နိုင်ဂျီးရီးယားနိုင်ငံမှာ အစွန်းရောက်အဖွဲ့တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၂၅)ဦးသေဆုံး

 55

Pika (NP News) - ဖေဖော်ဝါရီ ၂၈

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Adamawa ပြည်နယ်မှာ အစွန်းရောက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှု(၂)ခု ကြောင့် အနည်းဆုံးလူ(၂၅)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို Boko Haram အစွန်းရောက် အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး (၂၀၀၉)ခုနှစ်မှာ အကြမ်းဖက်ပုန်ကန်မှုတွေ စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အဲဒီဒေသမှာ အကြမ်းဖက်တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ တာဝန်ရှိသူတစ်ဦးက “Boko Haramအစွန်းရောက်အဖွဲ့ကလို့ ယူဆရတဲ့သေနတ်သမားတွေဟာ မော်တော် ဆိုင်ကယ်တွေနဲ့ဈေးတစ်ခုကို ဝင်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ အနည်းဆုံးလူ(၂၁)ဦး သေဆုံးခဲ့ ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် လက်ရှိအချိန်အထိ နောက်ထပ်ရုပ်အလောင်းတွေကို ရှာဖွေနေဆဲဖြစ်ပြီး သေနတ်ဒဏ်ရာတွေကြောင့် ချုံပုတ်တွေထဲမှာ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေလည်း ရှိနေနိုင်ဆဲဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူတွေဟာ အခြားဈေးတစ်ခုကိုလည်း ဝင်ရောက်လုယက်တာမျိုးတွေ လုပ်ဆောင်ခဲ့ပြီး အစားအသောက်တွေနဲ့မော်တော်ဆိုင်ကယ်တွေကို ခိုးယူခဲ့ကြတယ်လို့လည်း သတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ အစြန္းေရာက္အဖြဲ႕ေတြရဲ႕အၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၂၅)ဦးေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၈
ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာရွိတဲ့ Adamawa ျပည္နယ္မွာ အစြန္းေရာက္အဖြဲ႕ေတြရဲ႕ တိုက္ခိုက္မႈ(၂)ခု ေၾကာင့္ အနည္းဆုံးလူ(၂၅)ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ အဲဒီတိုက္ခိုက္မႈေတြကို Boko Haram အစြန္းေရာက္ အဖြဲ႕က လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး (၂၀၀၉)ခုႏွစ္မွာ အၾကမ္းဖက္ပုန္ကန္မႈေတြ စတင္ခဲ့ၿပီးေနာက္ပိုင္းကတည္းက အဲဒီေဒသမွာ အၾကမ္းဖက္တိုက္ခိုက္တာေတြကို ဆက္တိုက္လုပ္ေဆာင္ေနခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ တာဝန္ရွိသူတစ္ဦးက “Boko Haramအစြန္းေရာက္အဖြဲ႕ကလို႔ ယူဆရတဲ့ေသနတ္သမားေတြဟာ ေမာ္ေတာ္ ဆိုင္ကယ္ေတြနဲ႔ေဈးတစ္ခုကို ဝင္တိုက္ခိုက္ခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈအတြင္းမွာ အနည္းဆုံးလူ(၂၁)ဦး ေသဆုံးခဲ့ ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ လက္ရွိအခ်ိန္အထိ ေနာက္ထပ္႐ုပ္အေလာင္းေတြကို ရွာေဖြေနဆဲျဖစ္ၿပီး ေသနတ္ဒဏ္ရာေတြေၾကာင့္ ခ်ဳံပုတ္ေတြထဲမွာ ေသဆုံးသြားတဲ့ ႐ုပ္အေလာင္းေတြလည္း ရွိေနႏိုင္ဆဲျဖစ္တယ္လို႔ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ အၾကမ္းဖက္တိုက္ခိုက္သူေတြဟာ အျခားေဈးတစ္ခုကိုလည္း ဝင္ေရာက္လုယက္တာမ်ိဳးေတြ လုပ္ေဆာင္ခဲ့ၿပီး အစားအေသာက္ေတြနဲ႔ေမာ္ေတာ္ဆိုင္ကယ္ေတြကို ခိုးယူခဲ့ၾကတယ္လို႔လည္း သတင္းရင္းျမစ္ တစ္ခုက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.