စစ်ကိုင်း -ရွှေဘိုလမ်းတွင် PDF ထောင်ထားသည့် မိုင်းကြောင့် ဆွမ်းခံပြန်လာသော သီလရှင်(၁)ပါး ကွယ်လွန်

 250

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၂၈

စစ်ကိုင်း -ရွှေဘိုကားလမ်းတွင် PDF အဖွဲ့မှထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဆွမ်းခံ၍ ပြန်လာသော သီလရှင်(၁)ပါး ကွယ်လွန်သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၆ ရက်)က စစ်ကိုင်းတိုင်း ဒေသကြီး ၊ စစ်ကိုင်းမြို့ ၊ စန္ဒာရာမသီလရှင်ကျောင်းတိုက်မှ ကျောင်းထိုင်သီလရှင်ဆရာကြီး နှင့် သီလရှင် (၁၄) ပါး လိုက်ပါလာသည့် မော်တော်ယာဉ်သည် ရွှေဘိုမြို့သို့ ဆွမ်းခံသွားရောက်ခဲ့ပြီး စစ်ကိုင်းမြို့သို့ပြန်လာစဉ် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့နယ်နှင့် ကျားမင်းကြီး ကျေးရွာအကြားရှိ စစ်ကိုင်း-ရွှေဘိုကားလမ်းတွင် လမ်း၏ယာဘက်မှ PDF များ ထောင်ထားသည့် လက်လုပ် မိုင်း(၂) လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုင်းများပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်၏ ဆီတိုင်ကီနှင့် နောက်တာယာ(၂)လုံး ထိမှန် ပျက်စီးခဲ့ရာ ယာဉ်၏နောက်ခန်းတွင် လိုက်ပါလာသည့် အသက်(၁၃)နှစ်အရွယ် သီလရှင် မကုလာစာရီ မှာ ယာခါး နှင့် တင်ပါးတို့တွင် မိုင်းစဖောက်ဝင်ဒဏ်ရာ (၃)ချက်ရရှိ၍ အခင်းဖြစ်နေရာတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မခေမာသိင်္ဂီ (၁၂)နှစ် မှာကျောတွင်မိုင်းစထိမှန်ဒဏ်ရာ(၁)ချက်၊ ပွန်းပဲ့ ဒဏ်ရာ(၂)ချက် ၊ မဝိမလ(၁၃)နှစ်မှာ ယာလက်ဖမိုး မိုင်းစ ထိမှန်ဒဏ်ရာ(၁)ချက် ၊ မပညာဝတီ (၁၂)နှစ် မှာ ခါးယာဘက် တွင် မိုင်းစထိမှန်ဒဏ်ရာ(၁)ချက် နှင့် မကုလာရီ(၁၂)နှစ် မှာ နဖူးမိုင်းစထိမှန်ဒဏ်ရာ (၁)ချက်၊ ယာမျက်ခမ်းဘေးမိုင်းစထိမှန်ဒဏ်ရာ (၁)ချက်၊ ဝဲနှာခေါင်းဘေးမိုင်းစ ထိမှန်ဒဏ်ရာ (၁)ချက် နှင့် ယာ လက်ကောက်ဝတ် မိုင်းစထိမှန်ဒဏ်ရာ (၁)ချက် ရရှိခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။
ထိုဖြစ်စဉ်ကြောင့် သေဆုံးခဲ့သည့် သီလရှင်(၁)ပါး နှင့် ဒဏ်ရာရရှိသည့် သီလရှင်(၄)ပါးတို့အား အိုးဘိုလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ် (၂)စီးဖြင့် စစ်ကိုင်းမြို့၊ ခုတင် (၃၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တာဝန်ရှိသူများအနေဖြင့် ဒဏ်ရာရရှိသည့် သီလရှင်များအား ဆေးကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးအဖွဲ့များကလည်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
စစ္ကိုင္း -ေ႐ႊဘိုလမ္းတြင္ PDF ေထာင္ထားသည့္ မိုင္းေၾကာင့္ ဆြမ္းခံျပန္လာေသာ သီလရွင္(၁)ပါး ကြယ္လြန္
ထိုက္စံ (NP News)-ေဖေဖာ္ဝါရီ ၂၈

စစ္ကိုင္း -ေ႐ႊဘိုကားလမ္းတြင္ PDF အဖြဲ႕မွေထာင္ထားသည့္ မိုင္းေပါက္ကြဲမႈေၾကာင့္ ဆြမ္းခံ၍ ျပန္လာေသာ သီလရွင္(၁)ပါး ကြယ္လြန္သြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၂၆ ရက္)က စစ္ကိုင္းတိုင္း ေဒသႀကီး ၊ စစ္ကိုင္းၿမိဳ႕ ၊ စႏၵာရာမသီလရွင္ေက်ာင္းတိုက္မွ ေက်ာင္းထိုင္သီလရွင္ဆရာႀကီး ႏွင့္ သီလရွင္ (၁၄) ပါး လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္သည္ ေ႐ႊဘိုၿမိဳ႕သို႔ ဆြမ္းခံသြားေရာက္ခဲ့ၿပီး စစ္ကိုင္းၿမိဳ႕သို႔ျပန္လာစဥ္ စစ္ကိုင္းၿမိဳ႕နယ္၊ ဆားေတာင္ၿမိဳ႕နယ္ႏွင့္ က်ားမင္းႀကီး ေက်း႐ြာအၾကားရွိ စစ္ကိုင္း-ေ႐ႊဘိုကားလမ္းတြင္ လမ္း၏ယာဘက္မွ PDF မ်ား ေထာင္ထားသည့္ လက္လုပ္ မိုင္း(၂) လုံးေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ မိုင္းမ်ားေပါက္ကြဲမႈေၾကာင့္ ေမာ္ေတာ္ယာဥ္၏ ဆီတိုင္ကီႏွင့္ ေနာက္တာယာ(၂)လုံး ထိမွန္ ပ်က္စီးခဲ့ရာ ယာဥ္၏ေနာက္ခန္းတြင္ လိုက္ပါလာသည့္ အသက္(၁၃)ႏွစ္အ႐ြယ္ သီလရွင္ မကုလာစာရီ မွာ ယာခါး ႏွင့္ တင္ပါးတို႔တြင္ မိုင္းစေဖာက္ဝင္ဒဏ္ရာ (၃)ခ်က္ရရွိ၍ အခင္းျဖစ္ေနရာတြင္ ကြယ္လြန္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မေခမာသိဂႌ (၁၂)ႏွစ္ မွာေက်ာတြင္မိုင္းစထိမွန္ဒဏ္ရာ(၁)ခ်က္၊ ပြန္းပဲ့ ဒဏ္ရာ(၂)ခ်က္ ၊ မဝိမလ(၁၃)ႏွစ္မွာ ယာလက္ဖမိုး မိုင္းစ ထိမွန္ဒဏ္ရာ(၁)ခ်က္ ၊ မပညာဝတီ (၁၂)ႏွစ္ မွာ ခါးယာဘက္ တြင္ မိုင္းစထိမွန္ဒဏ္ရာ(၁)ခ်က္ ႏွင့္ မကုလာရီ(၁၂)ႏွစ္ မွာ နဖူးမိုင္းစထိမွန္ဒဏ္ရာ (၁)ခ်က္၊ ယာမ်က္ခမ္းေဘးမိုင္းစထိမွန္ဒဏ္ရာ (၁)ခ်က္၊ ဝဲႏွာေခါင္းေဘးမိုင္းစ ထိမွန္ဒဏ္ရာ (၁)ခ်က္ ႏွင့္ ယာ လက္ေကာက္ဝတ္ မိုင္းစထိမွန္ဒဏ္ရာ (၁)ခ်က္ ရရွိခဲ့ၿပီး စိုးရိမ္ရသည့္ အေျခအေနမရွိေၾကာင္း သိရသည္။
ထိုျဖစ္စဥ္ေၾကာင့္ ေသဆုံးခဲ့သည့္ သီလရွင္(၁)ပါး ႏွင့္ ဒဏ္ရာရရွိသည့္ သီလရွင္(၄)ပါးတို႔အား အိုးဘိုလူမႈကူညီေရးအသင္းမွ ေမာ္ေတာ္ယာဥ္ (၂)စီးျဖင့္ စစ္ကိုင္းၿမိဳ႕၊ ခုတင္ (၃၀၀)ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ တာဝန္ရွိသူမ်ားအေနျဖင့္ ဒဏ္ရာရရွိသည့္ သီလရွင္မ်ားအား ေဆးကုသျခင္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိၿပီး လုံၿခဳံေရးအဖြဲ႕မ်ားကလည္း နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.