ဒေသတွင်း ငြိမ်းချမ်းရေးကို ဖျက်ဆီးနေသည်ဟု ဖိလစ်ပိုင်ကို တရုတ်အစိုးရ ဝေဖန်ပြစ်တင်

275

ဂျန်ဇက်(NP News)-မတ် ၁
တောင်တရုတ်ပင်လယ်ပြင်အတွင်း ပထဝီနိုင်ငံရေး တင်းမာမှုများ ဆက်လက်မြင့်တက်လျက်ရှိရာ တရုတ်စစ် တပ်က ၎င်းတို့၏ ပုံမှန်ရေပြင်ကင်းလှည့် မှုများပြုလုပ်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြင်ပနိုင်ငံများနှင့် ပူးပေါင်းကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို “နှောင့်ယှက်ဖျက်ဆီးနေသည်” ဟု ပြင်းပြင်းထန်ထန် စွပ်စွဲပြောဆို လိုက်သည်။
တရုတ် PLA တောင်ပိုင်းစစ်ဒေသ၏ ပြောရေးဆိုခွင့်ရှိသူက “ဖိလစ်ပိုင်နိုင်ငံဟာ ဒေသတွင်း ပြင်ပက နိုင်ငံ တွေကို ဆွဲသွင်းပြီး “ပူးပေါင်း ကင်းလှည့်မှု” ဆိုတဲ့ ခေါင်းစဉ်တပ်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို နှောင့်ယှက်နေပါတယ်” ဟု ဝေဖန်ထားသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက် အချုပ်အခြာအာဏာနှင့် ရေပိုင်နက် အကျိုးစီးပွား တွေကို မဆုတ်မနစ် ခိုင်ခိုင်မာမာ ကာကွယ်သွားမည် ဖြစ်ကြောင်း၎င်းက ပြောသည်။ တရုတ်နိုင်ငံ၏ ယခုလို ပြင်းထန်သော စစ်ရေးတုံ့ပြန်စကားများ ထွက်ပေါ်လာခြင်းသည် ယခုတစ်ပတ်အတွင်း ဖိလစ်ပိုင်၊ အမေရိကန်နှင့် ဂျပန် သုံးနိုင်ငံ ပူးပေါင်းပြီး တောင်တရုတ် ပင်လယ် အငြင်းပွားရေပိုင်နက်အတွင်း ပူးတွဲစစ်ရေး လေ့ကျင့်မှုများနှင့် ကင်းလှည့်မှု များပြုလုပ်ခဲ့ခြင်းကို တိုက်ရိုက်ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။
ဖိလစ်ပိုင်စစ်တပ်က သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်ခြင်းသည် မဟာမိတ်နိုင်ငံများအကြား စစ်ရေးပူး ပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ဒေသတွင်း လုံခြုံရေးကို အားဖြည့်ရန် ရည်ရွယ်ခြင်းဖြစ်သည် ဟုတုံ့ပြန်ထားသည်။ အမေရိကန်နှင့် ဂျပန်ကဲ့သို့ အင် အားကြီး မဟာမိတ်များ၏ ပံ့ပိုးမှုဖြင့် ဖိလစ်ပိုင်၏ရေ ပြင်စစ်ရေးလှုပ်ရှားမှုများ ပိုမိုကျယ် ပြန့်လာခြင်းနှင့် တရုတ်နိုင်ငံ၏ပြတ်သားသော နယ်မြေပိုင်ဆိုင်မှု ကာကွယ်ရေး မူဝါဒများအကြား တောင်တရုတ် ပင်လယ် ပြင်၏အခြေအနေမှာ အချိန်မရွေး ပေါက်ကွဲနိုင်သော အန္တရာယ်ရှိသည့် အနေအထားသို့ ဦးတည်နေဆဲ ဖြစ် ကြောင်း သိရသည်။
(Ref:reuters)

Zawgyi Version:
ေဒသတြင္း ၿငိမ္းခ်မ္းေရးကို ဖ်က္ဆီးေနသည္ဟု ဖိလစ္ပိုင္ကို တ႐ုတ္အစိုးရ ေဝဖန္ျပစ္တင္
ဂ်န္ဇက္(NP News)-မတ္ ၁
ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း ပထဝီႏိုင္ငံေရး တင္းမာမႈမ်ား ဆက္လက္ျမင့္တက္လ်က္ရွိရာ တ႐ုတ္စစ္ တပ္က ၎တို႔၏ ပုံမွန္ေရျပင္ကင္းလွည့္ မႈမ်ားျပဳလုပ္ၿပီးေနာက္ ဖိလစ္ပိုင္ႏိုင္ငံအေနျဖင့္ ျပင္ပႏိုင္ငံမ်ားႏွင့္ ပူးေပါင္းကာ ေဒသတြင္း ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးကို “ေႏွာင့္ယွက္ဖ်က္ဆီးေနသည္” ဟု ျပင္းျပင္းထန္ထန္ စြပ္စြဲေျပာဆို လိုက္သည္။
တ႐ုတ္ PLA ေတာင္ပိုင္းစစ္ေဒသ၏ ေျပာေရးဆိုခြင့္ရွိသူက “ဖိလစ္ပိုင္ႏိုင္ငံဟာ ေဒသတြင္း ျပင္ပက ႏိုင္ငံ ေတြကို ဆြဲသြင္းၿပီး “ပူးေပါင္း ကင္းလွည့္မႈ” ဆိုတဲ့ ေခါင္းစဥ္တပ္ကာ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ေႏွာင့္ယွက္ေနပါတယ္” ဟု ေဝဖန္ထားသည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံ၏ နယ္ေျမပိုင္နက္ အခ်ဳပ္အျခာအာဏာႏွင့္ ေရပိုင္နက္ အက်ိဳးစီးပြား ေတြကို မဆုတ္မနစ္ ခိုင္ခိုင္မာမာ ကာကြယ္သြားမည္ ျဖစ္ေၾကာင္း၎က ေျပာသည္။ တ႐ုတ္ႏိုင္ငံ၏ ယခုလို ျပင္းထန္ေသာ စစ္ေရးတုံ႔ျပန္စကားမ်ား ထြက္ေပၚလာျခင္းသည္ ယခုတစ္ပတ္အတြင္း ဖိလစ္ပိုင္၊ အေမရိကန္ႏွင့္ ဂ်ပန္ သုံးႏိုင္ငံ ပူးေပါင္းၿပီး ေတာင္တ႐ုတ္ ပင္လယ္ အျငင္းပြားေရပိုင္နက္အတြင္း ပူးတြဲစစ္ေရး ေလ့က်င့္မႈမ်ားႏွင့္ ကင္းလွည့္မႈ မ်ားျပဳလုပ္ခဲ့ျခင္းကို တိုက္႐ိုက္ရည္႐ြယ္ျခင္းျဖစ္ေၾကာင္းသိရသည္။
ဖိလစ္ပိုင္စစ္တပ္က သုံးပြင့္ဆိုင္ ပူးေပါင္း ေဆာင္႐ြက္ျခင္းသည္ မဟာမိတ္ႏိုင္ငံမ်ားအၾကား စစ္ေရးပူး ေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ရန္ႏွင့္ ေဒသတြင္း လုံၿခဳံေရးကို အားျဖည့္ရန္ ရည္႐ြယ္ျခင္းျဖစ္သည္ ဟုတုံ႔ျပန္ထားသည္။ အေမရိကန္ႏွင့္ ဂ်ပန္ကဲ့သို႔ အင္ အားႀကီး မဟာမိတ္မ်ား၏ ပံ့ပိုးမႈျဖင့္ ဖိလစ္ပိုင္၏ေရ ျပင္စစ္ေရးလႈပ္ရွားမႈမ်ား ပိုမိုက်ယ္ ျပန႔္လာျခင္းႏွင့္ တ႐ုတ္ႏိုင္ငံ၏ျပတ္သားေသာ နယ္ေျမပိုင္ဆိုင္မႈ ကာကြယ္ေရး မူဝါဒမ်ားအၾကား ေတာင္တ႐ုတ္ ပင္လယ္ ျပင္၏အေျခအေနမွာ အခ်ိန္မေ႐ြး ေပါက္ကြဲႏိုင္ေသာ အႏၲရာယ္ရွိသည့္ အေနအထားသို႔ ဦးတည္ေနဆဲ ျဖစ္ ေၾကာင္း သိရသည္။
(Ref:reuters)