ကျူးကျော်သူများရဲ့တိုက်ခိုက်မှုကို ဖျက်ဆီးနိုင်ခဲ့ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြော

73

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၈
ပါကစ္စတန်ဝန်ကြီးချုပ်က ၄င်းတို့ နိုင်ငံအနေနဲ့ ကျူးကျော်သူများရဲ့ရည်မှန်းချက်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဖန်ဂန်နစ္စတန် တာလီဘန်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပါပစ္စတန်နိုင်ငံကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဖြစ်လာခဲ့ပါတယ်။ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကလည်း အာဖန်ဂန်တာလီဘန် နဲ့ စစ်ပွဲ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
ပါကစ္စတန်ဟာ အာဖန်ဂန်နစ္စတန် နိုင်ငံကို လေကြောင်းတိုက်ခိုက်မှု အများအပြားလုပ်ဆောင်ခဲ့ပြီး မြို့တော် ကဘူးလ်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တာလီဘန်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ နယ်စပ်ဒေသရှိ ပါကစ္စဆန်စစ်အခြေစိုက်စခန်းများကို အလစ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန် နဲ့ တာလီဘန်ကြား ဖြစ်ပွားနေတဲ့စစ်ပွဲများကို အဆုံးသတ်ဖို့ တရုတ်၊ ဆော်ဒီအာရေဗျ၊ အီရန် နဲ့ ကုလသမဂ္ဂတို့က တိုက်တွန်းတောင်းဆိုနေတယ်လို့ သိရပါတယ်။
အီရန်နိုင်ငံက စစ်ပွဲရပ်တန့်အောင် ကြားဝင်စေ့စပ်ပေးဖို့ ကမ်းလှမ်းထားပါတယ်။ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး က ၄င်းတို့အနေနဲ့ ကျူးကျော်ဖို့ ကြိုးပမ်းသူများကို အပြစ်ပေးတိုက်ခိုက်သွားရမယ်လို့ ပြောပါတယ်။ ပါကစ္စတန် ဗိုလ်ချုပ်ကြီးတစ်ဦးက အာဖန်ဂန်နစ္စတန်ပိုင်နက်များကို ညလုံးပေါက် လေကြောင်းတိုက်ခိုက်ခဲ့ရာ တာလီဘန် အဖွဲ့ဝင် ၂၅၀ ကျော်သေဆုံးခဲ့ပြီး ၄၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။

Zawgyi Version;
က်ဴးေက်ာ္သူမ်ားရဲ႕တိုက္ခိုက္မႈကို ဖ်က္ဆီးႏိုင္ခဲ့ဟု ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၈
ပါကစၥတန္ဝန္ႀကီးခ်ဳပ္က ၄င္းတို႔ ႏိုင္ငံအေနနဲ႔ က်ဴးေက်ာ္သူမ်ားရဲ႕ရည္မွန္းခ်က္ကို ဖ်က္ဆီးႏိုင္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ အာဖန္ဂန္နစၥတန္ တာလီဘန္ေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ပါပစၥတန္ႏိုင္ငံကို တိုက္ခိုက္ခဲ့ရာ တိုက္ပြဲမ်ား ျဖစ္လာခဲ့ပါတယ္။ ပါကစၥတန္ကာကြယ္ေရးဝန္ႀကီးကလည္း အာဖန္ဂန္တာလီဘန္ နဲ႔ စစ္ပြဲ ျဖစ္ပြားေနတယ္လို႔ ေျပာပါတယ္။
ပါကစၥတန္ဟာ အာဖန္ဂန္နစၥတန္ ႏိုင္ငံကို ေလေၾကာင္းတိုက္ခိုက္မႈ အမ်ားအျပားလုပ္ေဆာင္ခဲ့ၿပီး ၿမိဳ႕ေတာ္ ကဘူးလ္ၿမိဳ႕ကို ေလေၾကာင္းတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။ တာလီဘန္အဖြဲ႕ေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ နယ္စပ္ေဒသရွိ ပါကစၥဆန္စစ္အေျခစိုက္စခန္းမ်ားကို အလစ္တိုက္ခိုက္ခဲ့ရာ တိုက္ပြဲမ်ား ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ ပါကစၥတန္ နဲ႔ တာလီဘန္ၾကား ျဖစ္ပြားေနတဲ့စစ္ပြဲမ်ားကို အဆုံးသတ္ဖို႔ တ႐ုတ္၊ ေဆာ္ဒီအာေရဗ်၊ အီရန္ နဲ႔ ကုလသမဂၢတို႔က တိုက္တြန္းေတာင္းဆိုေနတယ္လို႔ သိရပါတယ္။
အီရန္ႏိုင္ငံက စစ္ပြဲရပ္တန္႔ေအာင္ ၾကားဝင္ေစ့စပ္ေပးဖို႔ ကမ္းလွမ္းထားပါတယ္။ ပါကစၥတန္ ကာကြယ္ေရးဝန္ႀကီး က ၄င္းတို႔အေနနဲ႔ က်ဴးေက်ာ္ဖို႔ ႀကိဳးပမ္းသူမ်ားကို အျပစ္ေပးတိုက္ခိုက္သြားရမယ္လို႔ ေျပာပါတယ္။ ပါကစၥတန္ ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးက အာဖန္ဂန္နစၥတန္ပိုင္နက္မ်ားကို ညလုံးေပါက္ ေလေၾကာင္းတိုက္ခိုက္ခဲ့ရာ တာလီဘန္ အဖြဲ႕ဝင္ ၂၅၀ ေက်ာ္ေသဆုံးခဲ့ၿပီး ၄၀၀ ေက်ာ္ ဒဏ္ရာရခဲ့ေၾကာင္း ေျပာပါတယ္။