အီရန်အပေါ် စစ်ရေးအရ အရေးယူရန် လိုအပ်ပါက လုပ်ဆောင်ရမည်ဟု သမ္မတဒေါ်နယ်ထရမ့် သတိပေး

 38

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၈

အီရန်အပေါ် စစ်ရေးအင်အားအသုံးပြုရန် မလုပ်ချင်သော်လည်း တစ်ခါတစ်ရံတွင် လုပ်ဆောင်ရတတ်သည်" ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက တက္ကဆက်ပြည်နယ်၊ ကော်ပတ်စ်ခရစ္စတီမြို့သို့ ခရီးမထွက်ခွာမီ အိမ်ဖြူတော်မှအထွက်တွင်သတင်းထောက်များနှင့် တွေ့ဆုံစဉ် သမ္မတထရမ့်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
အီရန်အစိုးရ၏ လုပ်ရပ်များအပေါ် စိတ်ပျက်မိကြောင်း စစ်ရေးအရ အရေးယူမည့်လမ်းစဉ်ကို ပထမဦးစားပေး အဖြစ် မရွေးချယ်လိုကြောင်း အမေရိကန်သမ္မတက ပြောသည်။ အီရန်၏ အပြုအမူများကို တားဆီးရန် လိုအပ်လာ ပါက စစ်ရေးနည်းလမ်းကို ချန်လှပ်ထားမည်မဟုတ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အီရန်အစိုးရနှင့် နောက်ထပ် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတက ပြောသည်။
သမ္မတထရမ့်၏ သတိပေးချက်သည် အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်ရေတပ်နှင့် လေတပ်တို့က စစ်ရေး အင်အားဖြည့်တင်းမှုများ အကြီးအကျယ်ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်နေကြောင်း သိရသည်။ အမေရိကန်သည် လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းဒေသတွင် ဆယ်စုနှစ်အတွင်း အကြီးမားဆုံး စစ်ရေးဖြည့်တင်းထားကြောင်း သိရသည်။

Zawgyi Version;
အီရန္အေပၚ စစ္ေရးအရ အေရးယူရန္ လိုအပ္ပါက လုပ္ေဆာင္ရမည္ဟု သမၼတေဒၚနယ္ထရမ့္ သတိေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၈
အီရန္အေပၚ စစ္ေရးအင္အားအသုံးျပဳရန္ မလုပ္ခ်င္ေသာ္လည္း တစ္ခါတစ္ရံတြင္ လုပ္ေဆာင္ရတတ္သည္" ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က သတိေပးလိုက္သည္။ ၿပီးခဲ့သည့္ရက္ပိုင္းက တကၠဆက္ျပည္နယ္၊ ေကာ္ပတ္စ္ခရစၥတီၿမိဳ႕သို႔ ခရီးမထြက္ခြာမီ အိမ္ျဖဴေတာ္မွအထြက္တြင္သတင္းေထာက္မ်ားႏွင့္ ေတြ႕ဆုံစဥ္ သမၼတထရမ့္က ယခုကဲ့သို႔ မွတ္ခ်က္ျပဳခဲ့ျခင္းျဖစ္သည္။
အီရန္အစိုးရ၏ လုပ္ရပ္မ်ားအေပၚ စိတ္ပ်က္မိေၾကာင္း စစ္ေရးအရ အေရးယူမည့္လမ္းစဥ္ကို ပထမဦးစားေပး အျဖစ္ မေ႐ြးခ်ယ္လိုေၾကာင္း အေမရိကန္သမၼတက ေျပာသည္။ အီရန္၏ အျပဳအမူမ်ားကို တားဆီးရန္ လိုအပ္လာ ပါက စစ္ေရးနည္းလမ္းကို ခ်န္လွပ္ထားမည္မဟုတ္ေၾကာင္း၊ တစ္ခ်ိန္တည္းမွာပင္ အီရန္အစိုးရႏွင့္ ေနာက္ထပ္ ေဆြးေႏြးပြဲမ်ား ဆက္လက္လုပ္ေဆာင္သြားရန္ ေမွ်ာ္လင့္ထားေၾကာင္း အေမရိကန္သမၼတက ေျပာသည္။
သမၼတထရမ့္၏ သတိေပးခ်က္သည္ အေရွ႕အလယ္ပိုင္းေဒသ၌ အေမရိကန္ေရတပ္ႏွင့္ ေလတပ္တို႔က စစ္ေရး အင္အားျဖည့္တင္းမႈမ်ား အႀကီးအက်ယ္ျပဳလုပ္ေနခ်ိန္ႏွင့္ တိုက္ဆိုင္ေနေၾကာင္း သိရသည္။ အေမရိကန္သည္ လက္ရွိအခ်ိန္တြင္ အေရွ႕အလယ္ပိုင္းေဒသတြင္ ဆယ္စုႏွစ္အတြင္း အႀကီးမားဆုံး စစ္ေရးျဖည့္တင္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.