ချင်းပြည်နယ်တွင် ဘိန်းစိုက်စိုက်ပျိုးမှု ယခင်ထက် ပိုများလာဟုဆို

 118

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၂၈

ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုသည် ယခင်ထက် ပိုများလာကြောင်း ဒေသခံတစ်ဦးက NP News သို့ ပြော သည်။
ယခင်က ဒေသခံများမှာ တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများလုပ်ကိုင်ကြသော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများ ၊ အလုပ်အကိုင်များရှားပါးလာမှုများကြောင့် ငွေဝင်ရလွယ်သည့် ဘိန်းစိုက်ပျိုးမှုများ ပိုမို လုပ်ဆောင်လာကြောင်း သိရသည်။
"ချင်းဘက်တွေမှာ ဆိုရင် အရင်ကလူတွေကတော့ တောင်ယာလုပ်ကြတာပေါ့ဗျာ။ ဒီလို အရေးခင်းဖြစ်သွားတဲ့ နောက်ပိုင်းမှာ ကျွန်တော်ထင်တယ်။ အလုပ်အကိုင်တွေကလည်း ရှာရတာခက်တော့ ပိုက်ဆံလွယ်လွယ်ရတဲ့ တချို့ တွေဆို တွန်းဇံတို့မှာဆိုရင် ဘိန်းစိုက်ခင်းတွေ ဖြစ်တာတွေ အရင်ကထက်စာရင် ပိုလုပ်လာတာပေါ့နော်" ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယခင်ကာလက အစိုးရအနေဖြင့် ဘိန်းစိုက်ခင်းများအား ရှင်းလင်းမှုများ ပြုလုပ်ခဲ့သော်လည်း ၂၀၂၁ခုနှစ်နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရှင်းလင်းခြင်းများ မပြုလုပ်နိုင်သည့်အတွက် ဘိန်းစိုက်ခင်းများ ပိုမိုများလာခြင်းဖြစ်ကြောင်း သိရသည်။
" အရင်ကတော့ တစ်နှစ်တစ်ခါ စစ်ဆင်ရေးတစ်ခုလိုမျိုးလုပ်ပြီးတော့ ဘိန်းစိုက်တာတွေကိုရှင်းတယ်လေ။ အဓိကတွန်းဇံ ဘက်ခြမ်းမှာ ။ နယ်စပ်ဘက်ပေါ့ ။ တွန်းဇံဘက်ခြမ်းမှာ ဘိန်းစိုက်တဲ့ ဟာတွေကို ဒီဌာနဆိုင်ရာတွေ အားလုံးပေါင်းပြီးတော့ ဖျက်ဆီးတာတွေလုပ်တယ်။ အခုကျတော့ ဒီ ၂၀၂၁ နောက်ပိုင်းကျတော့ မလုပ်နိုင်တော့ဘူးလေ။ မလုပ်နိုင်တော့ ဒီဘိန်းစိုက်တာပိုပြီးတော့လည်း ဖြစ်ထွန်းလာတယ်" ဟု ပြောသည်။
အလားတူ အလုပ်အကိုင်ရှားပါးမှုကြောင့် မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်ပေးမှုများ ရှိနေကြောင်းလည်း သိရသည်။
“ပြီးတော့ အလုပ်အကိုင် မရှိ တာတွေကျတော့ ဉပမာ ကယ်ရီဆွဲတာပေါ့။ အဓိက ဆိုင်ကယ်နဲ့ သယ်တာပဲ။ ဆိုင်ကယ်ထဲမှာ ဖွက်သယ်တယ်။ အထုပ်ဆိုတာက ဘယ်ထဲ ထည့်ထည့် ထည့်လို့ရတယ်လေ။ အဲဒီလိုမျိုးပေါ့နော်။ နယ်စပ်ဆိုတော့ ဆိုင်ကယ်နဲ့ သယ်တာမိတယ်။ အဲဒီလိုမျိုးတွေ ခနခန မိတာပေါ့” ဟု ၎င်းက ပြောသည်။

Zawgyi Version;
ခ်င္းျပည္နယ္တြင္ ဘိန္းစိုက္စိုက္ပ်ိဳးမႈ ယခင္ထက္ ပိုမ်ားလာဟုဆို
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၂၈
ခ်င္းျပည္နယ္တြင္ ဘိန္းစိုက္ပ်ိဳးမႈသည္ ယခင္ထက္ ပိုမ်ားလာေၾကာင္း ေဒသခံတစ္ဦးက NP News သို႔ ေျပာ သည္။
ယခင္က ေဒသခံမ်ားမွာ ေတာင္ယာစိုက္ပ်ိဳးျခင္းလုပ္ငန္းမ်ားလုပ္ကိုင္ၾကေသာ္လည္း ၂၀၂၁ ခုႏွစ္ေနာက္ပိုင္း ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား ၊ အလုပ္အကိုင္မ်ားရွားပါးလာမႈမ်ားေၾကာင့္ ေငြဝင္ရလြယ္သည့္ ဘိန္းစိုက္ပ်ိဳးမႈမ်ား ပိုမို လုပ္ေဆာင္လာေၾကာင္း သိရသည္။
"ခ်င္းဘက္ေတြမွာ ဆိုရင္ အရင္ကလူေတြကေတာ့ ေတာင္ယာလုပ္ၾကတာေပါ့ဗ်ာ။ ဒီလို အေရးခင္းျဖစ္သြားတဲ့ ေနာက္ပိုင္းမွာ ကြၽန္ေတာ္ထင္တယ္။ အလုပ္အကိုင္ေတြကလည္း ရွာရတာခက္ေတာ့ ပိုက္ဆံလြယ္လြယ္ရတဲ့ တခ်ိဳ႕ ေတြဆို တြန္းဇံတို႔မွာဆိုရင္ ဘိန္းစိုက္ခင္းေတြ ျဖစ္တာေတြ အရင္ကထက္စာရင္ ပိုလုပ္လာတာေပါ့ေနာ္" ဟု ေဒသခံ တစ္ဦးက ေျပာသည္။
ယခင္ကာလက အစိုးရအေနျဖင့္ ဘိန္းစိုက္ခင္းမ်ားအား ရွင္းလင္းမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ၂၀၂၁ခုႏွစ္ေနာက္ပိုင္း ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားေၾကာင့္ ရွင္းလင္းျခင္းမ်ား မျပဳလုပ္ႏိုင္သည့္အတြက္ ဘိန္းစိုက္ခင္းမ်ား ပိုမိုမ်ားလာျခင္းျဖစ္ေၾကာင္း သိရသည္။
" အရင္ကေတာ့ တစ္ႏွစ္တစ္ခါ စစ္ဆင္ေရးတစ္ခုလိုမ်ိဳးလုပ္ၿပီးေတာ့ ဘိန္းစိုက္တာေတြကိုရွင္းတယ္ေလ။ အဓိကတြန္းဇံ ဘက္ျခမ္းမွာ ။ နယ္စပ္ဘက္ေပါ့ ။ တြန္းဇံဘက္ျခမ္းမွာ ဘိန္းစိုက္တဲ့ ဟာေတြကို ဒီဌာနဆိုင္ရာေတြ အားလုံးေပါင္းၿပီးေတာ့ ဖ်က္ဆီးတာေတြလုပ္တယ္။ အခုက်ေတာ့ ဒီ ၂၀၂၁ ေနာက္ပိုင္းက်ေတာ့ မလုပ္ႏိုင္ေတာ့ဘူးေလ။ မလုပ္ႏိုင္ေတာ့ ဒီဘိန္းစိုက္တာပိုၿပီးေတာ့လည္း ျဖစ္ထြန္းလာတယ္" ဟု ေျပာသည္။
အလားတူ အလုပ္အကိုင္ရွားပါးမႈေၾကာင့္ မူးယစ္ေဆးဝါးေမွာင္ခိုသယ္ေဆာင္ေပးမႈမ်ား ရွိေနေၾကာင္းလည္း သိရသည္။
“ၿပီးေတာ့ အလုပ္အကိုင္ မရွိ တာေတြက်ေတာ့ ဉပမာ ကယ္ရီဆြဲတာေပါ့။ အဓိက ဆိုင္ကယ္နဲ႔ သယ္တာပဲ။ ဆိုင္ကယ္ထဲမွာ ဖြက္သယ္တယ္။ အထုပ္ဆိုတာက ဘယ္ထဲ ထည့္ထည့္ ထည့္လို႔ရတယ္ေလ။ အဲဒီလိုမ်ိဳးေပါ့ေနာ္။ နယ္စပ္ဆိုေတာ့ ဆိုင္ကယ္နဲ႔ သယ္တာမိတယ္။ အဲဒီလိုမ်ိဳးေတြ ခနခန မိတာေပါ့” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.