အီရန်ကနေ ချက်ချင်းထွက်ခွာကြဖို့ နိုင်ငံသားတွေအားလုံးကို တရုတ်အစိုးရ တိုက်တွန်း

 388

Pika (NP News) - မတ် ၁

အီရန်နိုင်ငံတွင်းကနေ အမြန်ဆုံး ချက်ချင်းထွက်ခွါကြဖို့ ၎င်းရဲ့နိုင်ငံသားတွေအားလုံးကို တရုတ်အစိုးရက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးနဲ့အီရန်တို့ကြားမှာ တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ တရုတ်အစိုးရက ယခုတိုက်တွန်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက "အီရန်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေအားလုံးကို နိုင်ငံတွင်းကနေအမြန်ဆုံးချက်ချင်းထွက်ခွါကြဖို့ တိုက်တွန်းထားပါတယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်ကလည်း အီရန်အနီးမှာ ကြီးမားတဲ့စစ်ရေးတည်ဆောက်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ အခြေအနေတွေက ပိုမိုဆိုးရွားလာခဲ့တာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း အီရန်ရဲ့နျူကလီးယားအရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့အစ္စရေးတို့က အီရန်ကို ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် အီရန်ဘက်မှာ လူသေဆုံးမှုတွေအပြင် ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အီရန္ကေန ခ်က္ခ်င္းထြက္ခြာၾကဖို႔ ႏိုင္ငံသားေတြအားလုံးကို တ႐ုတ္အစိုးရ တိုက္တြန္း
Pika (NP News) - မတ္ ၁
အီရန္ႏိုင္ငံတြင္းကေန အျမန္ဆုံး ခ်က္ခ်င္းထြက္ခြါၾကဖို႔ ၎ရဲ႕ႏိုင္ငံသားေတြအားလုံးကို တ႐ုတ္အစိုးရက တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
အစၥေရးနဲ႔အီရန္တို႔ၾကားမွာ တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ တ႐ုတ္အစိုးရက ယခုတိုက္တြန္းေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက "အီရန္မွာရွိတဲ့ တ႐ုတ္ႏိုင္ငံသားေတြအားလုံးကို ႏိုင္ငံတြင္းကေနအျမန္ဆုံးခ်က္ခ်င္းထြက္ခြါၾကဖို႔ တိုက္တြန္းထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္ကလည္း အီရန္အနီးမွာ ႀကီးမားတဲ့စစ္ေရးတည္ေဆာက္မႈတစ္ခုကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ အေျခအေနေတြက ပိုမိုဆိုး႐ြားလာခဲ့တာပဲျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း အီရန္ရဲ႕န်ဴကလီးယားအေရးနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔အစၥေရးတို႔က အီရန္ကို ပူးေပါင္းတိုက္ခိုက္ခဲ့တာေၾကာင့္ အီရန္ဘက္မွာ လူေသဆုံးမႈေတြအျပင္ ပ်က္စီးဆုံးရႈံးမႈ မ်ားစြာရွိခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.