အစ္စရေးလွှတ်တော်တွင် သမိုင်းဝင် မိန့်ခွန်းပြောခွင့်ရသည့် ပထမဆုံးအိန္ဒိယဝန်ကြီးချုပ်ဖြစ်လာသူ မိုဒီ

102

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၈
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ဖေဖော်ဝါရီလ ၂၅ ရက်က အစ္စရေးနိုင်ငံသို့သွားရောက်ခဲ့ပြီး အစ္စရေး လွှတ်တော်တွင် သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့ရာ မိုဒီသည် အစ္စရေးလွှတ်တော်တွင် မိန့်ခွန်းပြောကြားခွင့်ရသည့် ပထမဆုံး အိန္ဒိယဝန်ကြီးချုပ်ဖြစ်လာခဲ့ကြောင်း သိရသည်။ The Jerusalem Post ၏ ဖော်ပြချက်အရ အိန္ဒိယ၏ ကာကွယ်ရေးအင်အားသည် အလွန်လျင်မြန်စွာ တိုးတက်လျက်ရှိပြီး ဒေသတွင်းသာမက ကမ္ဘာ့အဆင့်တွင်ပါ ဩဇာသက်ရောက်လာပြီဖြစ်ကြောင်း သိရသည်။
ရာဂျက်စသန် (Rajasthan) သဲကန္တာရအတွင်း ပြုလုပ်ခဲ့သော ကျည်အစစ်ဖြင့်ပစ်ခတ်လေ့ကျင့်သည့် စစ်ရေး လေ့ကျင့်မှုများတွင် အိန္ဒိယတပ်မတော်၏ တိကျမှုနှင့် ခေတ်မီလက်နက်အင်အားကိုတွေ့မြင်ရသည်ဟု ဆိုသည်။
အိန္ဒိယသမုဒ္ဒရာအတွင်း စစ်သင်္ဘောအစင်း (၁၀၀) ခန့် ပါဝင်ချီတက်ပြသခဲ့သည့် ရေတပ်စစ်ရေးပြပွဲသည် အိန္ဒိယ ၏ ရေကြောင်းစိုးမိုးနိုင်စွမ်းနှင့် မဟာဗျူဟာမြောက် ရေတပ်အင်အား ကြီးထွားလာမှုကို ကမ္ဘာကိုသိစေခဲ့သည့် လုပ်ရပ် ဖြစ်လာခဲ့ကြောင်း သိရသည်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီက အကြမ်းဖက်ဝါဒကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး "အိန္ဒိယသည် အစ္စရေးနှင့်အတူ အခိုင်အမာ ရပ်တည်လျက်ရှိကြောင်း" ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံကြား နှစ်ပေါင်း (၂၀၀၀) ကျော် ရှည်ကြာခဲ့သော သမိုင်းဝင် ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေး ဆက်နွယ်မှုများကို ဝန်ကြီးချုပ် မိုဒီက ပြောသည်။ အစ္စရေးလွှတ်တော်ကလည်း ဝန်ကြီးချုပ်မိုဒီ၏ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးတည်ဆောက်မှုအပေါ် အသိအမှတ်ပြုသောအားဖြင့် လွှတ်တော်၏ အမြင့်ဆုံး ဆုဖြစ်သော "Speaker of the Knesset Medal" ကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အစၥေရးလႊတ္ေတာ္တြင္ သမိုင္းဝင္ မိန္႔ခြန္းေျပာခြင့္ရသည့္ ပထမဆုံးအိႏၵိယဝန္ႀကီးခ်ဳပ္ျဖစ္လာသူ မိုဒီ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၈
အိႏၵိယဝန္ႀကီးခ်ဳပ္ နရင္ဒရာမိုဒီသည္ ေဖေဖာ္ဝါရီလ ၂၅ ရက္က အစၥေရးႏိုင္ငံသို႔သြားေရာက္ခဲ့ၿပီး အစၥေရး လႊတ္ေတာ္တြင္ သမိုင္းဝင္မိန႔္ခြန္းေျပာၾကားခဲ့ရာ မိုဒီသည္ အစၥေရးလႊတ္ေတာ္တြင္ မိန႔္ခြန္းေျပာၾကားခြင့္ရသည့္ ပထမဆုံး အိႏၵိယဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ေၾကာင္း သိရသည္။ The Jerusalem Post ၏ ေဖာ္ျပခ်က္အရ အိႏၵိယ၏ ကာကြယ္ေရးအင္အားသည္ အလြန္လ်င္ျမန္စြာ တိုးတက္လ်က္ရွိၿပီး ေဒသတြင္းသာမက ကမာၻ႔အဆင့္တြင္ပါ ဩဇာသက္ေရာက္လာၿပီျဖစ္ေၾကာင္း သိရသည္။
ရာဂ်က္စသန္ (Rajasthan) သဲကႏၲာရအတြင္း ျပဳလုပ္ခဲ့ေသာ က်ည္အစစ္ျဖင့္ပစ္ခတ္ေလ့က်င့္သည့္ စစ္ေရး ေလ့က်င့္မႈမ်ားတြင္ အိႏၵိယတပ္မေတာ္၏ တိက်မႈႏွင့္ ေခတ္မီလက္နက္အင္အားကိုေတြ႕ျမင္ရသည္ဟု ဆိုသည္။
အိႏၵိယသမုဒၵရာအတြင္း စစ္သေဘၤာအစင္း (၁၀၀) ခန႔္ ပါဝင္ခ်ီတက္ျပသခဲ့သည့္ ေရတပ္စစ္ေရးျပပြဲသည္ အိႏၵိယ ၏ ေရေၾကာင္းစိုးမိုးႏိုင္စြမ္းႏွင့္ မဟာဗ်ဴဟာေျမာက္ ေရတပ္အင္အား ႀကီးထြားလာမႈကို ကမာၻကိုသိေစခဲ့သည့္ လုပ္ရပ္ ျဖစ္လာခဲ့ေၾကာင္း သိရသည္။ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက အၾကမ္းဖက္ဝါဒကို ျပင္းထန္စြာ ရႈတ္ခ်ခဲ့ၿပီး "အိႏၵိယသည္ အစၥေရးႏွင့္အတူ အခိုင္အမာ ရပ္တည္လ်က္ရွိေၾကာင္း" ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
ထို႔အျပင္ ႏွစ္ႏိုင္ငံၾကား ႏွစ္ေပါင္း (၂၀၀၀) ေက်ာ္ ရွည္ၾကာခဲ့ေသာ သမိုင္းဝင္ ယဥ္ေက်းမႈႏွင့္ ကုန္သြယ္ေရး ဆက္ႏြယ္မႈမ်ားကို ဝန္ႀကီးခ်ဳပ္ မိုဒီက ေျပာသည္။ အစၥေရးလႊတ္ေတာ္ကလည္း ဝန္ႀကီးခ်ဳပ္မိုဒီ၏ ႏွစ္ႏိုင္ငံ မဟာဗ်ဴဟာေျမာက္ ဆက္ဆံေရးတည္ေဆာက္မႈအေပၚ အသိအမွတ္ျပဳေသာအားျဖင့္ လႊတ္ေတာ္၏ အျမင့္ဆုံး ဆုျဖစ္ေသာ "Speaker of the Knesset Medal" ကို ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။