ပြင်ဦးလွင်တွင် သုမင်္ဂလာအဆင့်မြင့်ဈေး စတင်ဖွင့်လှစ်

 159

Pearl (NP News) - ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် သုမင်္ဂလာအဆင့်မြင့်ဈေးကို ယမန်နေ့ (ဖေ‌ဖော်ဝါရီ ၂၇ရက်) က စတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြင်ဦးလွင်မြို့၊ သုမင်္ဂလာအဆင့်မြင့်ဈေးအား ပြင်ဦးလွင်မြို့၏ လူနေထူထပ်မှုများပြားလာမှု၊ အပန်းဖြေခရီးသွားလာမှုများပြားလာမှုနှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေးသစ်ကြီးဖြစ်ပေါ်လာစေရန်၊ ခေတ်စနစ်နှင့်အညီ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ၊ နိုင်ငံတကာနှင့်လိုက်လျောညီထွေမှုရှိသည့် RC အဆင့်မြင့် ဈေးသစ်ကြီးဖြစ်ပေါ်လာစေရန်၊ ဒေသထွက်ကုန် အခြေခံကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း ရောင်းဝယ်ဖောက်ကားရရှိလာစေရန်၊ တောင်ပေါ်မြေပြန့် ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာစေရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဈေးသစ်ကြီးသည် RC အမျိုးအစား (၆)ထပ် အဆောက်အဦဖြစ်ပြီး ဈေးဝယ်သူများ အဆင်ပြေစွာသွားလာနိုင်စေရန်အတွက် စက်လှေကား ၁၂ စင်း၊ ဓာတ်လှေကား ၆ စင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစနစ်၊ လုံခြုံရေးစနစ်၊ မီးဘေးအန္တရာယ်ကာကွယ်မှုစနစ်နှင့် သဘာဝဘေးဒဏ်ခံနိုင်မှုစနစ်များကို စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
အလားတူ သုမင်္ဂလာအဆင့်မြင့်ဈေးကြီးအတွင်း Branded ဆိုင်များ၊ Promotion Area ၊ Cart Shop Area Bank Area များ Super Market တစ်ခု မီနီမတ်ဆိုင်များ၊ စတိုးဆိုင်များ၊ အဝတ်အထည်နှင့် အလှကုန်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ စားသောက်ဆိုင်များ၊ အားကစားကွင်း (၁) ခု နှင့် ရုပ်ရှင်ရုံများကို ထည့်သွင်းတည်ဆောက်ထားသည့်အပြင် ယာဉ်ရပ်နားရန်နေရာများကိုလည်း စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက်ထားရှိကြောင်း သတင်းရရှိသည်။

သုမင်္ဂလာအဆင့်မြင့်ဈေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ျပင္ဦးလြင္တြင္ သုမဂၤလာအဆင့္ျမင့္ေဈး စတင္ဖြင့္လွစ္
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၈
မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕တြင္ သုမဂၤလာအဆင့္ျမင့္ေဈးကို ယမန္ေန႔ (ေဖ‌ေဖာ္ဝါရီ ၂၇ရက္) က စတင္၍ ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျပင္ဦးလြင္ၿမိဳ႕၊ သုမဂၤလာအဆင့္ျမင့္ေဈးအား ျပင္ဦးလြင္ၿမိဳ႕၏ လူေနထူထပ္မႈမ်ားျပားလာမႈ၊ အပန္းေျဖခရီးသြားလာမႈမ်ားျပားလာမႈႏွင့္ကိုက္ညီသည့္ အဆင့္ျမင့္ေဈးသစ္ႀကီးျဖစ္ေပၚလာေစရန္၊ ေခတ္စနစ္ႏွင့္အညီ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္လာမႈႏွင့္အတူ၊ ႏိုင္ငံတကာႏွင့္လိုက္ေလ်ာညီေထြမႈရွိသည့္ RC အဆင့္ျမင့္ ေဈးသစ္ႀကီးျဖစ္ေပၚလာေစရန္၊ ေဒသထြက္ကုန္ အေျခခံကုန္ပစၥည္းမ်ားကို တစ္ေနရာတည္းတြင္ တစ္စုတစ္ေဝးတည္း ေရာင္းဝယ္ေဖာက္ကားရရွိလာေစရန္၊ ေတာင္ေပၚေျမျပန႔္ ကုန္စည္စီးဆင္းမႈ ပိုမိုေကာင္းမြန္လာေစရန္ ႏိုင္ငံေတာ္အႀကီးအကဲ၏ လမ္းၫႊန္မႈျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေဈးသစ္ႀကီးသည္ RC အမ်ိဳးအစား (၆)ထပ္ အေဆာက္အဦျဖစ္ၿပီး ေဈးဝယ္သူမ်ား အဆင္ေျပစြာသြားလာႏိုင္ေစရန္အတြက္ စက္ေလွကား ၁၂ စင္း၊ ဓာတ္ေလွကား ၆ စင္း၊ ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ ဓာတ္အားေပးစနစ္၊ လုံၿခဳံေရးစနစ္၊ မီးေဘးအႏၲရာယ္ကာကြယ္မႈစနစ္ႏွင့္ သဘာဝေဘးဒဏ္ခံႏိုင္မႈစနစ္မ်ားကို စနစ္တက်ျဖင့္ ထည့္သြင္းတည္ေဆာက္ထားျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
အလားတူ သုမဂၤလာအဆင့္ျမင့္ေဈးႀကီးအတြင္း Branded ဆိုင္မ်ား၊ Promotion Area ၊ Cart Shop Area Bank Area မ်ား Super Market တစ္ခု မီနီမတ္ဆိုင္မ်ား၊ စတိုးဆိုင္မ်ား၊ အဝတ္အထည္ႏွင့္ အလွကုန္ဆိုင္မ်ား၊ ကုန္ေျခာက္ဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ား၊ အားကစားကြင္း (၁) ခု ႏွင့္ ႐ုပ္ရွင္႐ုံမ်ားကို ထည့္သြင္းတည္ေဆာက္ထားသည့္အျပင္ ယာဥ္ရပ္နားရန္ေနရာမ်ားကိုလည္း စနစ္တက်ျဖင့္ ထည့္သြင္းတည္ေဆာက္ထားရွိေၾကာင္း သတင္းရရွိသည္။

သုမဂၤလာအဆင့္ျမင့္ေဈးဖြင့္ပြဲအခမ္းအနားကို ယမန္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ရာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ဖြင့္လွစ္ေပးခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.