လက်ဖက်ရည်ဆိုင်အတွင်းသို့ PDF အဖွဲ့က သေနတ်ဖြစ်လာရောက်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးမှု ကျောက်ပန်းတောင်း မြို့နယ်တွင်ဖြစ်ပွား

 959

သန့်ဇင်(NP News)-မတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ဦးကျေးရွာရှိ လက်ဖက်ရည်ဆိုင်အတွင်းသို့ PDF အဖွဲ့က သေနတ်ဖြစ်လာ ရောက်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်အား သိရှိသူတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၁ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ဦးကျေးရွာရှိ Point လက်ဖက် ရည်ဆိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ဦးရွာမှာဖြစ်တာပါ။ ဖြစ်တာက (၁၁)နာရီလောက်တည်းက ဖြစ်တာပါ။ အခုထိအပစ်ခံရတဲ့လူကို မကောက်ရသေးဘူးဗျ။ လက်ဖက်ရည်ဆိုင်ထဲမှာ ပစ်သွားတာ။ ဒီနေ့ တောင်ဦးဈေးနေ့ဆိုတော့ လူအများကြီးကြားထဲကို လာပစ်သွား တာပါ။ PDF (၃) ယောက်လာပစ်သွားတာ”ဟု သိရှိသူတစ်ဦးက ပြောသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသက် (၃၆) နှစ်အရွယ် အမျိုးသားတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“တစ်ယောက်ထိတယ်။ စဖြစ်တုန်းက လှုပ်သေးတယ်။ အခုတော့မလှုပ်တော့ဘူး။ သူ့ကို ဘယ်သူမှလာမကြည့်သေးဘူး။ လုံခြုံရေးဘက် ကလည်းမလာဘူး။ ကယ်ဆယ်ရေးဘက်ကလည်းမလာဘူး။ အဲဒီလက်ဖက်ရည်ဆိုင်ကာ ဈေးဘေးလေးတင် ကပ်နေတာပါ။ အဲဒါကို ဘယ်သူမှဝင်မကောက်ရဲဘူးဖြစ်နေတယ်။ Death body ကိုဘယ်သူမှမကောက်ရဲကြဘူးဖြစ်နေတာ”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

Zawgyi Version:
လက္ဖက္ရည္ဆိုင္အတြင္းသို႔ PDF အဖြဲ႕က ေသနတ္ျဖစ္လာေရာက္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံးမႈ ေက်ာက္ပန္းေတာင္း ၿမိဳ႕နယ္တြင္ျဖစ္ပြား
သန႔္ဇင္(NP News)-မတ္ ၁
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ေတာင္ဦးေက်း႐ြာရွိ လက္ဖက္ရည္ဆိုင္အတြင္းသို႔ PDF အဖြဲ႕က ေသနတ္ျဖစ္လာ ေရာက္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း ျဖစ္စဥ္အား သိရွိသူတစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၁ရက္)၊ နံနက္ ၁၁ နာရီဝန္းက်င္အခ်ိန္ခန႔္က ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ေတာင္ဦးေက်း႐ြာရွိ Point လက္ဖက္ ရည္ဆိုင္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ေတာင္ဦး႐ြာမွာျဖစ္တာပါ။ ျဖစ္တာက (၁၁)နာရီေလာက္တည္းက ျဖစ္တာပါ။ အခုထိအပစ္ခံရတဲ့လူကို မေကာက္ရေသးဘူးဗ်။ လက္ဖက္ရည္ဆိုင္ထဲမွာ ပစ္သြားတာ။ ဒီေန႔ ေတာင္ဦးေဈးေန႔ဆိုေတာ့ လူအမ်ားႀကီးၾကားထဲကို လာပစ္သြား တာပါ။ PDF (၃) ေယာက္လာပစ္သြားတာ”ဟု သိရွိသူတစ္ဦးက ေျပာသည္။
ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ အသက္ (၃၆) ႏွစ္အ႐ြယ္ အမ်ိဳးသားတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“တစ္ေယာက္ထိတယ္။ စျဖစ္တုန္းက လႈပ္ေသးတယ္။ အခုေတာ့မလႈပ္ေတာ့ဘူး။ သူ႔ကို ဘယ္သူမွလာမၾကည့္ေသးဘူး။ လုံၿခဳံေရးဘက္ ကလည္းမလာဘူး။ ကယ္ဆယ္ေရးဘက္ကလည္းမလာဘူး။ အဲဒီလက္ဖက္ရည္ဆိုင္ကာ ေဈးေဘးေလးတင္ ကပ္ေနတာပါ။ အဲဒါကို ဘယ္သူမွဝင္မေကာက္ရဲဘူးျဖစ္ေနတယ္။ Death body ကိုဘယ္သူမွမေကာက္ရဲၾကဘူးျဖစ္ေနတာ”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။

Related news

© 2021. All rights reserved.