ပေးအပ်သည့်တာဝန်များကို အဂတိတရားကင်းရှင်းစွာဖြင့် ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ ပြည်ဖျက်အဖွဲ့များအနေဖြင့် ယနေ့အချိန်ထိ ကောလဟလသတင်းများ ထုတ်လွှင့်ခြင်း၊ ငွေကြေးအရ မက်လုံးပေးစည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများဖြစ်သည့်အတွက် မလိုလားသူများ၏ သွေးထိုးသပ်လျှိုမှု၊ စည်းရုံးသိမ်းသွင်းမှုမခံရစေရေး အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြား ခွဲခြားသိမြင်နိုင်ရေးသည်လည်း အရေးကြီးကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်တွင် နိုင်ငံတော်တာဝန်ကို ခေတ္တစတင်တာဝန်ယူချိန်တွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဘဲ ဘေးပယောဂများ၊ လှုံ့ဆော်သွေးထိုးမှုများ၊ ခြိမ်းခြောက်အကြပ်ကိုင်မှုများကြောင့် ပညာရေး နှင့် ကျန်းမာရေးဝန်ထမ်းအချို့အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့ လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင်ခဲ့ကြကြောင်းလည်း ပြောကြားခဲ့သည်။
နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် ကိုဗစ်- ၁၉ ကပ်ရောဂါ အပါအဝင် သဘာဝဘေးကြုံတွေ့ရမှုအကျပ်အတည်းများကြားမှ လက်ရှိအခြေအနေအထိ နိုင်ငံတော်ကို တည်ဆောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ ယနေ့အထိ နိုင်ငံတော်က ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြသည့် သစ္စာရှိ နိုင်ငံ့ဝန်ထမ်းကောင်များကြောင့်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ နိုင်ငံတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ၏ ပညာရေးကဏ္ဍမြင့်မားနေရန်လိုအပ်ကြောင်း၊ ပညာရေးအားနည်းခြင်းများကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီး ပညာရည်အားနည်းခြင်းကြောင့် လူတစ်ဦးချင်း၏ တွေးခေါ်မြော်မြင်မှုများတွင် အားနည်းမှုများရှိကြောင်း၊ နိုင်ငံအတွင်းပညာတတ်များ ပေါကြွယ်ဝမှသာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Zawgyi Version;
ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ ႏိုင္ငံေရးအစိုးရမ်ား မည္ကဲ့သို႔ပင္ေျပာင္းလဲသည္ျဖစ္ေစ ဝန္ထမ္းက်င့္ ဝတ္သိကၡာႏွင့္အညီ ေက်ပြန္စြာတာဝန္ထမ္းေဆာင္ရန္မွာၾကား
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၈
လာမည့္ဧၿပီလဆန္းပိုင္းတြင္ သမၼတေ႐ြးခ်ယ္တင္ေျမာက္၍ အစိုးရသစ္တစ္ရပ္ဖြဲ႕စည္းကာ ႏိုင္ငံေတာ္၏တာဝန္ကို ျပန္လည္လႊဲေျပာင္းေပးအပ္သြားမည္ၿပီး ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္လည္း ႏိုင္ငံေရးအစိုးရမ်ား မည္ကဲ့သို႔ပင္ေျပာင္းလဲသည္ျဖစ္ေစ ဝန္းထမ္းက်င့္ဝတ္သိကၡာႏွင့္အညီ ေက်ပြန္စြာတာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက တိုက္တြန္းမွာၾကားခဲ့ေၾကာင္း သိရသည္။
ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းသည္ ရွမ္းျပည္နယ္ရွိ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ ရပ္ေစာက္၊ ကေလာ၊ ဟဲဟိုးႏွင့္ ေအာင္ပန္းၿမိဳ႕မ်ားရွိ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားအား ရပ္ေစာက္ၿမိဳ႕ ႏွင့္ ကေလာၿမိဳ႕တို႔၌ ၿပီးခဲသည့္ ေဖေဖာ္ဝါရီ ၂၆ ရက္ ႏွင့္ ၂၇ သက္ဆိုင္ရာခန္းမမ်ား၌ သီးျခားစီေတြ႕ဆုံ၍ အမွာစကားေျပာၾကားစဥ္ အထက္ပါကဲ့သို႔ထည့္သြင္းမွာၾကားျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက မၾကာမီလာမည့္ မတ္လတြင္လႊတ္ေတာ္ေခၚယူ၍ အစည္းအေဝးက်င္းပႏိုင္ေရး ႀကိဳတင္ျပင္ဆင္ျခင္းမ်ားကို ႏိုင္ငံေတာ္အစိုးရႏွင့္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္မ်ားအလိုက္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိၿပီး ဧၿပီလဆန္းပိုင္းတြင္ သမၼတေ႐ြးခ်ယ္တင္ေျမာက္၍ အစိုးရသစ္တစ္ရပ္ဖြဲ႕စည္းကာ ႏိုင္ငံေတာ္၏တာဝန္ကို ျပန္လည္လႊဲ ေျပာင္းေပးအပ္ သြားမည္ျဖစ္ေၾကာင္း ဦးစြာ ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံ့ဝန္ထမ္းမ်ားျဖစ္သည့္အတြက္ ႏိုင္ငံေရးအစိုးရမ်ား မည္ကဲ့သို႔ပင္ေျပာင္းလဲသည္ျဖစ္ေစ ဝန္းထမ္းက်င့္ဝတ္သိကၡာႏွင့္အညီ ေက်ပြန္စြာတာဝန္ထမ္းေဆာင္ရမည္ျဖစ္ၿပီး ျပည္သူ႔ဝန္ထမ္းေကာင္း၊ ႏိုင္ငံ့ဝန္ထမ္းေကာင္းျဖစ္ရန္လိုအပ္ၿပီး ပါတီစြဲ၊ ပုဂၢိဳလ္စြဲမရွိသည့္ ျပည္သူ႔ဝန္ထမ္းေကာင္းမ်ားျဖစ္ေစရန္ အဓိကအေရးႀကီးေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထိုသို႔ ဝန္ထမ္းေကာင္းမ်ားရွိမွာသာ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္မည္ျဖစ္သျဖင့္ မိမိတို႔တာဝန္က်ရာေဒသတို႔တြင္ ေပးအပ္သည့္တာဝန္မ်ားကို အဂတိတရားကင္းရွင္းစြာျဖင့္ ေက်ပြန္စြာထမ္းေဆာင္ၾကရန္လိုေၾကာင္း၊ ျပည္ဖ်က္အဖြဲ႕မ်ားအေနျဖင့္ ယေန႔အခ်ိန္ထိ ေကာလဟလသတင္းမ်ား ထုတ္လႊင့္ျခင္း၊ ေငြေၾကးအရ မက္လုံးေပးစည္း႐ုံးမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ အနိမ့္ဆုံးတကၠသိုလ္ဝင္တန္း ေအာင္ျမင္ၿပီးသူမ်ားျဖစ္သည့္အတြက္ မလိုလားသူမ်ား၏ ေသြးထိုးသပ္လွ်ိဳမႈ၊ စည္း႐ုံးသိမ္းသြင္းမႈမခံရေစေရး အမွား၊ အမွန္ကို ေဝဖန္ပိုင္းျခား ခြဲျခားသိျမင္ႏိုင္ေရးသည္လည္း အေရးႀကီးေၾကာင္း၊ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ (၁) ရက္တြင္ ႏိုင္ငံေတာ္တာဝန္ကို ေခတၱစတင္တာဝန္ယူခ်ိန္တြင္ ႏိုင္ငံေရးႏွင့္ ႏိုင္ငံ့အေရးကို ကြဲျပားစြာသိျမင္မႈမရွိဘဲ ေဘးပေယာဂမ်ား၊ လႈံ႕ေဆာ္ေသြးထိုးမႈမ်ား၊ ၿခိမ္းေျခာက္အၾကပ္ကိုင္မႈမ်ားေၾကာင့္ ပညာေရး ႏွင့္ က်န္းမာေရးဝန္ထမ္းအခ်ိဳ႕အပါအဝင္ ႏိုင္ငံ့ဝန္ထမ္းအခ်ိဳ႕ လုပ္ငန္းခြင္စြန႔္ခြာမႈ DCS လုပ္ေဆာင္ခဲ့ၾကေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ႏိုင္ငံေရးအရျဖစ္ေပၚလာသည့္ ပဋိပကၡမ်ားႏွင့္ ကိုဗစ္- ၁၉ ကပ္ေရာဂါ အပါအဝင္ သဘာဝေဘးႀကဳံေတြ႕ရမႈအက်ပ္အတည္းမ်ားၾကားမွ လက္ရွိအေျခအေနအထိ ႏိုင္ငံေတာ္ကို တည္ေဆာက္ခဲ့ရျခင္းျဖစ္ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ႏိုင္ခဲ့ျခင္းမွာ ယေန႔အထိ ႏိုင္ငံေတာ္က ေပးအပ္သည့္တာဝန္မ်ားကို ေက်ပြန္စြာထမ္းေဆာင္ေနၾကသည့္ သစၥာရွိ ႏိုင္ငံ့ဝန္ထမ္းေကာင္မ်ားေၾကာင့္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူ ႏိုင္ငံတိုးတက္ေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံသားမ်ား၏ ပညာေရးက႑ျမင့္မားေနရန္လိုအပ္ေၾကာင္း၊ ပညာေရးအားနည္းျခင္းမ်ားေၾကာင့္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ပညာရည္ျမႇင့္တင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးေနၿပီး ပညာရည္အားနည္းျခင္းေၾကာင့္ လူတစ္ဦးခ်င္း၏ ေတြးေခၚေျမာ္ျမင္မႈမ်ားတြင္ အားနည္းမႈမ်ားရွိေၾကာင္း၊ ႏိုင္ငံအတြင္းပညာတတ္မ်ား ေပါႂကြယ္ဝမွသာႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ယခုထက္ပိုမိုတိုးတက္ေအာင္ ေဆာင္႐ြက္သြားႏိုင္မည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။