သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေကို ရုရှားနဲ့ယူကရိန်းတို့ အပြန်အလှန်လဲလှယ်

141

Pika (NP News) - ဖေဖော်ဝါရီ ၂၈
ယူကရိန်းစစ်သား (၁၀၀၀)ဦးရဲ့ရုပ်အလောင်းတွေကို ရုရှားက ယူကရိန်းကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရုရှားအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ ယူကရိန်းက ရုရှားစစ်သား(၃၅)ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ တိုက်ပွဲတွေအတွင်းမှာ သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေကို အပြန်အလှန် လဲလှယ်တာမျိုးတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တဲ့ နယ်ပယ် အနည်းငယ်ထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ရုရှားအစိုးရအရာရှိတစ်ဦးက “ရုရှားက ယူကရိန်းစစ်သား(၁၀၀၀)ဦးရဲ့ရုပ်အလောင်းတွေကို ယူကရိန်းကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ ယူကရိန်းက ရုရှားစစ်သား(၃၅)ဦးရဲ့ရုပ်အလောင်းတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းစစ်သားတွေရဲ့ရုပ်အလောင်းတွေကို ထရပ်ကားတစ်ခုထဲကနေ ရွှေ့ပြောင်းနေကြတဲ့ ဓါတ်ပုံတစ်ခု ကို ရုရှားအစိုးရဘက်က ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှားနဲ့ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၄)နှစ် ရှိလာခဲ့ပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဘက်စလုံးက သိသာထင်ရှားတဲ့ သဘောတူညီ ချက်တွေကို ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြကို ႐ုရွားနဲ႔ယူကရိန္းတို႔ အျပန္အလွန္လဲလွယ္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၈
ယူကရိန္းစစ္သား (၁၀၀၀)ဦးရဲ႕႐ုပ္အေလာင္းေတြကို ႐ုရွားက ယူကရိန္းကို ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့တယ္လို႔ ႐ုရွားအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ အျပန္အလွန္အေနနဲ႔ ယူကရိန္းက ႐ုရွားစစ္သား(၃၅)ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ျပန္လည္လႊဲေျပာင္းေပးခဲ့တယ္လို႔လည္း သိရပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ တိုက္ပြဲေတြအတြင္းမွာ ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြကို အျပန္အလွန္ လဲလွယ္တာမ်ိဳးေတြ အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားပူးေပါင္းေဆာင္႐ြက္ဖို႔ သေဘာတူညီခဲ့တဲ့ နယ္ပယ္ အနည္းငယ္ထဲက တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
႐ုရွားအစိုးရအရာရွိတစ္ဦးက “႐ုရွားက ယူကရိန္းစစ္သား(၁၀၀၀)ဦးရဲ႕႐ုပ္အေလာင္းေတြကို ယူကရိန္းကို ျပန္လည္ လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။ အျပန္အလွန္အေနနဲ႔ ယူကရိန္းက ႐ုရွားစစ္သား(၃၅)ဦးရဲ႕႐ုပ္အေလာင္းေတြကို ျပန္လည္လႊဲေျပာင္းေပးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းစစ္သားေတြရဲ႕႐ုပ္အေလာင္းေတြကို ထရပ္ကားတစ္ခုထဲကေန ေ႐ႊ႕ေျပာင္းေနၾကတဲ့ ဓါတ္ပုံတစ္ခု ကို ႐ုရွားအစိုးရဘက္က ထုတ္ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွားနဲ႔ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၄)ႏွစ္ ရွိလာခဲ့ၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဘက္စလုံးက သိသာထင္ရွားတဲ့ သေဘာတူညီ ခ်က္ေတြကို ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။