အမေရိကန် နဲ့ အစ္စရေးနိုင်ငံတို့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေး ခေါင်းဆောင်သေဆုံး

 550

ဂျန်ဇက် (NP News) - မတ် ၁

အမေရိကန် နဲ့ အစ္စရေး နိုင်ငံတို့ ပူးပေါင်းတဲ့ စစ်ဆင်ရေးအတွင်း အီရန်နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။အမေရိကန် နဲ့ အစ္စရေးနိုင်ငံတို့ဟာ အီရန်နိုင်ငံ နဲ့ အငြင်းပွားမှုများ၊တင်းမာမှုများအရှိန်မြင့်တက်လာခဲ့ပြီးနောက် အီရန်နိုင်ငံကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခါမေနီဟာ အီရန်နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံးလူတစ်ဦးဖြစ်ပြီး အီရန်ပြည်သူများအနေနဲ့ မိမိတို့နိုင်ငံကို မိမိတို့ပြန်လည်ရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံအပေါ်ပြုလုပ်တဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းအီရန် တပ်ဖွဲ့ဝင် အနည်းဆုံး ၄၀ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အီရန်စစ်တပ်ကလည်း လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထား လက်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့သတင်းများထွက်ပေါ်ခဲ့ပါတယ်။
အမေရိကန်နဲ့အစ္စရေးနိုင်ငံတို့ ပူးပေါင်းပြုလုပ်တဲ့စစ်ဆင်ရေးအတွင်း အီရန်နိုင်ငံတဝှမ်းမှာ လူပေါင်း ၂၀၀ကျော် သေဆုံးခဲ့တယ်လို့ အီရန် လခြမ်းနီအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အီရန် နဲ့ အမေ ရိကန်နိုင်ငံတို့ဟာ အီရန်နျူကလီးယားအရေး နဲ့ပတ်သက်ပြီး အငြင်းပွားမှုများ၊တင်းမာမှုများရှိလာခဲ့ပြီး ဆွေးနွေးခဲ့ပေမယ့် အောင်မြင်မှုမရဘဲ အမေရိကန်နိုင်ငံက အီရန်နိုင်ငံကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၈၆ နှစ်အရွယ်ရှိ ခါမေနီဟာ အီရန်နိုင်ငံရဲ့မြို့တော် တီဟီရန်မြို့ကို အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့ ပူးပေါင်းပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင်သတင်းမီဒီယာများက ဖော်ပြထားပါတယ်။

Zawgyi Version;
အေမရိကန္ နဲ႔ အစၥေရးႏိုင္ငံတို႔ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံး ဘာသာေရး ေခါင္းေဆာင္ေသဆုံး
ဂ်န္ဇက္ (NP News) - မတ္ ၁
အေမရိကန္ နဲ႔ အစၥေရး ႏိုင္ငံတို႔ ပူးေပါင္းတဲ့ စစ္ဆင္ေရးအတြင္း အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီဟာ ေဖေဖာ္ဝါရီ ၂၈ ရက္မွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။အေမရိကန္ နဲ႔ အစၥေရးႏိုင္ငံတို႔ဟာ အီရန္ႏိုင္ငံ နဲ႔ အျငင္းပြားမႈမ်ား၊တင္းမာမႈမ်ားအရွိန္ျမင့္တက္လာခဲ့ၿပီးေနာက္ အီရန္ႏိုင္ငံကို ပစ္မွတ္ထားကာ ေလေၾကာင္းတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ခါေမနီဟာ အီရန္ႏိုင္ငံသမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးလူတစ္ဦးျဖစ္ၿပီး အီရန္ျပည္သူမ်ားအေနနဲ႔ မိမိတို႔ႏိုင္ငံကို မိမိတို႔ျပန္လည္ရရွိမွာျဖစ္တယ္လို႔ ေျပာပါတယ္။

အီရန္ႏိုင္ငံအေပၚျပဳလုပ္တဲ့ေလေၾကာင္းတိုက္ခိုက္မႈအတြင္းအီရန္ တပ္ဖြဲ႕ဝင္ အနည္းဆုံး ၄၀ ဦးေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။ အီရန္စစ္တပ္ကလည္း လက္တုံ႔ျပန္တိုက္ခိုက္မႈအျဖစ္ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ အေမရိကန္ စစ္အေျခစိုက္စခန္းမ်ားကို ပစ္မွတ္ထား လက္တုံ႔ျပန္တိုက္ခိုက္ခဲ့တယ္လို႔သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။
အေမရိကန္နဲ႔အစၥေရးႏိုင္ငံတို႔ ပူးေပါင္းျပဳလုပ္တဲ့စစ္ဆင္ေရးအတြင္း အီရန္ႏိုင္ငံတဝွမ္းမွာ လူေပါင္း ၂၀၀ေက်ာ္ ေသဆုံးခဲ့တယ္လို႔ အီရန္ လျခမ္းနီအဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။
အီရန္ နဲ႔ အေမ ရိကန္ႏိုင္ငံတို႔ဟာ အီရန္န်ဴကလီးယားအေရး နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ား၊တင္းမာမႈမ်ားရွိလာခဲ့ၿပီး ေဆြးေႏြးခဲ့ေပမယ့္ ေအာင္ျမင္မႈမရဘဲ အေမရိကန္ႏိုင္ငံက အီရန္ႏိုင္ငံကိုပစ္မွတ္ထားကာ ေလေၾကာင္းတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၈၆ ႏွစ္အ႐ြယ္ရွိ ခါေမနီဟာ အီရန္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ တီဟီရန္ၿမိဳ႕ကို အေမရိကန္နဲ႔ အစၥေရးႏိုင္ငံတို႔ ပူးေပါင္းျပဳလုပ္တဲ့ ေလေၾကာင္းတိုက္ခိုက္မႈအတြင္း ေသဆုံးခဲ့တာျဖစ္တယ္လို႔ အီရန္ႏိုင္ငံပိုင္သတင္းမီဒီယာမ်ားက ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.