ကျူးဘားကို "မိတ်ဆွေအဖြစ် သိမ်းပိုက်မှုပြုလုပ်နိုင်ခြေရှိကြောင်း သမ္မတ ထရမ့် ထုတ်ဖော်ပြောကြား

61

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘားနိုင်ငံအနေဖြင့် စီးပွားရေးအရအကျပ်အတည်း ကြုံတွေ့နေရပြီ ဖြစ်ရာ အမေရိကန်က "မိတ်ဆွေအဖြစ် သိမ်းပိုက်မှု (Friendly Takeover)" ပြုလုပ်နိုင်ခြေရှိသည်ဟု ဖေဖော်ဝါရီ ၂၇ ရက် တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ကျူးဘားအစိုးရ နှင့် အလွန်အဆင့်မြင့်သည့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သမ္မတထရမ့်က အတည်ပြုခဲ့သည်။
သမ္မတထရမ့်က "ကျူးဘားအစိုးရက ကျွန်တော်တို့နဲ့ စကားပြောနေပါတယ်။ သူတို့ဆီမှာ ပိုက်ဆံမရှိတော့ဘူး၊ ဘာမှကို မရှိတော့တဲ့ အနေအထားပါ။ သူတို့အကြီးအကျယ် ဒုက္ခရောက်နေပါပြီ" ဟု ပြောကြားခဲ့သည်။
"Friendly Takeover" ၏ ဆိုလိုရင်းနှင့် ပတ်သက်ပြီး တိကျသော အဓိပ္ပာယ်ကို ရှင်းလင်းစွာ မပြောခဲ့သော်လည်း၊ ယခုအခြေအနေသည် အမေရိကန်သို့ရောက်ရှိနေသော ကျူးဘားပြည်ပြေးများ နှင့် ဒုက္ခသည်များအတွက် "အလွန် ကောင်းမွန်သည့်အပြုသဘောဆောင်သောရလဒ်" ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သမ္မတ ထရမ့်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက ဗင်နီဇွဲလားသမ္မတ နီကိုးလတ်စ်မာဒူရို ကို အမေရိကန်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း၊ ဗင်နီဇွဲလားမှ ကျူးဘားသို့ ရေနံတင်ပို့မှုများ ရပ်တန့်သွားခဲ့ပြီး အမေရိကန်၏ စွမ်းအင်ပိတ်ဆို့မှုများ ကြောင့် ကျူးဘား၏ စီးပွားရေးသည် ပြိုလဲလုနီးပါးဖြစ်နေကြောင်း သမ္မတထရမ့်က မျှော်လင့်နေသသည်။
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်က စစ်ရေးလှုပ်ရှားမှုများ ကြီးမားစွာပြုလုပ်နေချိန် နှင့် တစ်ပြိုင်နက်တည်းမှာပင် အမေရိကန်၏ အိမ်နီးချင်း ကျူးဘားနိုင်ငံအပေါ်၌ပါ ယခုကဲ့သို့ စီးပွားရေးနှင့် သံတမန်ရေးအရ ပြင်းပြင်းထန်ထန် ဖိအားပေးပြီး 'Friendly Takeover' ဟူသော စကားလုံးကို သုံးစွဲလာခြင်းသည် ကမ္ဘာ့ပထဝီနိုင်ငံရေး အခင်းအကျင်းတွင် အမေရိကန်၏ လက်ရှိ မဟာဗျူဟာမြောက် ခြေလှမ်းများကို ပိုမို ပေါ်လွင်စေကြောင်း သိရသည်။

Zawgyi Version;
က်ဴးဘားကို "မိတ္ေဆြအျဖစ္ သိမ္းပိုက္မႈျပဳလုပ္ႏိုင္ေျခရွိေၾကာင္း သမၼတ ထရမ့္ ထုတ္ေဖာ္ေျပာၾကား
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၈
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က က်ဴးဘားႏိုင္ငံအေနျဖင့္ စီးပြားေရးအရအက်ပ္အတည္း ႀကဳံေတြ႕ေနရၿပီ ျဖစ္ရာ အေမရိကန္က "မိတ္ေဆြအျဖစ္ သိမ္းပိုက္မႈ (Friendly Takeover)" ျပဳလုပ္ႏိုင္ေျခရွိသည္ဟု ေဖေဖာ္ဝါရီ ၂၇ ရက္ တြင္ ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုသည္ က်ဴးဘားအစိုးရ ႏွင့္ အလြန္အဆင့္ျမင့္သည့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနေၾကာင္း သမၼတထရမ့္က အတည္ျပဳခဲ့သည္။
သမၼတထရမ့္က "က်ဴးဘားအစိုးရက ကြၽန္ေတာ္တို႔နဲ႔ စကားေျပာေနပါတယ္။ သူတို႔ဆီမွာ ပိုက္ဆံမရွိေတာ့ဘူး၊ ဘာမွကို မရွိေတာ့တဲ့ အေနအထားပါ။ သူတို႔အႀကီးအက်ယ္ ဒုကၡေရာက္ေနပါၿပီ" ဟု ေျပာၾကားခဲ့သည္။
"Friendly Takeover" ၏ ဆိုလိုရင္းႏွင့္ ပတ္သက္ၿပီး တိက်ေသာ အဓိပၸာယ္ကို ရွင္းလင္းစြာ မေျပာခဲ့ေသာ္လည္း၊ ယခုအေျခအေနသည္ အေမရိကန္သို႔ေရာက္ရွိေနေသာ က်ဴးဘားျပည္ေျပးမ်ား ႏွင့္ ဒုကၡသည္မ်ားအတြက္ "အလြန္ ေကာင္းမြန္သည့္အျပဳသေဘာေဆာင္ေသာရလဒ္" ျဖစ္လာႏိုင္ဖြယ္ရွိေၾကာင္း သမၼတ ထရမ့္က ေျပာသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလက ဗင္နီဇြဲလားသမၼတ နီကိုးလတ္စ္မာဒူ႐ို ကို အေမရိကန္က ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီး ေနာက္ပိုင္း၊ ဗင္နီဇြဲလားမွ က်ဴးဘားသို႔ ေရနံတင္ပို႔မႈမ်ား ရပ္တန႔္သြားခဲ့ၿပီး အေမရိကန္၏ စြမ္းအင္ပိတ္ဆို႔မႈမ်ား ေၾကာင့္ က်ဴးဘား၏ စီးပြားေရးသည္ ၿပိဳလဲလုနီးပါးျဖစ္ေနေၾကာင္း သမၼတထရမ့္က ေမွ်ာ္လင့္ေနသသည္။
အေရွ႕အလယ္ပိုင္းေဒသတြင္ အေမရိကန္က စစ္ေရးလႈပ္ရွားမႈမ်ား ႀကီးမားစြာျပဳလုပ္ေနခ်ိန္ ႏွင့္ တစ္ၿပိဳင္နက္တည္းမွာပင္ အေမရိကန္၏ အိမ္နီးခ်င္း က်ဴးဘားႏိုင္ငံအေပၚ၌ပါ ယခုကဲ့သို႔ စီးပြားေရးႏွင့္ သံတမန္ေရးအရ ျပင္းျပင္းထန္ထန္ ဖိအားေပးၿပီး 'Friendly Takeover' ဟူေသာ စကားလုံးကို သုံးစြဲလာျခင္းသည္ ကမာၻ႔ပထဝီႏိုင္ငံေရး အခင္းအက်င္းတြင္ အေမရိကန္၏ လက္ရွိ မဟာဗ်ဴဟာေျမာက္ ေျခလွမ္းမ်ားကို ပိုမို ေပၚလြင္ေစေၾကာင္း သိရသည္။