တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးဈေးကွက် သုံးသပ်ချက်

 336

ပြည့်ဖြိုး (NP News)-မတ် ၁
ယခုတစ်ပတ် မြန်မာ့စီးပွားရေး‌ဈေးကွက်အတွင်း ထူးခြားချက်အနေဖြင့် ကမ္ဘာ့ရွှေဈေးများ ပြန် လည်မြင့် တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးများလည်း လိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေ ဈေးမှာ ယခင် တစ်ပတ်က တစ်အောင်စလျှင် ဒေါ်လာ (၅၀ဝဝ)အောက်တွင်သာပေါက်ဈေးရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တစ် အောင်စလျှင် (၅၁၇၇)ဒေါ် လာအထိမြင့်တက်နေခြင်းဖြစ်သည်။
ပြည်တွင်းငွေလဲနှုန်းမှာ အထိုက်အလျောက် မြင့်တက်နေပြီး အမေရိကန်(၁)ဒေါ်လာလျှင် မြန်မာကျပ်ငွေ (၄၀ဝဝ)ကျော်အထိမြင့်တက်နေရာ ပြည်တွင်းရွှေဈေးသည် ကျရိပ်မရှိဘဲ ဆက်လက်မြင့်တက် နေမည်ဖြစ်သည်။ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာဈေးများ အပြောင်းအလဲရှိနေသော်လည်း ပြည်ပမှအဓိက တင်သွင်းနေရသည့် စက်သုံး ဆီဈေးနှုန်းများမှာ ဗဟိုဘဏ်က နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်း ပေးနေခြင်းကြောင့် အတက်အကျ အနည်းငယ်ဖြင့် ဈေးကွက်တည်ငြိမ်နေကြောင်းသိရသည်။ သို့သော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသ များနှင့် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားရာဒေသ များတွင် စက်သုံးဆီဈေးများ မြင့်တက်နေဆဲဖြစ် သည်။ ထို့ပြင် စားအုန်းဆီဈေးများလည်းတည်ငြိမ်နေပြီး ပြည်တွင်းလက်လီဖြန့်ဖြူးသည့် ရည်ညွှန်း ပေါက်ဈေးမှာ စားအုန်းဆီ တစ်ပိဿာလျှင် (၆၃၃၀) ကျပ်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တွင် နေ့စဉ် လူဦး‌ရေ (၂)သန်းခန့် စီးနင်းသွားလာနေသည့် YBS ယာဉ်များတွင် ဝန်ဆောင်မှု အားနည်းခြင်းနှင့် ယာဉ်လိုင်းများအတွင်း ယာဉ်အစီးရေနည်းပါးခြင်းတို့ကြောင့် ခရီးသည်များ အခက်အခဲကြုံတွေ့ နေရကြောင်း ရန်ကုန်မြို့ခံများထံမှသိရသည်။ YBS ယာဉ်များကို တာဝန်ယူကြီးကြပ်သည့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)သည် ဘတ်စကားလိုင်းများနှင့် မော်တော်ယဉ်များ၏လိုအပ် ချက်ကို တာဝန်ယူဖြေရှင်းရန်အားနည်းကြောင်း ပုဂ္ဂ လိကဘတ်စကားလိုင်းပိုင်ရှင်များက ဝေဖန်နေကြ သည်။
ပို့ကုန်/သွင်းကုန်လုပ်ငန်းများအတွင်း ပြည်ပသွင်းကုန်လုပ်ငန်းအချို့ ရပ်ဆိုင်းထားကြောင်း သတင်းများ ထွက်ပေါ်နေပြီး အဓိကရပ်နားလိုက်သော လုပ်ငန်းများမှာ လူသုံးကုန်နှင့် ဆေးဝါးကုမ္ပဏီများဖြစ် ကြောင်းသိရသည်။ လုပ်ငန်းရပ်နားရသည့် အဓိက အကြောင်းအရင်းမှာ သွင်းကုန်လိုင်စင်မရရှိခြင်း ကြောင့် ဖြစ်သည်။ သက်ဆိုင်ရာမှ နိုင်ငံခြားငွေလိုအပ် ချက်အပေါ်မူတည်ကာ ပြည်ပသွင်းကုန်များကိုကန့် သတ်ထားခြင်းကြောင့် လုပ်ငန်းရှင်များ အခက်အခဲ ကြုံတွေ့နေရခြင်းဖြစ်သည်။
ယခင်က ရောင်းအားကောင်းမွန်ခဲ့သော အွန်လိုင်းအရောင်းဆိုင်အချို့မှာ လက်ရှိအချိန်တွင် လုပ်ငန်းရပ်ဆိုင်း ထားကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အထွေထွေကုန်ဈေးနှုန်းများမှာ ဆက်လက်မြင့် မားနေဆဲဖြစ်ပြီး အခြေခံ စားသောက်ကုန်စည်များမှာလည်း ဈေးနှုန်းကျဆင်းသောကုန်စည်နည်းပါးနေသည်။ သို့သော်လည်း ကုန်စိမ်း ဈေးကွက် အတွင်း ဆောင်းရာသီ သီးနှံများ လှိုင်လှိုင်ထွက်ရှိလာခြင်းကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းနေပြီး ရာသီပေါ် သရက်သီးစိမ်းဈေးကွက်မှာ ဈေးကောင်းရရှိနေ ကြောင်းသိရသည်။


(ရွှေဈေး၊ ဒေါ်လာဈေး၊ စက်သုံးဆီနှင့် စားအုန်းဆီ ဈေးကွက်များ)
ပြည်တွင်းရွှေဈေးကွက်သည် ကမ္ဘာ့ရွှေပေါက် ဈေးနှင့်အညီ ဆက်တိုက်မြင့်တက်နေပြီး ဖေဖော်ဝါရီ (၂၄)ရက် တွင် အခေါက်ရွှေတစ်ကျပ်သားလျှင်(၁၀၇)သိန်း(၂)သောင်းကျပ်ဝန်းကျင်သို့ရောက်ရှိနေသည်။ကမ္ဘာ့ရွှေဈေးမှာ ရွှေတစ် အောင်စလျှင် အမေရိကန် ဒေါ်လာ (၅၁၇၇)ဒေါ်လာအထိ ပြန်လည်မြင့်တက်လာ ခြင်းဖြစ်ပြီး ဆက်လက်မြင့် တက်နိုင်ကြောင်း နိုင်ငံတကာရွှေဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ အဘယ်ကြောင့်ဆိုသော် အမေရိ ကန်နိုင်ငံနှင့် အီရန်နိုင်ငံအကြား စစ်ရေးတင်းမာမှုများမှာ လက်ရှိ ရက်ပိုင်းအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ရှိ နေခြင်းကြောင့်ဖြစ်သည်။
ထို့ပြင် ရုရှားနှင့်ယူကရိန်းစစ်ပွဲသည် ငြိမ်းချမ်း ရေးရရန် အလှမ်းဝေးကွာနေသောကြောင့် စစ်ပွဲဆက် လက်ဖြစ် ပွားနေရာ ကမ္ဘာ့ရွှေဝယ်လိုအားမှာ ကျဆင်း ခြင်းနည်းပါးကြောင်းသိရသည်။ ပြည်တွင်းရွှေဈေး မြင့်တက်ရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းများနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေပြီး လတ်တလောတွင် အမေရိကန်ဒေါ်လာဈေးများ အမြင့်ပိုင်း တွင်တည်ငြိမ်နေသည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ သတ်မှတ်ချက်ဈေးနှုန်းမှာ ရွှေတစ်ကျပ် သားလျှင် (၆၉)သိန်းကျပ်အဖြစ် မ‌ပြောင်းလဲဘဲတည်ရှိ နေသည်။ နိုင်ငံတကာနှင့်ပြည်တွင်းရွှေဈေးအတက်အကျ မြန်ဆန်နေခြင်းကြောင့် ရွှေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်းသိရသည်။ အခေါက်ရွှေကို ရွှေဆိုင် အများစုက အရောင်းအဝယ်ရပ် နားထားပြီး (၁၅)ပဲရည်ရွှေထည်များကိုသာ ရောင်းချ နေကြောင်းသိရသည်။
ရွှေဈေးမြင့်တက်ရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းများနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး လတ်တလောတွင် နိုင်ငံခြား ငွေလဲဈေးများမြင့်တက်နေကြောင်းသိရသည်။ နိုင်ငံခြားငွေလဲဈေးနှုန်းမှာ အမေရိကန်(၁) ဒေါ်လာလျှင် လေးထောင် ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး တရုတ်၊ ထိုင်းနှင့် အိန္ဒိယငွေကြေးများမှာလည်း ဈေးနှုန်း အနည်းငယ်မြင့် တက်နေ ကြောင်းသိရသည်။ ဗဟိုဘဏ်မှ စက်သုံးဆီတင်သွင်းသောလုပ်ငန်းများအတွက် လိုအပ်သောနိုင်ငံခြားငွေများကို ဆက်တိုက် ထုတ်ရောင်းပေးနေရာ စက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းအပြောင်းအလဲနည်းပါးကြောင်းသိရသည်။ စက်သုံးဆီဈေးသည် လွန်ခဲ့သော(၂)နှစ်ဝန်းကျင်ခန့်အတွင်း အနိမ့်ဆုံးပေါက်ဈေးသို့ရောက်ရှိနေရာ တစ် လီတာလျှင် (၂၅၀ဝ)ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေ သည်။
နိုင်ငံတကာစက်သုံးဆီဈေးများလည်း ကျဆင်းနေရာ လာမည့်ရက်များအတွင်း စက်သုံးဆီဈေး အကျပိုင်း တွင်သာဆက်လက်ရပ်တည်နေမည်ဖြစ်သည်။ ပြည်ပမှတင်သွင်းရသော စားအုန်းဆီဈေးကွက်မှာ ဈေးနှုန်း များတည် ငြိမ်နေပြီး လက်လီ ရည်ညွှန်းဖြန့် ဖြူးဈေးမှာ တစ်ပိဿာလျှင် (၆၃၃၀)ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်အတွင်း တစ် ပိဿာလျှင် (၁၂၀ဝဝ)ကျပ် ဝန်းကျင်ပေါက်ဈေးရှိနေသည်။ နိုင်ငံတကာ စားအုန်း ဆီဈေးကွက်အတွင်း စားအုန်းဆီ ဈေးများ တည်ငြိမ် နေရာ လာမည့်ရက်များအတွင်း အပြောင်းအလဲနည်း ပါးနိုင်ကြောင်းသိရသည်။
(ရန်ကုန်မြို့ရှိ့ YBS ယာဉ်များနှင့် ခရီးသည် ဝန်ဆောင်မှုဈေးကွက်)
ရန်ကုန်မြို့တွင် ခရီးသည်(၂)သန်းကျော်ကို့ YBS ယာဉ်များဖြင့် ဝန်ဆောင်မှုပြုလုပ်နေသော်လည်း လက်ရှိ အချိန်တွင် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေနေရကြောင်းသိရသည်။ YBS ယာဉ်အများစုမှာ ကြံ့ခိုင်မှုနည်း ပါးခြင်းနှင့် ယာဉ်လိုင်းအများစုမှာ သတ်မှတ် YBS ယာဉ်အစီးရေအပြည့် ပြေးဆွဲမပေး နိုင်ခြင်းများ ကြုံတွေ့နေရခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ(၂၃)ရက်တွင် YBS ယာဉ်တစ်စီးသည် ရန်ကုန်-ဒလတံတားအဆင်း တိုးဂိတ်တွင် အခင်းကြမ်းခင်း ပွင့်ထွက်ပြီး (၅)နှစ်သားကလေးငယ် တစ်ဦးပြုတ်ကျကာ အဆိုပါယာဉ်၏နောက်ဘီးဖြင့် ကြိတ်မိ သေဆုံး သွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ် စဉ်အပါအဝင် YBS ယဉ်များ မီးလောင်သည့်ဖြစ်စဉ် များလည်း မကြာခဏ ဖြစ်ပွားနေရာ YBS ယဉ်များ၏ ကြံ့ခိုင်မှုမှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာနေပြီဖြစ်သည်။
ထို့ပြင် YBS ယာဉ်လိုင်းများသည် ခွင့်ပြုပေး ထားသော ကားအစီးအရေအတွက်အပြည့် ပြေးဆွဲ နိုင်ခြင်းမရှိဘဲ ပြင်နေရသည့်ကား များလာခြင်းကြောင့် ခရီးသည်များမှာ ဘတ်စကားအနည်းငယ်ကိုသာ တိုးဝှေ့စီးနင်းနေရသည်။ YBS ယဉ်အများစုမှာ တောင်ကိုရီးယားနိုင်ငံမှ တစ်ပတ်ရစ်တင်သွင်းထားသောကား များဖြစ်ကြပြီး လက်ရှိအချိန်တွင် သုံးစွဲ သည့်သက်တမ်း နှစ်(၂၀)ကျော်သို့ရောက်ရှိနေပြီဖြစ်ရာ မော်တော်ကား စက်ပိုင်းဆိုင်ရာ အပိုပစ္စည်းများ ဈေးကွက် အတွင်း ဝယ်ယူ၍မရတော့ပေ။ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)သည် ဘတ်စကားယာဉ်လိုင်းများကို စီမံခန့်ခွဲနေသော်လည်း အဓိကလိုအပ်ချက်ဖြစ်သည့် ကားအစီးအရေပြည့်ပြေးဆွဲနိုင်ရန် ဖန်တီးမပေးနိုင် ကြောင်းသိရသည်။ ထို့ပြင်(YRTC)သည် ကုမ္ပဏီ ဘတ်စကားများကို ဒဏ်ကြေးရိုက်ရန်သာ အဓိက ထားဖမ်းဆီးနေခြင်းကြောင့် ကုမ္ပဏီပိုင်ကားများသည် တစ်ဦးချင်း အုံနာပိုင်ကားများအကြား အခက်အခဲဖြစ် ပေါ်နေကြောင်းသိရသည်။ လတ်တလော ရန်ကုန်မြို့တွင် တက္ကစီအငှားကားများမှာ ကားခဈေးနှုန်းများမြင့် တက်လာ သောကြောင့် မြို့ခံလူထုမှာ YBS ယာဉ်များကို ပိုမိုစီးနင်းလာကြသည်။ ခရီးသည်တိုးပွားလာသော်လည်း ဘတ်စကား အစီးရေမှာနည်းပါးနေသော ကြောင့် အခက်အခဲ ပိုမိုဖြစ်ပွားနေသည်။
ရန်ကုန်မြို့ရှိ YBS ယာဉ်များပေါ်တွင် ခါးပိုက် နှိုက်များနှင့် လက်ကိုင်ဖုန်းလုယက်မှုများဖြစ်ပွားနေရာ သက်ဆိုင် ရာမှ ခရီးသွားပြည်သူများအတွက် လုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပိုမိုဆောင်ရွက်ပေး သင့်သည်။ ရန်ကုန်မြို့ရှိ ခွင့်ပြုထားသော YBS ယာဉ်အစီးရေ(၄၀ဝဝ)ကျော်တွင် အစီးရေ (၃၂၀ဝ) မှ(၃၅၀ဝ)အကြားသာ နေစဉ်ပြေးဆွဲနိုင် ကြောင်းသိရသည်။ YBS ယဉ် ခရီးစဉ်တစ်ခုအတွက် ငွေကျပ် (၄၀ဝ)သတ်မှတ်ထားရာ နေ့စဉ် ခရီးသည်ဦး‌ရေ (၁)သိန်းခွဲ ကျော်မှ ငွေကျပ် သန်း(၆၀ဝ)ကျော်ရရှိနေ သည့် ဘတ်စကားဝန်ဆောင်မှုဈေးကွက်ကြီးဖြစ်သည်။
(ပြည်ပသွင်းကုန်ကျဆင်းခြင်းနှင့် သွင်းကုန်လုပ်ငန်းအချို့ ရပ်နားထားခြင်း)
ပြည်တွင်းဒေါ်လာ လိုအပ်ချက်အရသွင်းကုန်လိုင်စင်အချို့ကို သက်ဆိုင်ရာကထုတ်ပေးခြင်းမရှိသောကြောင့် သွင်းကုန်လုပ်ငန်းအချို့လုပ်ငန်းရပ်နား ထားကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အဓိကအားဖြင့် လူသုံးကုန် စည်အချို့မှာ ဈေးကွက်အတွင်း တင်သွင်းနိုင်ခြင်းမရှိသောကြောင့် ရောင်းချစရာ ကုန်စည် လက်ကျန်မရှိတော့ဘဲ လုပ်ငန်းရပ်နားသွားခြင်းဖြစ်သည်။ လုပ်ငန်းရပ်နားရသည့် ပြည်ပသွင်းကုန်များ တွင် အလှကုန်ပစ္စည်းများ၊ ကိုယ်တိုက် ဆပ်ပြာနှင့် အဝတ်လျှော်ဆပ်ပြာများ၊ သွားတိုက်ဆေးများနှင့် အိမ်သုံး ဆေးရုံသုံးဆေးဝါးလုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကိုဗစ်ကပ်ရောဂါကာလအတွင်း အွန်လိုင်းအရောင်းဈေးကွက်မြင့်တက်ခဲ့သော်လည်း လက်ရှိ အချိန်တွင် ပြည်ပသွင်းကုန်ကန့်သတ်ချက်များကြောင့် အွန်လိုင်းအရောင်းလုပ်ငန်းအချို့လည်း ရပ်နားသွားကြောင်း သိရသည်။ အွန်လိုင်းအ‌ရောင်း ဆိုင်များမှာ ပြည်တွင်းမှကုန်စည်ဝယ်ယူသူများရှိနေသော်လည်း ပြည်ပမှတင်သွင်း၍ မရခြင်းကြောင့် လုပ်ငန်းရပ်နားသွားခြင်းဖြစ်သည်။ ထို့ပြင် သက်ဆိုင်ရာမှ တရားမဝင်နှင့် အခွန်ရှောင် တင်သွင်းခြင်း များကို ပြစ်မှတ်ထားအရေးယူနေခြင်းကြောင့် ပြည်ပကုန်စည် ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းပါးသွားခြင်းဖြစ် သည်။ လူသုံးကုန်စည်များမှာ ပြည်တွင်းထုတ်ကုန်စည်များနှင့် အစားထိုးသုံးစွဲနိုင်သော်လည်း အိမ်သုံး ဆေး ရုံသုံးဆေးဝါးများမှာ အာနိသင်တူ အခြားဆေးဝါးများကို ပြောင်းလဲသုံးစွဲနေရခြင်းကြောင့် ရောဂါဝေဒနာ ပျောက်ကင်း ခြင်းမရှိကြောင်းသိရသည်။ ထို့ပြင် နာတာရှည်ရောဂါသည်များနှင့် ရှားပါးရောဂါများအတွက် ဈေးကွက်အတွင်း ဆေးဝါး ရှားပါး ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ရောဂါသည်များ အခက်အခဲကြုံတွေ့နေရသည်။ လာမည့်ရက်များအတွင်း နိုင်ငံရေး အပြောင်း အလဲများဖြစ်ပေါ်လာမည်ဖြစ်သော်လည်း စီးပွားရေးမူ ဝါဒအပြောင်းအလဲ ရှိမရှိ ဆက်လက်စောင့်ကြည့်ရ မည်သာဖြစ်သည်။
(အခြေခံကုန်စည်ဈေးနှုန်း)
ဆောင်းရာသီ ကုန်စိမ်းပေါများချိန်ဖြစ်ပြီး ရာသီ ပေါ်သီးနှံများထွက်ရှိလာပြီဖြစ်ရာ ဒန့်သလွန်သီးတစ် တောင့် (၅၀ဝ)ကျပ်၊ မရမ်းသီးအသေး တစ်ဆယ်သား (၅၀ဝ)ကျပ်၊ မချစ်စုသရက်သီး အလုံးသေး(၄)လုံး (၁၀ဝဝ)ကျပ်ဈေးတို့ဖြင့် ပေါပေါများများတွေ့ရသည်။ မုန်လာဥဖြူတစ်စည်း (၁၀ဝဝ)ကျပ်၊ ဂေါ်ဖီတစ်ထုပ် (၁၀ဝဝ)ကျပ်၊ မုန်လာဥနီ တစ်ဆယ်သား (၁၀ဝဝ) ကျပ်၊ မုန်လာဖြူထုပ် တစ်ဆယ်သား (၅၀ဝ)ကျပ် ဈေးတို့ဖြင့် ယခင်ထက် ဈေးပေါသည်။
မုန်ညင်းရွက်တစ်စည်း (၅၀ဝ)ကျပ်၊ မုန်ညင်းပု တိုတစ်စည်း (၃၅၀)ကျပ်ဈေးတို့ဖြင့် ပုံမှန်အတိုင်းရှိသည်။ ခရမ်းချဉ်သီးများက ဈေးမကျဘဲ တစ်ဆယ် သား (၇၀ဝ)ကျပ်ဈေးဖြင့် အမြင့်ဈေးတွင်သာရှိသည်။ ချဉ်ပေါင်ရွက်တစ်စည်း (၅၀ဝ)ကျပ်၊ သံပရာသီးတစ် လုံး (၅၀ဝ) ကျပ်၊ သံပရိုသီးတစ်လုံး (၅၀ဝ)ကျပ်၊ ခွေးတောက်ရွက်တစ်စည်း (၅၀ဝ)ကျပ်၊ ပူဒီနာတစ် စည်း (၅၀ဝ)ကျပ်၊ ကင်ပွန်းချဉ်ရွက်တစ်စည်း (၈၀ဝ) ကျပ်ဈေးတို့ဖြင့် ဈေးအမြင့်ပိုင်းတွင်ရှိသည်။ ဘူးသီး တစ်လုံး (၅၀ဝဝ)ကျပ်၊ ကျောက်ဖရုံသီးတစ်လုံး (၆၀ဝဝ)ကျပ်၊ ဖရုံသီးတစ်လုံး (၄၀ဝဝ)ကျပ်ဈေးတို့ ဖြင့် ပုံမှန် အတိုင်းရှိသည်။
ရွှေပဲတစ်ဆယ်သား (၁၆၀ဝ)ကျပ်၊ ပဲပုစွန်သီး တစ်ဆယ်သား (၇၀ဝ)ကျပ်၊ ဟင်းနုနယ်ရွက်တစ်စည်း (၆၀ဝ-၇၀ဝ)ကျပ်၊ တရုတ်ကန်စွန်းရွက်တစ်စည်း (၁၀ဝဝ)ကျပ်၊ ကိုက်လန်ရွက်တစ်စည်း (၁၂၀ဝ-၁၃၀ဝ)ကျပ်ဈေးတို့ဖြင့် ပုံမှန်အတိုင်းရှိသည်။ ထူးခြား ချက်အနေဖြင့် ကြက်သားဈေးများ ပြန်တက်လာပြီး စီပီကြက်သားများက (၂၂၀ဝ-၂၃၀ဝ) ကျပ်ဈေး များဖြင့် ဈေးအနည်းငယ် ပြန်လည်မြင့်တက်သည်။ စီပီကြက်အသားလွှာ တစ်ဆယ်သား (၂၅၀ဝ)ကျပ် ဈေးရှိသည်။ စီပီကြက်ပေါင်တစ်ပိုင်း (၄၀ဝဝ)ကျပ်၊ ကြက်ရင်ပုံတစ်ပိုင်း (၆၀ဝဝ)ကျပ်ဈေးများဖြင့် စားသုံး သူများသည်။ ဗမာကြက်များက တစ်ဆယ်သား (၃၅၀ဝ)ကျပ်မှ (၄၀ဝဝ)ကျပ်ဝန်းကျင်အတွင်း မတူညီသောဈေးနှုန်းများဖြင့် အမြင့်ဈေးတွင်ရှိသည်။ ကျန်သည့် ကြက်အမျိုးအစားများက အကောင်လိုက်၊ အခြမ်းလိုက်ရောင်းသူများသည်။
စီပီကြက်တစ်ကောင် (၁၆၀ဝဝ-၁၈၀ဝဝ) ကျပ်၊ ကြက်နီမတစ်ကောင် (၂၅၀ဝဝ)ကျပ်၊ ဒံပေါက် ကြက်တစ် ကောင် (၂၅၀ဝဝ-၃၀ဝဝဝ)ကျပ်၊ ဗမာကြက်တစ်ကောင် (၃၀ဝဝဝ-၃၅၀ဝဝ) ကျပ်ဈေးများ ရှိကြသည်။ ကျန်အသား ငါးဈေးနှုန်းများမှာ ယခင် တစ်ပတ်ကဈေးနှုန်းအတိုင်း အပြောင်းအလဲမရှိ ကြောင်းသိရသည်။ အထွေထွေကုန်ဈေးနှုန်း မြင့် တက်ခြင်းကြောင့် အခြေခံစားသောက်ကုန်စည်များမှာ ဈေးနှုန်းလိုက်ပါမြင့်တက်နေခြင်းဖြစ်ပြီး လာမည့် ရက်များ အတွင်း အပြောင်းအလဲနည်းပါးနိုင်ကြောင်းသိရသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေဈးကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)-မတ္ ၁
ယခုတစ္ပတ္ ျမန္မာ့စီးပြားေရး‌ေဈးကြက္အတြင္း ထူးျခားခ်က္အေနျဖင့္ ကမာၻ႔ေ႐ႊေဈးမ်ား ျပန္ လည္ျမင့္ တက္လာျခင္းေၾကာင့္ ျပည္တြင္းေ႐ႊေဈးမ်ားလည္း လိုက္ပါျမင့္တက္ခဲ့ျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊ ေဈးမွာ ယခင္ တစ္ပတ္က တစ္ေအာင္စလွ်င္ ေဒၚလာ (၅၀ဝဝ)ေအာက္တြင္သာေပါက္ေဈးရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ တစ္ ေအာင္စလွ်င္ (၅၁၇၇)ေဒၚ လာအထိျမင့္တက္ေနျခင္းျဖစ္သည္။
ျပည္တြင္းေငြလဲႏႈန္းမွာ အထိုက္အေလ်ာက္ ျမင့္တက္ေနၿပီး အေမရိကန္(၁)ေဒၚလာလွ်င္ ျမန္မာက်ပ္ေငြ (၄၀ဝဝ)ေက်ာ္အထိျမင့္တက္ေနရာ ျပည္တြင္းေ႐ႊေဈးသည္ က်ရိပ္မရွိဘဲ ဆက္လက္ျမင့္တက္ ေနမည္ျဖစ္သည္။ ေ႐ႊေဈးႏွင့္ အေမရိကန္ေဒၚလာေဈးမ်ား အေျပာင္းအလဲရွိေနေသာ္လည္း ျပည္ပမွအဓိက တင္သြင္းေနရသည့္ စက္သုံး ဆီေဈးႏႈန္းမ်ားမွာ ဗဟိုဘဏ္က ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ထုတ္ေရာင္း ေပးေနျခင္းေၾကာင့္ အတက္အက် အနည္းငယ္ျဖင့္ ေဈးကြက္တည္ၿငိမ္ေနေၾကာင္းသိရသည္။ သို႔ေသာ္လည္း လမ္းပန္းဆက္သြယ္ေရးခက္ခဲေသာေဒသ မ်ားႏွင့္ လက္နက္ကိုင္တိုက္ပြဲမ်ားျဖစ္ပြားရာေဒသ မ်ားတြင္ စက္သုံးဆီေဈးမ်ား ျမင့္တက္ေနဆဲျဖစ္ သည္။ ထို႔ျပင္ စားအုန္းဆီေဈးမ်ားလည္းတည္ၿငိမ္ေနၿပီး ျပည္တြင္းလက္လီျဖန႔္ျဖဴးသည့္ ရည္ၫႊန္း ေပါက္ေဈးမွာ စားအုန္းဆီ တစ္ပိႆာလွ်င္ (၆၃၃၀) က်ပ္ျဖစ္ေၾကာင္းသိရသည္။
ရန္ကုန္ၿမိဳ႕တြင္ ေန႔စဥ္ လူဦး‌ေရ (၂)သန္းခန႔္ စီးနင္းသြားလာေနသည့္ YBS ယာဥ္မ်ားတြင္ ဝန္ေဆာင္မႈ အားနည္းျခင္းႏွင့္ ယာဥ္လိုင္းမ်ားအတြင္း ယာဥ္အစီးေရနည္းပါးျခင္းတို႔ေၾကာင့္ ခရီးသည္မ်ား အခက္အခဲႀကဳံေတြ႕ ေနရေၾကာင္း ရန္ကုန္ၿမိဳ႕ခံမ်ားထံမွသိရသည္။ YBS ယာဥ္မ်ားကို တာဝန္ယူႀကီးၾကပ္သည့္ ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC)သည္ ဘတ္စကားလိုင္းမ်ားႏွင့္ ေမာ္ေတာ္ယဥ္မ်ား၏လိုအပ္ ခ်က္ကို တာဝန္ယူေျဖရွင္းရန္အားနည္းေၾကာင္း ပုဂၢ လိကဘတ္စကားလိုင္းပိုင္ရွင္မ်ားက ေဝဖန္ေနၾက သည္။
ပို႔ကုန္/သြင္းကုန္လုပ္ငန္းမ်ားအတြင္း ျပည္ပသြင္းကုန္လုပ္ငန္းအခ်ိဳ႕ ရပ္ဆိုင္းထားေၾကာင္း သတင္းမ်ား ထြက္ေပၚေနၿပီး အဓိကရပ္နားလိုက္ေသာ လုပ္ငန္းမ်ားမွာ လူသုံးကုန္ႏွင့္ ေဆးဝါးကုမၸဏီမ်ားျဖစ္ ေၾကာင္းသိရသည္။ လုပ္ငန္းရပ္နားရသည့္ အဓိက အေၾကာင္းအရင္းမွာ သြင္းကုန္လိုင္စင္မရရွိျခင္း ေၾကာင့္ ျဖစ္သည္။ သက္ဆိုင္ရာမွ ႏိုင္ငံျခားေငြလိုအပ္ ခ်က္အေပၚမူတည္ကာ ျပည္ပသြင္းကုန္မ်ားကိုကန႔္ သတ္ထားျခင္းေၾကာင့္ လုပ္ငန္းရွင္မ်ား အခက္အခဲ ႀကဳံေတြ႕ေနရျခင္းျဖစ္သည္။
ယခင္က ေရာင္းအားေကာင္းမြန္ခဲ့ေသာ အြန္လိုင္းအေရာင္းဆိုင္အခ်ိဳ႕မွာ လက္ရွိအခ်ိန္တြင္ လုပ္ငန္းရပ္ဆိုင္း ထားေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ အေထြေထြကုန္ေဈးႏႈန္းမ်ားမွာ ဆက္လက္ျမင့္ မားေနဆဲျဖစ္ၿပီး အေျခခံ စားေသာက္ကုန္စည္မ်ားမွာလည္း ေဈးႏႈန္းက်ဆင္းေသာကုန္စည္နည္းပါးေနသည္။ သို႔ေသာ္လည္း ကုန္စိမ္း ေဈးကြက္ အတြင္း ေဆာင္းရာသီ သီးႏွံမ်ား လႈိင္လႈိင္ထြက္ရွိလာျခင္းေၾကာင့္ ေဈးႏႈန္းအနည္းငယ္က်ဆင္းေနၿပီး ရာသီေပၚ သရက္သီးစိမ္းေဈးကြက္မွာ ေဈးေကာင္းရရွိေန ေၾကာင္းသိရသည္။


(ေ႐ႊေဈး၊ ေဒၚလာေဈး၊ စက္သုံးဆီႏွင့္ စားအုန္းဆီ ေဈးကြက္မ်ား)
ျပည္တြင္းေ႐ႊေဈးကြက္သည္ ကမာၻ႔ေ႐ႊေပါက္ ေဈးႏွင့္အညီ ဆက္တိုက္ျမင့္တက္ေနၿပီး ေဖေဖာ္ဝါရီ (၂၄)ရက္ တြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္(၁၀၇)သိန္း(၂)ေသာင္းက်ပ္ဝန္းက်င္သို႔ေရာက္ရွိေနသည္။ကမာၻ႔ေ႐ႊေဈးမွာ ေ႐ႊတစ္ ေအာင္စလွ်င္ အေမရိကန္ ေဒၚလာ (၅၁၇၇)ေဒၚလာအထိ ျပန္လည္ျမင့္တက္လာ ျခင္းျဖစ္ၿပီး ဆက္လက္ျမင့္ တက္ႏိုင္ေၾကာင္း ႏိုင္ငံတကာေ႐ႊေဈးကြက္ကြၽမ္းက်င္သူမ်ားက ခန႔္မွန္းထားသည္။ အဘယ္ေၾကာင့္ဆိုေသာ္ အေမရိ ကန္ႏိုင္ငံႏွင့္ အီရန္ႏိုင္ငံအၾကား စစ္ေရးတင္းမာမႈမ်ားမွာ လက္ရွိ ရက္ပိုင္းအတြင္း အျမင့္ဆုံးအေျခအေနကို ေရာက္ရွိ ေနျခင္းေၾကာင့္ျဖစ္သည္။
ထို႔ျပင္ ႐ုရွားႏွင့္ယူကရိန္းစစ္ပြဲသည္ ၿငိမ္းခ်မ္း ေရးရရန္ အလွမ္းေဝးကြာေနေသာေၾကာင့္ စစ္ပြဲဆက္ လက္ျဖစ္ ပြားေနရာ ကမာၻ႔ေ႐ႊဝယ္လိုအားမွာ က်ဆင္း ျခင္းနည္းပါးေၾကာင္းသိရသည္။ ျပည္တြင္းေ႐ႊေဈး ျမင့္တက္ရျခင္းမွာ ႏိုင္ငံျခားေငြလဲႏႈန္းမ်ားႏွင့္လည္း တိုက္႐ိုက္သက္ဆိုင္ေနၿပီး လတ္တေလာတြင္ အေမရိကန္ေဒၚလာေဈးမ်ား အျမင့္ပိုင္း တြင္တည္ၿငိမ္ေနသည္။ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA)၏ သတ္မွတ္ခ်က္ေဈးႏႈန္းမွာ ေ႐ႊတစ္က်ပ္ သားလွ်င္ (၆၉)သိန္းက်ပ္အျဖစ္ မ‌ေျပာင္းလဲဘဲတည္ရွိ ေနသည္။ ႏိုင္ငံတကာႏွင့္ျပည္တြင္းေ႐ႊေဈးအတက္အက် ျမန္ဆန္ေနျခင္းေၾကာင့္ ေ႐ႊေဈးကြက္အတြင္း အေရာင္းအဝယ္ေအးေနေၾကာင္းသိရသည္။ အေခါက္ေ႐ႊကို ေ႐ႊဆိုင္ အမ်ားစုက အေရာင္းအဝယ္ရပ္ နားထားၿပီး (၁၅)ပဲရည္ေ႐ႊထည္မ်ားကိုသာ ေရာင္းခ် ေနေၾကာင္းသိရသည္။
ေ႐ႊေဈးျမင့္တက္ရျခင္းမွာ ႏိုင္ငံျခားေငြလဲႏႈန္းမ်ားႏွင့္ တိုက္႐ိုက္သက္ဆိုင္ေနၿပီး လတ္တေလာတြင္ ႏိုင္ငံျခား ေငြလဲေဈးမ်ားျမင့္တက္ေနေၾကာင္းသိရသည္။ ႏိုင္ငံျခားေငြလဲေဈးႏႈန္းမွာ အေမရိကန္(၁) ေဒၚလာလွ်င္ ေလးေထာင္ က်ပ္ဝန္းက်င္ ေပါက္ေဈးရွိၿပီး တ႐ုတ္၊ ထိုင္းႏွင့္ အိႏၵိယေငြေၾကးမ်ားမွာလည္း ေဈးႏႈန္း အနည္းငယ္ျမင့္ တက္ေန ေၾကာင္းသိရသည္။ ဗဟိုဘဏ္မွ စက္သုံးဆီတင္သြင္းေသာလုပ္ငန္းမ်ားအတြက္ လိုအပ္ေသာႏိုင္ငံျခားေငြမ်ားကို ဆက္တိုက္ ထုတ္ေရာင္းေပးေနရာ စက္သုံးဆီေဈးကြက္အတြင္း ေဈးႏႈန္းအေျပာင္းအလဲနည္းပါးေၾကာင္းသိရသည္။ စက္သုံးဆီေဈးသည္ လြန္ခဲ့ေသာ(၂)ႏွစ္ဝန္းက်င္ခန႔္အတြင္း အနိမ့္ဆုံးေပါက္ေဈးသို႔ေရာက္ရွိေနရာ တစ္ လီတာလွ်င္ (၂၅၀ဝ)က်ပ္ဝန္းက်င္ ေပါက္ေဈးရွိေန သည္။
ႏိုင္ငံတကာစက္သုံးဆီေဈးမ်ားလည္း က်ဆင္းေနရာ လာမည့္ရက္မ်ားအတြင္း စက္သုံးဆီေဈး အက်ပိုင္း တြင္သာဆက္လက္ရပ္တည္ေနမည္ျဖစ္သည္။ ျပည္ပမွတင္သြင္းရေသာ စားအုန္းဆီေဈးကြက္မွာ ေဈးႏႈန္း မ်ားတည္ ၿငိမ္ေနၿပီး လက္လီ ရည္ၫႊန္းျဖန႔္ ျဖဴးေဈးမွာ တစ္ပိႆာလွ်င္ (၆၃၃၀)က်ပ္ျဖစ္ၿပီး ျပင္ပေဈးကြက္အတြင္း တစ္ ပိႆာလွ်င္ (၁၂၀ဝဝ)က်ပ္ ဝန္းက်င္ေပါက္ေဈးရွိေနသည္။ ႏိုင္ငံတကာ စားအုန္း ဆီေဈးကြက္အတြင္း စားအုန္းဆီ ေဈးမ်ား တည္ၿငိမ္ ေနရာ လာမည့္ရက္မ်ားအတြင္း အေျပာင္းအလဲနည္း ပါးႏိုင္ေၾကာင္းသိရသည္။
(ရန္ကုန္ၿမိဳ႕ရွိ႕ YBS ယာဥ္မ်ားႏွင့္ ခရီးသည္ ဝန္ေဆာင္မႈေဈးကြက္)
ရန္ကုန္ၿမိဳ႕တြင္ ခရီးသည္(၂)သန္းေက်ာ္ကို႔ YBS ယာဥ္မ်ားျဖင့္ ဝန္ေဆာင္မႈျပဳလုပ္ေနေသာ္လည္း လက္ရွိ အခ်ိန္တြင္ ခရီးသြားျပည္သူမ်ား အခက္အခဲ ႀကဳံေတြေနရေၾကာင္းသိရသည္။ YBS ယာဥ္အမ်ားစုမွာ ႀကံ့ခိုင္မႈနည္း ပါးျခင္းႏွင့္ ယာဥ္လိုင္းအမ်ားစုမွာ သတ္မွတ္ YBS ယာဥ္အစီးေရအျပည့္ ေျပးဆြဲမေပး ႏိုင္ျခင္းမ်ား ႀကဳံေတြ႕ေနရျခင္း ျဖစ္သည္။
ေဖေဖာ္ဝါရီ(၂၃)ရက္တြင္ YBS ယာဥ္တစ္စီးသည္ ရန္ကုန္-ဒလတံတားအဆင္း တိုးဂိတ္တြင္ အခင္းၾကမ္းခင္း ပြင့္ထြက္ၿပီး (၅)ႏွစ္သားကေလးငယ္ တစ္ဦးျပဳတ္က်ကာ အဆိုပါယာဥ္၏ေနာက္ဘီးျဖင့္ ႀကိတ္မိ ေသဆုံး သြားခဲ့ေၾကာင္း သိရသည္။ ယင္းျဖစ္ စဥ္အပါအဝင္ YBS ယဥ္မ်ား မီးေလာင္သည့္ျဖစ္စဥ္ မ်ားလည္း မၾကာခဏ ျဖစ္ပြားေနရာ YBS ယဥ္မ်ား၏ ႀကံ့ခိုင္မႈမွာ ေမးခြန္းထုတ္ဖြယ္ ျဖစ္လာေနၿပီျဖစ္သည္။
ထို႔ျပင္ YBS ယာဥ္လိုင္းမ်ားသည္ ခြင့္ျပဳေပး ထားေသာ ကားအစီးအေရအတြက္အျပည့္ ေျပးဆြဲ ႏိုင္ျခင္းမရွိဘဲ ျပင္ေနရသည့္ကား မ်ားလာျခင္းေၾကာင့္ ခရီးသည္မ်ားမွာ ဘတ္စကားအနည္းငယ္ကိုသာ တိုးေဝွ႔စီးနင္းေနရသည္။ YBS ယဥ္အမ်ားစုမွာ ေတာင္ကိုရီးယားႏိုင္ငံမွ တစ္ပတ္ရစ္တင္သြင္းထားေသာကား မ်ားျဖစ္ၾကၿပီး လက္ရွိအခ်ိန္တြင္ သုံးစြဲ သည့္သက္တမ္း ႏွစ္(၂၀)ေက်ာ္သို႔ေရာက္ရွိေနၿပီျဖစ္ရာ ေမာ္ေတာ္ကား စက္ပိုင္းဆိုင္ရာ အပိုပစၥည္းမ်ား ေဈးကြက္ အတြင္း ဝယ္ယူ၍မရေတာ့ေပ။ ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC)သည္ ဘတ္စကားယာဥ္လိုင္းမ်ားကို စီမံခန႔္ခြဲေနေသာ္လည္း အဓိကလိုအပ္ခ်က္ျဖစ္သည့္ ကားအစီးအေရျပည့္ေျပးဆြဲႏိုင္ရန္ ဖန္တီးမေပးႏိုင္ ေၾကာင္းသိရသည္။ ထို႔ျပင္(YRTC)သည္ ကုမၸဏီ ဘတ္စကားမ်ားကို ဒဏ္ေၾကး႐ိုက္ရန္သာ အဓိက ထားဖမ္းဆီးေနျခင္းေၾကာင့္ ကုမၸဏီပိုင္ကားမ်ားသည္ တစ္ဦးခ်င္း အုံနာပိုင္ကားမ်ားအၾကား အခက္အခဲျဖစ္ ေပၚေနေၾကာင္းသိရသည္။ လတ္တေလာ ရန္ကုန္ၿမိဳ႕တြင္ တကၠစီအငွားကားမ်ားမွာ ကားခေဈးႏႈန္းမ်ားျမင့္ တက္လာ ေသာေၾကာင့္ ၿမိဳ႕ခံလူထုမွာ YBS ယာဥ္မ်ားကို ပိုမိုစီးနင္းလာၾကသည္။ ခရီးသည္တိုးပြားလာေသာ္လည္း ဘတ္စကား အစီးေရမွာနည္းပါးေနေသာ ေၾကာင့္ အခက္အခဲ ပိုမိုျဖစ္ပြားေနသည္။
ရန္ကုန္ၿမိဳ႕ရွိ YBS ယာဥ္မ်ားေပၚတြင္ ခါးပိုက္ ႏႈိက္မ်ားႏွင့္ လက္ကိုင္ဖုန္းလုယက္မႈမ်ားျဖစ္ပြားေနရာ သက္ဆိုင္ ရာမွ ခရီးသြားျပည္သူမ်ားအတြက္ လုံၿခဳံ ေရးႏွင့္ တရားဥပေဒစိုးမိုးေရးကို ပိုမိုေဆာင္႐ြက္ေပး သင့္သည္။ ရန္ကုန္ၿမိဳ႕ရွိ ခြင့္ျပဳထားေသာ YBS ယာဥ္အစီးေရ(၄၀ဝဝ)ေက်ာ္တြင္ အစီးေရ (၃၂၀ဝ) မွ(၃၅၀ဝ)အၾကားသာ ေနစဥ္ေျပးဆြဲႏိုင္ ေၾကာင္းသိရသည္။ YBS ယဥ္ ခရီးစဥ္တစ္ခုအတြက္ ေငြက်ပ္ (၄၀ဝ)သတ္မွတ္ထားရာ ေန႔စဥ္ ခရီးသည္ဦး‌ေရ (၁)သိန္းခြဲ ေက်ာ္မွ ေငြက်ပ္ သန္း(၆၀ဝ)ေက်ာ္ရရွိေန သည့္ ဘတ္စကားဝန္ေဆာင္မႈေဈးကြက္ႀကီးျဖစ္သည္။
(ျပည္ပသြင္းကုန္က်ဆင္းျခင္းႏွင့္ သြင္းကုန္လုပ္ငန္းအခ်ိဳ႕ ရပ္နားထားျခင္း)
ျပည္တြင္းေဒၚလာ လိုအပ္ခ်က္အရသြင္းကုန္လိုင္စင္အခ်ိဳ႕ကို သက္ဆိုင္ရာကထုတ္ေပးျခင္းမရွိေသာေၾကာင့္ သြင္းကုန္လုပ္ငန္းအခ်ိဳ႕လုပ္ငန္းရပ္နား ထားေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ အဓိကအားျဖင့္ လူသုံးကုန္ စည္အခ်ိဳ႕မွာ ေဈးကြက္အတြင္း တင္သြင္းႏိုင္ျခင္းမရွိေသာေၾကာင့္ ေရာင္းခ်စရာ ကုန္စည္ လက္က်န္မရွိေတာ့ဘဲ လုပ္ငန္းရပ္နားသြားျခင္းျဖစ္သည္။ လုပ္ငန္းရပ္နားရသည့္ ျပည္ပသြင္းကုန္မ်ား တြင္ အလွကုန္ပစၥည္းမ်ား၊ ကိုယ္တိုက္ ဆပ္ျပာႏွင့္ အဝတ္ေလွ်ာ္ဆပ္ျပာမ်ား၊ သြားတိုက္ေဆးမ်ားႏွင့္ အိမ္သုံး ေဆး႐ုံသုံးေဆးဝါးလုပ္ငန္းမ်ား ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ကိုဗစ္ကပ္ေရာဂါကာလအတြင္း အြန္လိုင္းအေရာင္းေဈးကြက္ျမင့္တက္ခဲ့ေသာ္လည္း လက္ရွိ အခ်ိန္တြင္ ျပည္ပသြင္းကုန္ကန႔္သတ္ခ်က္မ်ားေၾကာင့္ အြန္လိုင္းအေရာင္းလုပ္ငန္းအခ်ိဳ႕လည္း ရပ္နားသြားေၾကာင္း သိရသည္။ အြန္လိုင္းအ‌ေရာင္း ဆိုင္မ်ားမွာ ျပည္တြင္းမွကုန္စည္ဝယ္ယူသူမ်ားရွိေနေသာ္လည္း ျပည္ပမွတင္သြင္း၍ မရျခင္းေၾကာင့္ လုပ္ငန္းရပ္နားသြားျခင္းျဖစ္သည္။ ထို႔ျပင္ သက္ဆိုင္ရာမွ တရားမဝင္ႏွင့္ အခြန္ေရွာင္ တင္သြင္းျခင္း မ်ားကို ျပစ္မွတ္ထားအေရးယူေနျခင္းေၾကာင့္ ျပည္ပကုန္စည္ ေဈးကြက္အတြင္း ဝင္ေရာက္မႈနည္းပါးသြားျခင္းျဖစ္ သည္။ လူသုံးကုန္စည္မ်ားမွာ ျပည္တြင္းထုတ္ကုန္စည္မ်ားႏွင့္ အစားထိုးသုံးစြဲႏိုင္ေသာ္လည္း အိမ္သုံး ေဆး ႐ုံသုံးေဆးဝါးမ်ားမွာ အာနိသင္တူ အျခားေဆးဝါးမ်ားကို ေျပာင္းလဲသုံးစြဲေနရျခင္းေၾကာင့္ ေရာဂါေဝဒနာ ေပ်ာက္ကင္း ျခင္းမရွိေၾကာင္းသိရသည္။ ထို႔ျပင္ နာတာရွည္ေရာဂါသည္မ်ားႏွင့္ ရွားပါးေရာဂါမ်ားအတြက္ ေဈးကြက္အတြင္း ေဆးဝါး ရွားပါး ျပတ္လပ္မႈျဖစ္ေပၚေနၿပီး ေရာဂါသည္မ်ား အခက္အခဲႀကဳံေတြ႕ေနရသည္။ လာမည့္ရက္မ်ားအတြင္း ႏိုင္ငံေရး အေျပာင္း အလဲမ်ားျဖစ္ေပၚလာမည္ျဖစ္ေသာ္လည္း စီးပြားေရးမူ ဝါဒအေျပာင္းအလဲ ရွိမရွိ ဆက္လက္ေစာင့္ၾကည့္ရ မည္သာျဖစ္သည္။
(အေျခခံကုန္စည္ေဈးႏႈန္း)
ေဆာင္းရာသီ ကုန္စိမ္းေပါမ်ားခ်ိန္ျဖစ္ၿပီး ရာသီ ေပၚသီးႏွံမ်ားထြက္ရွိလာၿပီျဖစ္ရာ ဒန႔္သလြန္သီးတစ္ ေတာင့္ (၅၀ဝ)က်ပ္၊ မရမ္းသီးအေသး တစ္ဆယ္သား (၅၀ဝ)က်ပ္၊ မခ်စ္စုသရက္သီး အလုံးေသး(၄)လုံး (၁၀ဝဝ)က်ပ္ေဈးတို႔ျဖင့္ ေပါေပါမ်ားမ်ားေတြ႕ရသည္။ မုန္လာဥျဖဴတစ္စည္း (၁၀ဝဝ)က်ပ္၊ ေဂၚဖီတစ္ထုပ္ (၁၀ဝဝ)က်ပ္၊ မုန္လာဥနီ တစ္ဆယ္သား (၁၀ဝဝ) က်ပ္၊ မုန္လာျဖဴထုပ္ တစ္ဆယ္သား (၅၀ဝ)က်ပ္ ေဈးတို႔ျဖင့္ ယခင္ထက္ ေဈးေပါသည္။
မုန္ညင္း႐ြက္တစ္စည္း (၅၀ဝ)က်ပ္၊ မုန္ညင္းပု တိုတစ္စည္း (၃၅၀)က်ပ္ေဈးတို႔ျဖင့္ ပုံမွန္အတိုင္းရွိသည္။ ခရမ္းခ်ဥ္သီးမ်ားက ေဈးမက်ဘဲ တစ္ဆယ္ သား (၇၀ဝ)က်ပ္ေဈးျဖင့္ အျမင့္ေဈးတြင္သာရွိသည္။ ခ်ဥ္ေပါင္႐ြက္တစ္စည္း (၅၀ဝ)က်ပ္၊ သံပရာသီးတစ္ လုံး (၅၀ဝ) က်ပ္၊ သံပ႐ိုသီးတစ္လုံး (၅၀ဝ)က်ပ္၊ ေခြးေတာက္႐ြက္တစ္စည္း (၅၀ဝ)က်ပ္၊ ပူဒီနာတစ္ စည္း (၅၀ဝ)က်ပ္၊ ကင္ပြန္းခ်ဥ္႐ြက္တစ္စည္း (၈၀ဝ) က်ပ္ေဈးတို႔ျဖင့္ ေဈးအျမင့္ပိုင္းတြင္ရွိသည္။ ဘူးသီး တစ္လုံး (၅၀ဝဝ)က်ပ္၊ ေက်ာက္ဖ႐ုံသီးတစ္လုံး (၆၀ဝဝ)က်ပ္၊ ဖ႐ုံသီးတစ္လုံး (၄၀ဝဝ)က်ပ္ေဈးတို႔ ျဖင့္ ပုံမွန္ အတိုင္းရွိသည္။
ေ႐ႊပဲတစ္ဆယ္သား (၁၆၀ဝ)က်ပ္၊ ပဲပုစြန္သီး တစ္ဆယ္သား (၇၀ဝ)က်ပ္၊ ဟင္းႏုနယ္႐ြက္တစ္စည္း (၆၀ဝ-၇၀ဝ)က်ပ္၊ တ႐ုတ္ကန္စြန္း႐ြက္တစ္စည္း (၁၀ဝဝ)က်ပ္၊ ကိုက္လန္႐ြက္တစ္စည္း (၁၂၀ဝ-၁၃၀ဝ)က်ပ္ေဈးတို႔ျဖင့္ ပုံမွန္အတိုင္းရွိသည္။ ထူးျခား ခ်က္အေနျဖင့္ ၾကက္သားေဈးမ်ား ျပန္တက္လာၿပီး စီပီၾကက္သားမ်ားက (၂၂၀ဝ-၂၃၀ဝ) က်ပ္ေဈး မ်ားျဖင့္ ေဈးအနည္းငယ္ ျပန္လည္ျမင့္တက္သည္။ စီပီၾကက္အသားလႊာ တစ္ဆယ္သား (၂၅၀ဝ)က်ပ္ ေဈးရွိသည္။ စီပီၾကက္ေပါင္တစ္ပိုင္း (၄၀ဝဝ)က်ပ္၊ ၾကက္ရင္ပုံတစ္ပိုင္း (၆၀ဝဝ)က်ပ္ေဈးမ်ားျဖင့္ စားသုံး သူမ်ားသည္။ ဗမာၾကက္မ်ားက တစ္ဆယ္သား (၃၅၀ဝ)က်ပ္မွ (၄၀ဝဝ)က်ပ္ဝန္းက်င္အတြင္း မတူညီေသာေဈးႏႈန္းမ်ားျဖင့္ အျမင့္ေဈးတြင္ရွိသည္။ က်န္သည့္ ၾကက္အမ်ိဳးအစားမ်ားက အေကာင္လိုက္၊ အျခမ္းလိုက္ေရာင္းသူမ်ားသည္။
စီပီၾကက္တစ္ေကာင္ (၁၆၀ဝဝ-၁၈၀ဝဝ) က်ပ္၊ ၾကက္နီမတစ္ေကာင္ (၂၅၀ဝဝ)က်ပ္၊ ဒံေပါက္ ၾကက္တစ္ ေကာင္ (၂၅၀ဝဝ-၃၀ဝဝဝ)က်ပ္၊ ဗမာၾကက္တစ္ေကာင္ (၃၀ဝဝဝ-၃၅၀ဝဝ) က်ပ္ေဈးမ်ား ရွိၾကသည္။ က်န္အသား ငါးေဈးႏႈန္းမ်ားမွာ ယခင္ တစ္ပတ္ကေဈးႏႈန္းအတိုင္း အေျပာင္းအလဲမရွိ ေၾကာင္းသိရသည္။ အေထြေထြကုန္ေဈးႏႈန္း ျမင့္ တက္ျခင္းေၾကာင့္ အေျခခံစားေသာက္ကုန္စည္မ်ားမွာ ေဈးႏႈန္းလိုက္ပါျမင့္တက္ေနျခင္းျဖစ္ၿပီး လာမည့္ ရက္မ်ား အတြင္း အေျပာင္းအလဲနည္းပါးႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.