နျူကလီးယားလက်နက်တိုက်ကို ချဲ့ထွင်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကတိပြု

114

Pika (NP News) - ဖေဖော်ဝါရီ ၂၈
မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်တိုက်ကို ချဲ့ထွင်ရန် အာရုံစိုက်နေကြောင်းနှင့် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာရန် အလားအလာက အမေရိကန်၏ သဘောထားအပေါ် လုံးဝမူတည်နေ ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
မြောက်ကိုရီးယား၏ (၉)ကြိမ်မြောက်ကျင်းပသည့် အာဏာရအလုပ်သမားပါတီ၏ သီတင်းပတ်များစွာကြာ ကွန်ဂရက်အစည်းအဝေးကို ပြုံးယမ်းမြို့တွင် စစ်ရေးပြပွဲအခမ်းအနားဖြင့် အောင်မြင်စွာအဆုံးသတ်ခဲ့ပြီးနောက် ကင်ဂျုံအန်း၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် လာမည့်အချိန်(၅)နှစ်အတွက် အဓိကမူဝါဒပန်းတိုင်များ ချမှတ်ထားသောကြောင့် မြောက်ကိုရီးယား၏ နိုင်ငံတကာအဆင့်အတန်းမှာ ထူးထူးခြားခြားမြင့်တက်လာလိမ့်မည်ဟု ကင်ဂျုံအန်းက ပြောကြားခဲ့သည်။ ကင်ဂျုံအန်း က “မြောက်ကိုရီးယားရဲ့အမျိုးသားနျူကလီးယားစွမ်းအင်ကို ပိုမိုချဲ့ထွင်ပြီး အားကောင်းခိုင်မာလာစေ ဖို့နဲ့ နျူကလီးယားနိုင်ငံအဖြစ် ကျွန်တော်တို့ရဲ့အဆင့်အတန်းကို အပြည့်အဝကျင့်သုံးနိုင်ဖို့က အာဏာရ အလုပ်သမားပါတီရဲ့ခိုင်မာတဲ့ဆန္ဒပဲဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်အရေအတွက်ကို တိုးမြှင့်ဖို့နဲ့ နျူကလီးယား စစ်ဆင်ရေးနည်းလမ်းတွေကို ချဲ့ထွင်မယ့် စီမံကိန်းတွေကို ကျွန်တော်တို့ အာရုံစိုက်သွား မှာပါ” ဟု ပြောခဲ့သည်။
လက်ရှိအချိန်တွင် မြောက်ကိုရီးယားသည် နျူကလီးယားထိပ်ဖူး(၅၀)ခုဝန်းကျင် ပိုင်ဆိုင်ထားပြီး နောက်ထပ်(၄ဝ)ခု ထုတ်လုပ်ရန်အတွက် လုံလောက်သည့်အရင်းအမြစ်များ ပိုင်ဆိုင်ထားကာ ထုတ်လုပ်မှုများကို အရှိန်မြှင့်တင်နေ ကြောင်း တွေးခေါ်ပညာရှင် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) က ပြီးခဲ့သည့်နှစ်တွင် ခန့်မှန်းပြောဆိုခဲ့ဖူးသည်။

Zawgyi Version;
န်ဴကလီးယားလက္နက္တိုက္ကို ခ်ဲ႕ထြင္သြားမည္ဟု ေျမာက္ကိုရီးယားေခါင္းေဆာင္ ကတိျပဳ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၈
ေျမာက္ကိုရီးယား၏ န်ဴကလီးယားလက္နက္တိုက္ကို ခ်ဲ႕ထြင္ရန္ အာ႐ုံစိုက္ေနေၾကာင္းႏွင့္ အေမရိကန္ႏွင့္ ဆက္ဆံေရးတိုးတက္ေကာင္းမြန္လာရန္ အလားအလာက အေမရိကန္၏ သေဘာထားအေပၚ လုံးဝမူတည္ေန ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ေျမာက္ကိုရီးယား၏ (၉)ႀကိမ္ေျမာက္က်င္းပသည့္ အာဏာရအလုပ္သမားပါတီ၏ သီတင္းပတ္မ်ားစြာၾကာ ကြန္ဂရက္အစည္းအေဝးကို ၿပဳံးယမ္းၿမိဳ႕တြင္ စစ္ေရးျပပြဲအခမ္းအနားျဖင့္ ေအာင္ျမင္စြာအဆုံးသတ္ခဲ့ၿပီးေနာက္ ကင္ဂ်ဳံအန္း၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ထို႔ျပင္ လာမည့္အခ်ိန္(၅)ႏွစ္အတြက္ အဓိကမူဝါဒပန္းတိုင္မ်ား ခ်မွတ္ထားေသာေၾကာင့္ ေျမာက္ကိုရီးယား၏ ႏိုင္ငံတကာအဆင့္အတန္းမွာ ထူးထူးျခားျခားျမင့္တက္လာလိမ့္မည္ဟု ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့သည္။ ကင္ဂ်ဳံအန္း က “ေျမာက္ကိုရီးယားရဲ႕အမ်ိဳးသားန်ဴကလီးယားစြမ္းအင္ကို ပိုမိုခ်ဲ႕ထြင္ၿပီး အားေကာင္းခိုင္မာလာေစ ဖို႔နဲ႔ န်ဴကလီးယားႏိုင္ငံအျဖစ္ ကြၽန္ေတာ္တို႔ရဲ႕အဆင့္အတန္းကို အျပည့္အဝက်င့္သုံးႏိုင္ဖို႔က အာဏာရ အလုပ္သမားပါတီရဲ႕ခိုင္မာတဲ့ဆႏၵပဲျဖစ္ပါတယ္။ ေျမာက္ကိုရီးယားရဲ႕န်ဴကလီးယားလက္နက္အေရအတြက္ကို တိုးျမႇင့္ဖို႔နဲ႔ န်ဴကလီးယား စစ္ဆင္ေရးနည္းလမ္းေတြကို ခ်ဲ႕ထြင္မယ့္ စီမံကိန္းေတြကို ကြၽန္ေတာ္တို႔ အာ႐ုံစိုက္သြား မွာပါ” ဟု ေျပာခဲ့သည္။
လက္ရွိအခ်ိန္တြင္ ေျမာက္ကိုရီးယားသည္ န်ဴကလီးယားထိပ္ဖူး(၅၀)ခုဝန္းက်င္ ပိုင္ဆိုင္ထားၿပီး ေနာက္ထပ္(၄ဝ)ခု ထုတ္လုပ္ရန္အတြက္ လုံေလာက္သည့္အရင္းအျမစ္မ်ား ပိုင္ဆိုင္ထားကာ ထုတ္လုပ္မႈမ်ားကို အရွိန္ျမႇင့္တင္ေန ေၾကာင္း ေတြးေခၚပညာရွင္ စေတာ့ဟုမ္း ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး သုေတသနဌာန (SIPRI) က ၿပီးခဲ့သည့္ႏွစ္တြင္ ခန႔္မွန္းေျပာဆိုခဲ့ဖူးသည္။