YBS (၅၀၀၀) ကျော်အနက် ကြံ့ခိုင်မှုပုံမှန်စစ်ဆေးခြင်းကို အစီးရေ (၂၀၀၀) ကျော်သာ လုပ်ဆောင်နိုင်

 110

စိမ့်စမ်းရေ (NP News) - ဖေဖော်ဝါရီ ၂၈

လက်ရှိ ရန်ကုန်မြို့တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက်အသုံးပြုနေသော YBS အစီးရေ(၅၀၀၀) ကျော်ရှိသည့်အနက် ကြံ့ခိုင်မှုပုံမှန် စစ်ဆေးခြင်းကို အစီးရေ (၂၀၀၀) ကျော်သာ လုပ်ဆောင်နိုင်ကြောင်း ယာဉ်လိုင်း များနှင့်ပတ်သက်၍သိရှိသူတစ်ဦးက NP News သို့ ပြောသည်။
“Regular Maintenance ဆိုတာက သူတို့ကားတွေကို Listလုပ်ထားတယ်။ အဲဒီစာရင်းတွေကို သူတို့က Software ရှိတယ်။ ကွန်ပျူတာ ထိုးလိုက်ရင်ဘယ်ကားက ဘယ်နေ့ဘယ်ရက်စစ်ရမယ်ဆိုတာရှိတယ်။ ရှိတော့ အဲဒါကို အလှည့်ကျစစ်တာပေါ့နော်။ ပျက်တဲ့ထိ မစောင့်ဘူး။ မစောင့်ဘဲနဲ့ အလှည့်ကျစစ်တာကို Regular Maintenance လို့ခေါ်တယ်။ အခုရန်ကုန်မှာ ကား(၅)ထောင်ကျော်ရှိတဲ့နေရာမှာ ကားသစ် (၂)ထောင်ကျော်ရှိတယ်။ အဲဒီကားတွေ ကတော့ Regular Maintenance ပုံမှန်လုပ်တယ်။ နောက်ပြီးတော့ သူတို့မှာ Service အလုပ်ရုံ ကောင်းကောင်းရှိတယ်” ဟု ၎င်းက ပြောသည်။
ကြံ့ခိုင်မှုပုံမှန်စစ်ဆေးခြင်း မလုပ်ဆောင်နိုင်သည့်ကားများသည် ပြည်ပမှအသုံးပြုပြီးကားများဖြစ်ပြီး ယင်းကားများ သည် မောင်းနှင်နေစဉ် ချို့ယွင်းမှုရှိမှသာ ပြုပြင်ရကြောင်း ၎င်းက ဆိုသည်။
“Usedကားတွေဆိုတာက သူများနိုင်ငံက (၁၀) နှစ်သုံးပြီးသားကားတွေပေါ့။ အဲဒါတွေကို Used ကားတွေလို့ ခေါ်တာ။ အဲဒီကားတွေ ကတော့ Regular Maintenance မရှိဘူး။ မောင်းတယ်။ ပျက်မှပြင်ကြတာပေါ့။ မပျက်ရင် တော့ မောင်းကြတာပေါ့။ သူက စစ်ဆေးတဲ့ နေရာမှာ Used ကားတွေကတော့ Regular Maintenance လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မောင်းတဲ့ ကီလိုမီတာဒိုင်ခွက်တွေက မကောင်းတော့ဘူး။ မကောင်းတဲ့ အတွက် သူတို့ဂျူတီကို သတ်မှတ်လို့မရဘူး။ အဲဒါကြောင့်မလို့ သူကတော့ မောင်းနေရင်း တခုခုချို့ ယွင်းသွားမှပဲ သူကဖြုတ်ပြင် ဖြုတ်လဲပေါ့။ အဲဒီလိုပဲ လုပ်လို့ရမယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် YBS များအတွက် အပိုပစ္စည်းဝယ်ယူရန်အခက်အခဲရှိခြင်းသည်လည်း ကားများကြံ့ခိုင်မှုအားနည်းချက်များ၏ အဓိကလိုအပ်ချက်ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
“အဆိုးဆုံးက Spare Part ပစ္စည်းတွေက အဓိကတော့ လိုရင်းပြောရရင်တော့ Spare Part ပစ္စည်းတွေ ဝယ်မရတာ။ မရတဲ့အတွက် ကားတွေကို ကြံ့ခိုင်အောင်ကောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကားတွေကို ကြံ့ခိုင်အောင်လုပ်ဖို့ဆိုတာက အပိုပစ္စည်းရှိမှပဲ သူကပြင်လို့ရမှာကို။ လောလောဆယ်အခြေအနေက အပိုပစ္စည်းမရှိတာ။ အပိုပစ္စည်းမရှိတဲ့ အတွက် ရှေ့ဆက်ပြီးတော့ ဒီပြဿနာတွေကဖြစ်လာအုံးမှာပဲ” ဟု ၎င်းက ပြောသည်။
ယာဉ်များကြံ့ခိုင်မှုနှင့်ပတ်သက်၍ အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့်ဖေဖော်ဝါရီ (၂၃) ရက်ကလည်း ဒလတံတားပေါ်တွင် YBS ယာဥ်ကြမ်းခင်းကျွံကာ (၅) နှစ်အရွယ် ကလေးငယ်တစ်ဦး ကားပေါ်မှ ပြုတ်ကျသေဆုံးခဲ့ သည်။

Zawgyi Version;
YBS (၅၀၀၀) ေက်ာ္အနက္ ႀကံ့ခိုင္မႈပုံမွန္စစ္ေဆးျခင္းကို အစီးေရ (၂၀၀၀) ေက်ာ္သာ လုပ္ေဆာင္ႏိုင္
စိမ့္စမ္းေရ (NP News) - ေဖေဖာ္ဝါရီ ၂၈
လက္ရွိ ရန္ကုန္ၿမိဳ႕တြင္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးအတြက္အသုံးျပဳေနေသာ YBS အစီးေရ(၅၀၀၀) ေက်ာ္ရွိသည့္အနက္ ႀကံ့ခိုင္မႈပုံမွန္ စစ္ေဆးျခင္းကို အစီးေရ (၂၀၀၀) ေက်ာ္သာ လုပ္ေဆာင္ႏိုင္ေၾကာင္း ယာဥ္လိုင္း မ်ားႏွင့္ပတ္သက္၍သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
“Regular Maintenance ဆိုတာက သူတို႔ကားေတြကို Listလုပ္ထားတယ္။ အဲဒီစာရင္းေတြကို သူတို႔က Software ရွိတယ္။ ကြန္ပ်ဴတာ ထိုးလိုက္ရင္ဘယ္ကားက ဘယ္ေန႔ဘယ္ရက္စစ္ရမယ္ဆိုတာရွိတယ္။ ရွိေတာ့ အဲဒါကို အလွည့္က်စစ္တာေပါ့ေနာ္။ ပ်က္တဲ့ထိ မေစာင့္ဘူး။ မေစာင့္ဘဲနဲ႔ အလွည့္က်စစ္တာကို Regular Maintenance လို႔ေခၚတယ္။ အခုရန္ကုန္မွာ ကား(၅)ေထာင္ေက်ာ္ရွိတဲ့ေနရာမွာ ကားသစ္ (၂)ေထာင္ေက်ာ္ရွိတယ္။ အဲဒီကားေတြ ကေတာ့ Regular Maintenance ပုံမွန္လုပ္တယ္။ ေနာက္ၿပီးေတာ့ သူတို႔မွာ Service အလုပ္႐ုံ ေကာင္းေကာင္းရွိတယ္” ဟု ၎က ေျပာသည္။
ႀကံ့ခိုင္မႈပုံမွန္စစ္ေဆးျခင္း မလုပ္ေဆာင္ႏိုင္သည့္ကားမ်ားသည္ ျပည္ပမွအသုံးျပဳၿပီးကားမ်ားျဖစ္ၿပီး ယင္းကားမ်ား သည္ ေမာင္းႏွင္ေနစဥ္ ခ်ိဳ႕ယြင္းမႈရွိမွသာ ျပဳျပင္ရေၾကာင္း ၎က ဆိုသည္။
“Usedကားေတြဆိုတာက သူမ်ားႏိုင္ငံက (၁၀) ႏွစ္သုံးၿပီးသားကားေတြေပါ့။ အဲဒါေတြကို Used ကားေတြလို႔ ေခၚတာ။ အဲဒီကားေတြ ကေတာ့ Regular Maintenance မရွိဘူး။ ေမာင္းတယ္။ ပ်က္မွျပင္ၾကတာေပါ့။ မပ်က္ရင္ ေတာ့ ေမာင္းၾကတာေပါ့။ သူက စစ္ေဆးတဲ့ ေနရာမွာ Used ကားေတြကေတာ့ Regular Maintenance လုပ္လို႔မရဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ေမာင္းတဲ့ ကီလိုမီတာဒိုင္ခြက္ေတြက မေကာင္းေတာ့ဘူး။ မေကာင္းတဲ့ အတြက္ သူတို႔ဂ်ဴတီကို သတ္မွတ္လို႔မရဘူး။ အဲဒါေၾကာင့္မလို႔ သူကေတာ့ ေမာင္းေနရင္း တခုခုခ်ိဳ႕ ယြင္းသြားမွပဲ သူကျဖဳတ္ျပင္ ျဖဳတ္လဲေပါ့။ အဲဒီလိုပဲ လုပ္လို႔ရမယ္”ဟု ၎ကေျပာသည္။
ထို႔ျပင္ YBS မ်ားအတြက္ အပိုပစၥည္းဝယ္ယူရန္အခက္အခဲရွိျခင္းသည္လည္း ကားမ်ားႀကံ့ခိုင္မႈအားနည္းခ်က္မ်ား၏ အဓိကလိုအပ္ခ်က္ျဖစ္ေနေၾကာင္း ၎က ဆိုသည္။
“အဆိုးဆုံးက Spare Part ပစၥည္းေတြက အဓိကေတာ့ လိုရင္းေျပာရရင္ေတာ့ Spare Part ပစၥည္းေတြ ဝယ္မရတာ။ မရတဲ့အတြက္ ကားေတြကို ႀကံ့ခိုင္ေအာင္ေကာင္းဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ကားေတြကို ႀကံ့ခိုင္ေအာင္လုပ္ဖို႔ဆိုတာက အပိုပစၥည္းရွိမွပဲ သူကျပင္လို႔ရမွာကို။ ေလာေလာဆယ္အေျခအေနက အပိုပစၥည္းမရွိတာ။ အပိုပစၥည္းမရွိတဲ့ အတြက္ ေရွ႕ဆက္ၿပီးေတာ့ ဒီျပႆနာေတြကျဖစ္လာအုံးမွာပဲ” ဟု ၎က ေျပာသည္။
ယာဥ္မ်ားႀကံ့ခိုင္မႈႏွင့္ပတ္သက္၍ အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီ (၂၃) ရက္ကလည္း ဒလတံတားေပၚတြင္ YBS ယာဥ္ၾကမ္းခင္းကြၽံကာ (၅) ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ကားေပၚမွ ျပဳတ္က်ေသဆုံးခဲ့သည္။

Related news

© 2021. All rights reserved.