တစ်နှစ်အပိတ်ခံရသည့်အတွက် ဇာတ်အဖွဲ့ ဝင် (၁၀ဝ)ကျော် ဒုက္ခရောက်သွားနိုင်ကြောင်း အောင်ဇမ္ဗူဖွင့်ဟ

318

Pearl (NP News) - ဖေဖော်ဝါရီ ၂၈
အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကို တစ်နှစ်တိတိ ကပြဖျော်ဖြေခွင့်ရပ်ဆိုင်းလိုက်သည့်အတွက် ဇာတ်အဖွဲ့ဝင် (၁၀ဝ)ကျော် ဒုက္ခရောက်သွားနိုင်ကြောင်း ဇာတ်မင်းသား အောင်ဇမ္ဗူက NP News သို့ပြောသည်။
ဦးအေးမင်းဦး (ခ) အောင်ဇမ္ဗူတည်ထောင်သော အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့၏ ဖျော်ဖြေတင် ဆက်မှုများသည် မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ဂုဏ်သိက္ခာဆိုင်ရာကို ထိခိုက်စေသဖြင့် မြန်မာ နိုင်ငံမသန်စွမ်းသူများအား တရားဝင် ပြန်လည် တောင်းပန်ရန်နှင့် နောက်နောင် ယခုကဲ့သို့ ဖြစ်စဉ် မျိုး ထပ်မံမပေါ်ပေါက်စေရေး အရေးယူ ဆောင်ရွက်ပေးရန် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က စာဖြင့် ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး၏ အသိပေးစာအရ သိရသည်။
ထို့ပြင် ရုပ်ရှင်၊ သဘင် ၊ ဂီတ၊ စာပေ ၊ သုခုမဆိုင်ရာများ၌ မသန်စွမ်းများ၏ ဂုဏ်သိက္ခာ စွမ်းရည်နှင့် စွမ်းဆောင် နိုင်မှုများကို အသိအမှတ် ပြုခြင်း၊ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ မပြုခြင်း တို့အတွက် လိုအပ်သည့် ညွှန်ကြား ချက်များ ထုတ်ပြန်ပေးရန်နှင့် အဆိုပါ သဘင်အဖွဲ့အား လိုအပ်သလို ဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနကလည်း စာပေးပို့ကြောင်း အဆိုပါစာတွင် ဖော်ပြထားည်။
အလားတူ သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနဝန်ကြီးရုံးကလည်း စာပေးပို့ခဲ့သည့် အပြင် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အောင်ဇမ္ဗူဇာတ်သဘင် အဖွဲ့ကို (၁) နှစ်တိတိ ကပြဖျော် ဖြေခွင့် ရပ်ဆိုင်း ဆောင်ရွက်ရန် ညွှန်ကြားလာသည့်အပေါ် သိရှိလိုက် နာဆောင်ရွက်ရန် ထပ်ဆင့် အကြောင်းကြား ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၏ စာတွင် ဖော်ပြထားသည်။
“အစည်းအရုံးရဲ့ အောက်မှာ ရှိတဲ့အတွက် အစည်းအရုံးရဲ့ စည်းမျည်းစည်းကမ်းတွေအပေါ်မှာပဲ အလုပ်လုပ် တာပေါ့လေ။ ကိုယ့်ဘက်က တကယ်တော့ မှားတာက မှားတယ်။ ဒါခေါက်ရိုးကျိုးလာခဲ့တဲ့ အမှားတွေ။ အဲဒီအပေါ် မှာလည်း အဖွဲ့ချုပ်ဘက်ကို ဆက်သွယ်ပြီးတော့ ဒီအပေါ်မှာ နောက်နောင် ဒါမျိုးမဖြစ်အောင်လို့ ဆင်ခြင်ဖို့ရယ်၊ ပြီးရင် ဒီကိစ္စ တွေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရင် ဘယ်လိုဥပဒေ တွေရှိပါတယ်ဆိုတဲ့အကြောင်းတွေကိုလည်း ဥက္ကဋ္ဌနဲ့ တွေ့ဆုံ ပြီးတော့ ဆွေးနွေးဖို့လည်း စီစဉ်ပြီးသွားပြီ။ တွေ့ဖို့လည်းရှိတယ်” ဟု ယခု စာမထွက်မီတွင် ဇာတ်မင်းသား အောင်ဇမ္ဗူက NP News သို့ ပြောကြားထားသည်။
အောင်ဇမ္ဗူဇာတ်သဘင်တွင် အဖွဲ့ဝင် (၁၀ဝ) ကျော်ရှိပြီး လက်ရှိတွင် ဇာတ်သဘင်အဖွဲ့ အနေဖြင့် ဖျော်ဖြေတင် ဆက်ရန်အတွက် ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားပွဲကြီးအပါအဝင် ပွဲအများအပြား လက်ခံထားကြောင်းလည်း သိရသည်။
“ပွဲစဉ်တွေကတော့ တောက်လျှောက် (၅)လပိုင်းကုန်အထိ ဒီဘုရားပွဲတော်ကြီး ပေါ့နော်။ ပဲခူး ရွှေမော်ဓောတို့ ပွဲကတော့အများကြီးပေါ့။ လူကြီး တွေနဲ့ပတ်သက်ပြီးတော့ ဖျော်ဖြေမယ့်ပွဲလေးတွေလည်း အများကြီးပဲ။ အပြည့်ပဲပေါ့။ ဘယ်လိုလုပ်ရ မှန်းတောင် မသိတော့ဘူး။ ဘယ်အဖွဲ့ကမှ ကူညီ ပေးမယ်ပြောထားတာတော့ မရှိဘူး။ နောက်က အဖွဲ့ သား (၁၀ဝ)ကျော်တော့ တော်တော်တော့ ဒုက္ခရောက် မယ်ထင်တယ်။ ဒီ(၁၀ဝ)ကျော်က မှီခို စားသောက်နေရတာ” ဟု ဇာတ်မင်းသား အောင်ဇမ္ဗူက တစ်နှစ်အပိတ်ခံရပြီးနောက်တွင် ပြောကြားသည်။

Zawgyi Version;
တစ္ႏွစ္အပိတ္ခံရသည့္အတြက္ ဇာတ္အဖြဲ႕ ဝင္ (၁၀ဝ)ေက်ာ္ ဒုကၡေရာက္သြားႏိုင္ေၾကာင္း ေအာင္ဇမၺဴဖြင့္ဟ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၈
ေအာင္ဇမၺဴဇာတ္သဘင္အဖြဲ႕ကို တစ္ႏွစ္တိတိ ကျပေဖ်ာ္ေျဖခြင့္ရပ္ဆိုင္းလိုက္သည့္အတြက္ ဇာတ္အဖြဲ႕ဝင္ (၁၀ဝ)ေက်ာ္ ဒုကၡေရာက္သြားႏိုင္ေၾကာင္း ဇာတ္မင္းသား ေအာင္ဇမၺဴက NP News သို႔ေျပာသည္။
ဦးေအးမင္းဦး (ခ) ေအာင္ဇမၺဴတည္ေထာင္ေသာ ေအာင္ဇမၺဴဇာတ္သဘင္အဖြဲ႕၏ ေဖ်ာ္ေျဖတင္ ဆက္မႈမ်ားသည္ မသန္စြမ္းသူမ်ား၏ စိတ္ပိုင္းဆိုင္ရာႏွင့္ ဂုဏ္သိကၡာဆိုင္ရာကို ထိခိုက္ေစသျဖင့္ ျမန္မာ ႏိုင္ငံမသန္စြမ္းသူမ်ားအား တရားဝင္ ျပန္လည္ ေတာင္းပန္ရန္ႏွင့္ ေနာက္ေနာင္ ယခုကဲ့သို႔ ျဖစ္စဥ္ မ်ိဳး ထပ္မံမေပၚေပါက္ေစေရး အေရးယူ ေဆာင္႐ြက္ေပးရန္ ေ႐ႊမင္းသားေဖာင္ေဒးရွင္း(ျမန္မာ)က စာျဖင့္ ေပးပို႔ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ သဘင္အစည္းအ႐ုံး၏ အသိေပးစာအရ သိရသည္။
ထို႔ျပင္ ႐ုပ္ရွင္၊ သဘင္ ၊ ဂီတ၊ စာေပ ၊ သုခုမဆိုင္ရာမ်ား၌ မသန္စြမ္းမ်ား၏ ဂုဏ္သိကၡာ စြမ္းရည္ႏွင့္ စြမ္းေဆာင္ ႏိုင္မႈမ်ားကို အသိအမွတ္ ျပဳျခင္း၊ နည္းမ်ိဳးစုံျဖင့္ ခြဲျခားဆက္ဆံမႈမ်ား မျပဳျခင္း တို႔အတြက္ လိုအပ္သည့္ ၫႊန္ၾကား ခ်က္မ်ား ထုတ္ျပန္ေပးရန္ႏွင့္ အဆိုပါ သဘင္အဖြဲ႕အား လိုအပ္သလို ေဆာင္႐ြက္ႏိုင္ရန္ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ဌာနကလည္း စာေပးပို႔ေၾကာင္း အဆိုပါစာတြင္ ေဖာ္ျပထားည္။
အလားတူ သာသာနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနဝန္ႀကီး႐ုံးကလည္း စာေပးပို႔ခဲ့သည့္ အျပင္ သာသနာ ေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးက ေအာင္ဇမၺဴဇာတ္သဘင္ အဖြဲ႕ကို (၁) ႏွစ္တိတိ ကျပေဖ်ာ္ ေျဖခြင့္ ရပ္ဆိုင္း ေဆာင္႐ြက္ရန္ ၫႊန္ၾကားလာသည့္အေပၚ သိရွိလိုက္ နာေဆာင္႐ြက္ရန္ ထပ္ဆင့္ အေၾကာင္းၾကား ေၾကာင္း ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး (ဗဟို)၏ စာတြင္ ေဖာ္ျပထားသည္။
“အစည္းအ႐ုံးရဲ႕ ေအာက္မွာ ရွိတဲ့အတြက္ အစည္းအ႐ုံးရဲ႕ စည္းမ်ည္းစည္းကမ္းေတြအေပၚမွာပဲ အလုပ္လုပ္ တာေပါ့ေလ။ ကိုယ့္ဘက္က တကယ္ေတာ့ မွားတာက မွားတယ္။ ဒါေခါက္႐ိုးက်ိဳးလာခဲ့တဲ့ အမွားေတြ။ အဲဒီအေပၚ မွာလည္း အဖြဲ႕ခ်ဳပ္ဘက္ကို ဆက္သြယ္ၿပီးေတာ့ ဒီအေပၚမွာ ေနာက္ေနာင္ ဒါမ်ိဳးမျဖစ္ေအာင္လို႔ ဆင္ျခင္ဖို႔ရယ္၊ ၿပီးရင္ ဒီကိစၥ ေတြနဲ႔ပတ္သက္ၿပီး ဘယ္လိုလုပ္ရင္ ဘယ္လိုဥပေဒ ေတြရွိပါတယ္ဆိုတဲ့အေၾကာင္းေတြကိုလည္း ဥကၠ႒နဲ႔ ေတြ႕ဆုံ ၿပီးေတာ့ ေဆြးေႏြးဖို႔လည္း စီစဥ္ၿပီးသြားၿပီ။ ေတြ႕ဖို႔လည္းရွိတယ္” ဟု ယခု စာမထြက္မီတြင္ ဇာတ္မင္းသား ေအာင္ဇမၺဴက NP News သို႔ ေျပာၾကားထားသည္။
ေအာင္ဇမၺဴဇာတ္သဘင္တြင္ အဖြဲ႕ဝင္ (၁၀ဝ) ေက်ာ္ရွိၿပီး လက္ရွိတြင္ ဇာတ္သဘင္အဖြဲ႕ အေနျဖင့္ ေဖ်ာ္ေျဖတင္ ဆက္ရန္အတြက္ ပဲခူးၿမိဳ႕ရွိ ေ႐ႊေမာ္ေဓာဘုရားပြဲႀကီးအပါအဝင္ ပြဲအမ်ားအျပား လက္ခံထားေၾကာင္းလည္း သိရသည္။
“ပြဲစဥ္ေတြကေတာ့ ေတာက္ေလွ်ာက္ (၅)လပိုင္းကုန္အထိ ဒီဘုရားပြဲေတာ္ႀကီး ေပါ့ေနာ္။ ပဲခူး ေ႐ႊေမာ္ေဓာတို႔ ပြဲကေတာ့အမ်ားႀကီးေပါ့။ လူႀကီး ေတြနဲ႔ပတ္သက္ၿပီးေတာ့ ေဖ်ာ္ေျဖမယ့္ပြဲေလးေတြလည္း အမ်ားႀကီးပဲ။ အျပည့္ပဲေပါ့။ ဘယ္လိုလုပ္ရ မွန္းေတာင္ မသိေတာ့ဘူး။ ဘယ္အဖြဲ႕ကမွ ကူညီ ေပးမယ္ေျပာထားတာေတာ့ မရွိဘူး။ ေနာက္က အဖြဲ႕ သား (၁၀ဝ)ေက်ာ္ေတာ့ ေတာ္ေတာ္ေတာ့ ဒုကၡေရာက္ မယ္ထင္တယ္။ ဒီ(၁၀ဝ)ေက်ာ္က မွီခို စားေသာက္ေနရတာ” ဟု ဇာတ္မင္းသား ေအာင္ဇမၺဴက တစ္ႏွစ္အပိတ္ခံရၿပီးေနာက္တြင္ ေျပာၾကားသည္။