အခွန်ပြဿနာများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ တင်းမာမှုများကြောင့် ရွှေဈေးများ ပြန်လည်မြင့်တက်လာ

646

Pika (NP News)-မတ် ၁
အမေရိကန်သွင်းကုန်အခွန်များနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများနှင့်ပတ်သက်ပြီး ကုန်သည်များက မသေချာမရေရာမှုများကို ချိန်ဆနေသောကြောင့် ဒေါ်လာဈေးကျဆင်းသွားသော်လည်း ရွှေဈေးများမြင့်တက်လာခဲ့ ကြောင်းသိရသည်။
အီရန်နှင့် လုပ်ဆောင်မည့်ဆွေးနွေးပွဲများမတိုင်မီ အမေရိကန်၏စစ်ရေးတည်ဆောက်မှုနှင့် ပတ်သက်ပြီး တင်းမာမှုများမြင့်တက်နေသည့်အချိန်တွင် ရွှေဈေးများ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ် သည်။ ယခုလအစောပိုင်းတွင် ရွှေဈေးမှာ သိသိသာ သာကျဆင်းသွားခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၅၀ဝဝ) ကျော်အထိ ပြန်လည်မြင့်တက်လာခဲ့ပြီ ဖြစ်ကြောင်းလည်းသိရသည်။
JP Morgan Private Bank ၏ အာရှအတွက် macro strategy အကြီးအကဲ Yuxuan Tang က “ရွှေဈေးနှုန်းတွေက အတက် ဘက်ကိုသွားမယ့်ပုံပေါ်နေပါတယ်။ မရေရာတဲ့ အကောက်ခွန်တွေနဲ့ အီရန်အန္တရာယ်က ရွှေဈေးနှုန်းကို မြင့်တက်လာစေဖို့ လုံ လောက်တဲ့အချက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ သွင်းကုန်အခွန် (၁၀) ရာခိုင်နှုန်းကောက်ခံမှုက ပြီးခဲ့သည့် ရက်ပိုင်းတွင် အသက်ဝင်ခဲ့ပြီးနောက် ယခုကဲ့သို့ဖြစ်ရပ်များဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သွင်းကုန် အခွန်ကောက်ခံမှုကို နောက်ပိုင်းတွင် (၁၅)ရာခိုင် နှုန်းအထိတိုးမြှင့်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ သော်လည်း တရားဝင်ထုတ်ပြန် ကြေညာခြင်းမျိုးမရှိသေးကြောင်းသိရသည်။
(Ref:alarabiya)

Zawgyi Version:
အခြန္ျပႆနာမ်ားႏွင့္ အေရွ႕အလယ္ပိုင္းေဒသရွိ တင္းမာမႈမ်ားေၾကာင့္ ေ႐ႊေဈးမ်ား ျပန္လည္ျမင့္တက္လာ
Pika (NP News)-မတ္ ၁
အေမရိကန္သြင္းကုန္အခြန္မ်ားႏွင့္ အေရွ႕အလယ္ပိုင္းေဒသရွိ ပဋိပကၡမ်ားႏွင့္ပတ္သက္ၿပီး ကုန္သည္မ်ားက မေသခ်ာမေရရာမႈမ်ားကို ခ်ိန္ဆေနေသာေၾကာင့္ ေဒၚလာေဈးက်ဆင္းသြားေသာ္လည္း ေ႐ႊေဈးမ်ားျမင့္တက္လာခဲ့ ေၾကာင္းသိရသည္။
အီရန္ႏွင့္ လုပ္ေဆာင္မည့္ေဆြးေႏြးပြဲမ်ားမတိုင္မီ အေမရိကန္၏စစ္ေရးတည္ေဆာက္မႈႏွင့္ ပတ္သက္ၿပီး တင္းမာမႈမ်ားျမင့္တက္ေနသည့္အခ်ိန္တြင္ ေ႐ႊေဈးမ်ား ျပန္လည္ျမင့္တက္လာခဲ့ျခင္းျဖစ္ သည္။ ယခုလအေစာပိုင္းတြင္ ေ႐ႊေဈးမွာ သိသိသာ သာက်ဆင္းသြားခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၅၀ဝဝ) ေက်ာ္အထိ ျပန္လည္ျမင့္တက္လာခဲ့ၿပီ ျဖစ္ေၾကာင္းလည္းသိရသည္။
JP Morgan Private Bank ၏ အာရွအတြက္ macro strategy အႀကီးအကဲ Yuxuan Tang က “ေ႐ႊေဈးႏႈန္းေတြက အတက္ ဘက္ကိုသြားမယ့္ပုံေပၚေနပါတယ္။ မေရရာတဲ့ အေကာက္ခြန္ေတြနဲ႔ အီရန္အႏၲရာယ္က ေ႐ႊေဈးႏႈန္းကို ျမင့္တက္လာေစဖို႔ လုံ ေလာက္တဲ့အခ်က္ေတြထဲက တစ္ခုပဲျဖစ္ပါတယ္”ဟု ေျပာဆိုခဲ့သည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ သြင္းကုန္အခြန္ (၁၀) ရာခိုင္ႏႈန္းေကာက္ခံမႈက ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ အသက္ဝင္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ျဖစ္ရပ္မ်ားျဖစ္ပြားလာခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ သြင္းကုန္ အခြန္ေကာက္ခံမႈကို ေနာက္ပိုင္းတြင္ (၁၅)ရာခိုင္ ႏႈန္းအထိတိုးျမႇင့္သြားမည္ဟု ၿခိမ္းေျခာက္ေျပာဆိုခဲ့ ေသာ္လည္း တရားဝင္ထုတ္ျပန္ ေၾကညာျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။
(Ref:alarabiya)