တူရကီလေတပ်ရဲ့ F-16 တိုက်လေယာဉ်တစ်စင်း ပျက်ကျ

 271

Pika (NP News) - ဖေဖော်ဝါရီ ၂၈

တူရကီလေတပ်ရဲ့ F-16 တိုက်လေယာဉ်တစ်စင်းဟာ လေ့ကျင့်ပျံသန်းမှုတစ်ခုလုပ်ဆောင်နေတုန်း တူရကီနိုင်ငံ အနောက်ပိုင်းမှာ ပျက်ကျသွားခဲ့ပြီး လေယာဉ်မှူးသေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းအာဏာပိုင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။
Balikesir မြို့မှာရှိတဲ့ 9th Main Jet Base Command မှာ တာဝန်ပေးအပ်ထားတဲ့ F-16 တိုက်လေယာဉ်ဟာ ပျံတက်ပြီး မကြာခင်မှာပဲ ရေဒီယိုဆက်သွယ်မှုပြတ်တောက်သွားပြီး ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ အာဏာပိုင် တွေက ပြောကြားခဲ့ပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပြီး လေယာဉ်အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် လေယာဉ် ဘာကြောင့််ပျက်ကျရသလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေတရားဝင်လုပ်ဆောင်သွားမယ်လို့ တူရကီအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တူရကီကာကွယ်ရေးဝန်ကြီးဌာနက “F-16 တိုက်လေယာဉ်တစ်စင်းဟာ လေ့ကျင့်ပျံသန်းမှုတစ်ခုအတွင်းမှာ ပျက်ကျသွားခဲ့ပါတယ်။ ဒီပျက်ကျမှုအတွင်း F-16 တိုက်လေယာဉ်ရဲ့လေယာဉ်မှူးလည်း သေဆုံးသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
တူရကီေလတပ္ရဲ႕ F-16 တိုက္ေလယာဥ္တစ္စင္း ပ်က္က်
Pika (NP News) - ေဖေဖာ္ဝါရီ ၂၈
တူရကီေလတပ္ရဲ႕ F-16 တိုက္ေလယာဥ္တစ္စင္းဟာ ေလ့က်င့္ပ်ံသန္းမႈတစ္ခုလုပ္ေဆာင္ေနတုန္း တူရကီႏိုင္ငံ အေနာက္ပိုင္းမွာ ပ်က္က်သြားခဲ့ၿပီး ေလယာဥ္မႉးေသဆုံးသြားခဲ့တယ္လို႔ ေဒသတြင္းအာဏာပိုင္ေတြက အတည္ျပဳေျပာၾကားခဲ့ပါတယ္။
Balikesir ၿမိဳ႕မွာရွိတဲ့ 9th Main Jet Base Command မွာ တာဝန္ေပးအပ္ထားတဲ့ F-16 တိုက္ေလယာဥ္ဟာ ပ်ံတက္ၿပီး မၾကာခင္မွာပဲ ေရဒီယိုဆက္သြယ္မႈျပတ္ေတာက္သြားၿပီး ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ အာဏာပိုင္ ေတြက ေျပာၾကားခဲ့ပါတယ္။ ေလယာဥ္ပ်က္က်ၿပီးေနာက္ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြက ရွာေဖြမႈေတြ လုပ္ေဆာင္ခဲ့ၿပီး ေလယာဥ္အပ်က္အစီးေတြကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္ ေလယာဥ္ ဘာေၾကာင့္္ပ်က္က်ရသလဲဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘဲ စုံစမ္းစစ္ေဆးမႈေတြတရားဝင္လုပ္ေဆာင္သြားမယ္လို႔ တူရကီအမ်ိဳးသား ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ တူရကီကာကြယ္ေရးဝန္ႀကီးဌာနက “F-16 တိုက္ေလယာဥ္တစ္စင္းဟာ ေလ့က်င့္ပ်ံသန္းမႈတစ္ခုအတြင္းမွာ ပ်က္က်သြားခဲ့ပါတယ္။ ဒီပ်က္က်မႈအတြင္း F-16 တိုက္ေလယာဥ္ရဲ႕ေလယာဥ္မႉးလည္း ေသဆုံးသြားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.