မလေးရှားနိုင်ငံ၊ ပန်ဂိုရှိ HDB တိုက်ခန်းမှာ သက်ကြီးရွယ်အိုစုံတွဲ သေဆုံးလျက်တွေ့ရှိ၊ ရဲတပ်ဖွဲ့က သဘာဝ မဟုတ်တဲ့သေဆုံးမှုအဖြစ် စုံစမ်းစစ်ဆေးနေ

 215

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၈

စင်ကာပူနိုင်ငံ၊ ပန်ဂိုမြို့ရှိ Block 408B Northshore Drive နေအိမ်တိုက်ခန်းတစ်ခုအတွင်းမှာ သက်ကြီး ရွယ်အိုဇနီးမောင်နှံနှစ်ဦး သေဆုံးနေမှုကို သောကြာနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နံနက်ပိုင်းက တွေ့ရှိခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ကို သဘာဝမဟုတ်သော သေဆုံးမှုအဖြစ် သတ်မှတ်ကာ အမှုဖွင့်စုံစမ်းစစ်ဆေးနေ တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၇ ရက် (နံနက် ၆ နာရီ ၂၅ မိနစ်) အချိန်မှာ အကူအညီလိုအပ် ကြောင်း အကြောင်းကြားစာ ရရှိခဲ့ခြင်းဖြစ်ပြီး ရဲအရာရှိတွေ ရောက်ရှိချိန်မှာတော့ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်အတွင်း မလှုပ်မယှက် လဲလျောင်းနေတာကို တွေ့ရှိခဲ့ ရတယ်လို့ ဆိုပါတယ်။ စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ပြောကြားချက်အရ သူတို့နှစ်ဦးစလုံး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပြီဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အိမ်နီးချင်းတွေရဲ့ပြောကြားချက်အရ သေဆုံးသူစုံတွဲဟာ ပတ်ဝန်းကျင်နဲ့အဆင်ပြေချောမွေ့စွာ နေထိုင်တတ်တဲ့ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ထူးခြားချက်အနေနဲ့ကတော့ သေဆုံးသူ အမျိုးသားဟာ အပင်စိုက် ဝါသနာပါပြီး အခန်းပြင်ပမှာ အိုးနဲ့စိုက်ထားတဲ့ အပင် ၂၀ ကျော် ထားရှိလေ့ရှိပေမယ့် တရုတ်နှစ်သစ်ကူးမတိုင်မီကတည်းက အဲဒီအပင်တွေကို ဖယ်ရှားပစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ထပ်တည်းနေ အိမ်နီးချင်းတစ်ဦးရဲ့အဆိုအရ ဖေထော်ဝါရီ ၂၇ ရက်၊ နံနက် ၅ နာရီခန့်မှာ အမျိုးသမီးတစ်ဦးရဲ့အော်ဟစ်သံကို မိနစ်အနည်းငယ်ကြာ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ဇနီးမောင်နှံရဲ့ကျန်းမာရေးအခြေအနေကတော့ လွန်ခဲ့တဲ့နှစ်လခန့်ကစ ခင်ပွန်းဖြစ်သူဟာ ကျန်းမာရေးချို့ယွင်း လာပြီး လမ်းလျှောက်ဖို့ ခက်ခဲနေတာကြောင့် ၄င်းတို့စုံတွဲကို အပြင်မှာ မတွေ့ရတာ နှစ်လခန့်ရှိတယ်လို့ အိမ်နီးချင်း တွေက သတိပြုမိခဲ့ကြပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့နဲ့ Singapore Casket မှ ဝန်ထမ်းတွေက သေဆုံးသူ ရုပ်အလောင်းတွေကို သယ်ဆောင်သွားခဲ့ပြီး တိုက်ခန်းအတွင်းမှ သက်သေခံပစ္စည်းတွေနဲ့ ဇီဝအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းအိတ်အချို့ကို လည်း သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က သေဆုံးမှုအတွက် အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
မေလးရွားႏိုင္ငံ၊ ပန္ဂိုရွိ HDB တိုက္ခန္းမွာ သက္ႀကီး႐ြယ္အိုစုံတြဲ ေသဆုံးလ်က္ေတြ႕ရွိ၊ ရဲတပ္ဖြဲ႕က သဘာဝ မဟုတ္တဲ့ေသဆုံးမႈအျဖစ္ စုံစမ္းစစ္ေဆးေန
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၈
စင္ကာပူႏိုင္ငံ၊ ပန္ဂိုၿမိဳ႕ရွိ Block 408B Northshore Drive ေနအိမ္တိုက္ခန္းတစ္ခုအတြင္းမွာ သက္ႀကီး ႐ြယ္အိုဇနီးေမာင္ႏွံႏွစ္ဦး ေသဆုံးေနမႈကို ေသာၾကာေန႔ (ေဖေဖာ္ဝါရီ ၂၇ ရက္) နံနက္ပိုင္းက ေတြ႕ရွိခဲ့ရပါတယ္။ ရဲတပ္ဖြဲ႕က အဆိုပါျဖစ္ရပ္ကို သဘာဝမဟုတ္ေသာ ေသဆုံးမႈအျဖစ္ သတ္မွတ္ကာ အမႈဖြင့္စုံစမ္းစစ္ေဆးေန တယ္လို႔ သိရပါတယ္။
ရဲတပ္ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္အရ ေဖေဖာ္ဝါရီ ၂၇ ရက္ (နံနက္ ၆ နာရီ ၂၅ မိနစ္) အခ်ိန္မွာ အကူအညီလိုအပ္ ေၾကာင္း အေၾကာင္းၾကားစာ ရရွိခဲ့ျခင္းျဖစ္ၿပီး ရဲအရာရွိေတြ ေရာက္ရွိခ်ိန္မွာေတာ့ အသက္ ၇၁ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးနဲ႔ ၆၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေနအိမ္အတြင္း မလႈပ္မယွက္ လဲေလ်ာင္းေနတာကို ေတြ႕ရွိခဲ့ ရတယ္လို႔ ဆိုပါတယ္။ စင္ကာပူအရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕ (SCDF) မွ ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြရဲ႕ ေျပာၾကားခ်က္အရ သူတို႔ႏွစ္ဦးစလုံး အခင္းျဖစ္ေနရာမွာပဲ ေသဆုံးသြားၿပီျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ အိမ္နီးခ်င္းေတြရဲ႕ေျပာၾကားခ်က္အရ ေသဆုံးသူစုံတြဲဟာ ပတ္ဝန္းက်င္နဲ႔အဆင္ေျပေခ်ာေမြ႕စြာ ေနထိုင္တတ္တဲ့ သူေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။
ထူးျခားခ်က္အေနနဲ႔ကေတာ့ ေသဆုံးသူ အမ်ိဳးသားဟာ အပင္စိုက္ ဝါသနာပါၿပီး အခန္းျပင္ပမွာ အိုးနဲ႔စိုက္ထားတဲ့ အပင္ ၂၀ ေက်ာ္ ထားရွိေလ့ရွိေပမယ့္ တ႐ုတ္ႏွစ္သစ္ကူးမတိုင္မီကတည္းက အဲဒီအပင္ေတြကို ဖယ္ရွားပစ္ခဲ့တယ္လို႔ သိရပါတယ္။ တစ္ထပ္တည္းေန အိမ္နီးခ်င္းတစ္ဦးရဲ႕အဆိုအရ ေဖေထာ္ဝါရီ ၂၇ ရက္၊ နံနက္ ၅ နာရီခန႔္မွာ အမ်ိဳးသမီးတစ္ဦးရဲ႕ေအာ္ဟစ္သံကို မိနစ္အနည္းငယ္ၾကာ ၾကားခဲ့ရတယ္လို႔ ဆိုပါတယ္။ ဇနီးေမာင္ႏွံရဲ႕က်န္းမာေရးအေျခအေနကေတာ့ လြန္ခဲ့တဲ့ႏွစ္လခန႔္ကစ ခင္ပြန္းျဖစ္သူဟာ က်န္းမာေရးခ်ိဳ႕ယြင္း လာၿပီး လမ္းေလွ်ာက္ဖို႔ ခက္ခဲေနတာေၾကာင့္ ၄င္းတို႔စုံတြဲကို အျပင္မွာ မေတြ႕ရတာ ႏွစ္လခန႔္ရွိတယ္လို႔ အိမ္နီးခ်င္း ေတြက သတိျပဳမိခဲ့ၾကပါတယ္။
လက္ရွိမွာေတာ့ ရဲတပ္ဖြဲ႕နဲ႔ Singapore Casket မွ ဝန္ထမ္းေတြက ေသဆုံးသူ ႐ုပ္အေလာင္းေတြကို သယ္ေဆာင္သြားခဲ့ၿပီး တိုက္ခန္းအတြင္းမွ သက္ေသခံပစၥည္းေတြနဲ႔ ဇီဝအႏၲရာယ္ရွိ စြန႔္ပစ္ပစၥည္းအိတ္အခ်ိဳ႕ကို လည္း သိမ္းဆည္းခဲ့တယ္လို႔ သိရပါတယ္။ ရဲတပ္ဖြဲ႕က ေသဆုံးမႈအတြက္ အေသးစိတ္ စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.