(၈၄) ကြိမ်မြောက် အောင်ဘာလေသိန်းဆု ထီလက်မှတ်များ ရောင်းချရငွေ ကျပ်သန်းပေါင်း (၁၀,၀၀၀) ကျော် ရရှိ

287

Pearl (NP News) - ဖေဖော်ဝါရီ ၂၈
၂၀၂၆ ခုနှစ်၊ မတ် လ (၁) ရက်နေ့တွင် ကျင်းပမည့် (၈၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲ အတွက် ထီလက်မှတ်များကို “ က ” အက္ခရာမှ အစဉ်လိုက် “ ဍ ” အက္ခရာအထိ စုစုပေါင်း အက္ခရာ (၁၃) လုံးအား ခွဲဝေ ရောင်းချရာတွင် ထီစာအုပ် (၁ဝ၆၃၆၃၄) အုပ်အား ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထီလက်မှတ်များရောင်းချရငွေမှာ ကျပ် သန်း (၁ဝ၆၃၆.၃၄ဝ) ဖြစ်သဖြင့် ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၇၄၄၅.၄၃၈) ဖြစ်ကြောင်း သိရသည်။
(၈၃) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှ ဆုမဲတန်ဖိုးမပြည့်မီသည့် ကျပ် သန်း (ဝ.၅၉၈) အား ပေါင်းထည့်ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် ခွဲဝေချီးမြှင့်ပေးမည့်ထီဆုငွေစုစုပေါင်းမှာ ကျပ်သန်း (၇၄၄၆.ဝ၃၆) ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၇၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ် သန်း (၂၅ဝ.ဝဝဝ) ကို ပြန်လည်ချီးမြှင့်ပေးမည့် ထီဆုငွေတို့မှ အထူးဆုကြီး အဖြစ် ကျပ်သိန်းငါးထောင် (၁) ဆု၊ ကျပ်သိန်း နှစ်ထောင် (၂) ဆု၊ ကျပ်သိန်းတစ်ထောင် (၃) ဆု အပါအဝင် ဆုတစ်ဆုချင်း နှင့် ဝေဝေဆာဆာပဒေသာဆုမဲ များစွာကိုလည်းကောင်း ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀,၀၀၀) မှ ချီးမြင့်သည့်ဆုများကိုလည်းကောင်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် (၃၃) ကြိမ်မြောက် ကျပ် ၁၀ဝဝ တန် အောင်ဘာလေအွန်လိုင်းဂဏန်း (၅) လုံးသိန်းဆုထီဖွင့်ပွဲကို ၂ဝ၂၆ ခုနှစ်၊ မတ်လ (၁) ရက် နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ အောင်ဘာလေအွန်လိုင်းဂဏန်း (၅) လုံးသိန်းဆုထီလက်မှတ်များ၏ စုစုပေါင်းရောင်းရငွေ အပေါ်မှ (၇၀) ရာခိုင်နှုန်းအား ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ သည်။
(၈၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို မတ်လ (၁)ရက်နေ့ ၊ မနက် (၈) နာရီအချိန်တွင်လည်းကောင်း၊ (၃၃) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းဂဏန်း (၅) လုံးသိန်းဆုထီဖွင့်ပွဲကို နေ့လည် (၂) နာရီအချိန်တွင်လည်းကောင်း အမှတ်(၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိအောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
(၈၄) ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆု ထီလက္မွတ္မ်ား ေရာင္းခ်ရေငြ က်ပ္သန္းေပါင္း (၁၀,၀၀၀) ေက်ာ္ ရရွိ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၈
၂၀၂၆ ခုႏွစ္၊ မတ္ လ (၁) ရက္ေန႔တြင္ က်င္းပမည့္ (၈၄) ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲ အတြက္ ထီလက္မွတ္မ်ားကို “ က ” အကၡရာမွ အစဥ္လိုက္ “ ဍ ” အကၡရာအထိ စုစုေပါင္း အကၡရာ (၁၃) လုံးအား ခြဲေဝ ေရာင္းခ်ရာတြင္ ထီစာအုပ္ (၁ဝ၆၃၆၃၄) အုပ္အား ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထီလက္မွတ္မ်ားေရာင္းခ်ရေငြမွာ က်ပ္ သန္း (၁ဝ၆၃၆.၃၄ဝ) ျဖစ္သျဖင့္ ၇၀ ရာခိုင္ႏႈန္း ခြဲေဝခ်ီးျမႇင့္ေပးမည့္ ထီဆုေငြမွာ က်ပ္သန္း (၇၄၄၅.၄၃၈) ျဖစ္ေၾကာင္း သိရသည္။
(၈၃) ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲမွ ဆုမဲတန္ဖိုးမျပည့္မီသည့္ က်ပ္ သန္း (ဝ.၅၉၈) အား ေပါင္းထည့္ဖြင့္လွစ္သြားမည္ျဖစ္သျဖင့္ ခြဲေဝခ်ီးျမႇင့္ေပးမည့္ထီဆုေငြစုစုေပါင္းမွာ က်ပ္သန္း (၇၄၄၆.ဝ၃၆) ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ၇၀% ခြဲေဝခ်ီးျမႇင့္ေပးမည့္ ထီဆုေငြမ်ားႏွင့္ ဘ႑ာသိမ္းရေငြ က်ပ္ သန္း (၂၅ဝ.ဝဝဝ) ကို ျပန္လည္ခ်ီးျမႇင့္ေပးမည့္ ထီဆုေငြတို႔မွ အထူးဆုႀကီး အျဖစ္ က်ပ္သိန္းငါးေထာင္ (၁) ဆု၊ က်ပ္သိန္း ႏွစ္ေထာင္ (၂) ဆု၊ က်ပ္သိန္းတစ္ေထာင္ (၃) ဆု အပါအဝင္ ဆုတစ္ဆုခ်င္း ႏွင့္ ေဝေဝဆာဆာပေဒသာဆုမဲ မ်ားစြာကိုလည္းေကာင္း ဘ႑ာသိမ္းရေငြ က်ပ္သန္း (၂၅၀,၀၀၀) မွ ခ်ီးျမင့္သည့္ဆုမ်ားကိုလည္းေကာင္း ခ်ီးျမႇင့္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ (၃၃) ႀကိမ္ေျမာက္ က်ပ္ ၁၀ဝဝ တန္ ေအာင္ဘာေလအြန္လိုင္းဂဏန္း (၅) လုံးသိန္းဆုထီဖြင့္ပြဲကို ၂ဝ၂၆ ခုႏွစ္၊ မတ္လ (၁) ရက္ ေန႔တြင္ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး၊ ေအာင္ဘာေလအြန္လိုင္းဂဏန္း (၅) လုံးသိန္းဆုထီလက္မွတ္မ်ား၏ စုစုေပါင္းေရာင္းရေငြ အေပၚမွ (၇၀) ရာခိုင္ႏႈန္းအား ဆုမဲအျဖစ္ ျပန္လည္ခြဲေဝခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။ သည္။
(၈၄) ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲကို မတ္လ (၁)ရက္ေန႔ ၊ မနက္ (၈) နာရီအခ်ိန္တြင္လည္းေကာင္း၊ (၃၃) ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ ေအာင္ဘာေလအြန္လိုင္းဂဏန္း (၅) လုံးသိန္းဆုထီဖြင့္ပြဲကို ေန႔လည္ (၂) နာရီအခ်ိန္တြင္လည္းေကာင္း အမွတ္(၃၈၄)၊ မဟာဗႏၶဳလလမ္းႏွင့္ (၃၇) လမ္းေထာင့္၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိေအာင္ဘာေလသိန္းဆုဌာနခြဲ၊ ထီဖြင့္ပြဲခန္းမ၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။