အမေရိကန်နှင့် အစ္စရေး ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်စစ်ဦးစီးချုပ် သေဆုံး

1785

ဂျန်ဇက်(NP News)-မတ် ၁
အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းစစ်ဆင်ရေးအတွင်း အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အာယတိုလာ အလီ ခါမေနီ အပြင် တပ်မတော်စစ်ဦးစီးချုပ် အဗ္ဗိုဒ်ရာဟင်မ် မော်ဆာဗီ တို့ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညပိုင်းက စတင်ခဲ့သော အစ္စရေး နှင့် အမေရိကန်တို့၏လေကြောင်းနှင့် ဒုံးကျည် တိုက်ခိုက်မှုများသည် အီရန်နိုင်ငံတီဟီရန်မြို့ရှိ အစိုးရခေါင်းဆောင်များ၏ နေရာများ၊ နျူကလီးယား အဆောက်အအုံများနှင့် အဓိက စစ်ရေးပစ်မှတ်များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အီရန် စစ်ရေးယန္တရားကို ဦးဆောင်နေသည့် ထိပ်တန်းအရာရှိကြီးဖြစ်သူ စစ်ဦးစီးချုပ် မော်ဆာဗီ သည် ၎င်း၏ လုံခြုံရေးစခန်းတွင် ကျဆုံးခဲ့ကြောင်း သိရသည်။ဗိုလ်ချုပ်ကြီး မော်ဆာဗီသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဗိုလ်ချုပ်ကြီးမိုဟာမက် ဘာဂါရီ၏ နေရာတွင် အစားထိုး ခန့်အပ်ခံထားရသူဖြစ်ကြောင်း သိရသည်။ ဆယ်စုနှစ် သုံးခုကျော်ကြာ အီရန်နိုင်ငံကို လွှမ်းမိုးအုပ်ချုပ်ခဲ့သော အသက် ၈၆ နှစ်အရွယ် အာယာတိုလာ အလီ ခါမေနီ သေဆုံးမှုနှင့် ပတ်သက်ပြီး အီရန်အစိုးရကအီရန်နိုင်ငံတစ်ဝန်းတွင် ရက်ပေါင်း ၄၀ ကြာ နိုင်ငံတော်ပူဆွေးသောကကာလအဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာထားသည်။အစ္စရေးအစိုးရက စစ်ဆင်ရေးအတွင်း အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ် (IRGC) မှ အခြားသော ထိပ်ပိုင်းခေါင်းဆောင်များ၊ ကာကွယ်ရေးဝန်ကြီးနှင့် ထိပ်တန်းအကြံပေးများလည်း သေဆုံးခဲ့ကြောင်း သိရသည်။အီရန်အစိုးရ၏ အဓိကမဏ္ဍိုင်များ ပြိုကျသွားမှုကြောင့် အီရန်စစ်တပ်နှင့် ဒေသတွင်းရှိ ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများကို ကြီးမားသော သက်ရောက်မူဖြစ်လာနိုင်ကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္ႏွင့္ အစၥေရး ပူးေပါင္းတိုက္ခိုက္မႈေၾကာင့္ အီရန္စစ္ဦးစီးခ်ဳပ္ ေသဆုံး
ဂ်န္ဇက္(NP News)-မတ္ ၁
အေမရိကန္ႏွင့္ အစၥေရးတို႔၏ ပူးေပါင္းစစ္ဆင္ေရးအတြင္း အီရန္ႏိုင္ငံ၏ အျမင့္ဆုံးေခါင္းေဆာင္ အာယတိုလာ အလီ ခါေမနီ အျပင္ တပ္မေတာ္စစ္ဦးစီးခ်ဳပ္ အဗၺိဳဒ္ရာဟင္မ္ ေမာ္ဆာဗီ တို႔ ေသဆုံးသြားၿပီျဖစ္ေၾကာင္း အီရန္ႏိုင္ငံပိုင္ သတင္းဌာနက သတင္းထုတ္ျပန္ထားသည္။ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ ညပိုင္းက စတင္ခဲ့ေသာ အစၥေရး ႏွင့္ အေမရိကန္တို႔၏ေလေၾကာင္းႏွင့္ ဒုံးက်ည္ တိုက္ခိုက္မႈမ်ားသည္ အီရန္ႏိုင္ငံတီဟီရန္ၿမိဳ႕ရွိ အစိုးရေခါင္းေဆာင္မ်ား၏ ေနရာမ်ား၊ န်ဴကလီးယား အေဆာက္အအုံမ်ားႏွင့္ အဓိက စစ္ေရးပစ္မွတ္မ်ားကို ပစ္မွတ္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။အီရန္ စစ္ေရးယႏၲရားကို ဦးေဆာင္ေနသည့္ ထိပ္တန္းအရာရွိႀကီးျဖစ္သူ စစ္ဦးစီးခ်ဳပ္ ေမာ္ဆာဗီ သည္ ၎၏ လုံၿခဳံေရးစခန္းတြင္ က်ဆုံးခဲ့ေၾကာင္း သိရသည္။ဗိုလ္ခ်ဳပ္ႀကီး ေမာ္ဆာဗီသည္ ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္က အစၥေရးေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေသဆုံးခဲ့သည့္ ဗိုလ္ခ်ဳပ္ႀကီးမိုဟာမက္ ဘာဂါရီ၏ ေနရာတြင္ အစားထိုး ခန႔္အပ္ခံထားရသူျဖစ္ေၾကာင္း သိရသည္။ ဆယ္စုႏွစ္ သုံးခုေက်ာ္ၾကာ အီရန္ႏိုင္ငံကို လႊမ္းမိုးအုပ္ခ်ဳပ္ခဲ့ေသာ အသက္ ၈၆ ႏွစ္အ႐ြယ္ အာယာတိုလာ အလီ ခါေမနီ ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး အီရန္အစိုးရကအီရန္ႏိုင္ငံတစ္ဝန္းတြင္ ရက္ေပါင္း ၄၀ ၾကာ ႏိုင္ငံေတာ္ပူေဆြးေသာကကာလအျဖစ္ သတ္မွတ္လိုက္ေၾကာင္း ေၾကညာထားသည္။အစၥေရးအစိုးရက စစ္ဆင္ေရးအတြင္း အစၥလာမၼစ္ ေတာ္လွန္ေရး အေစာင့္တပ္ (IRGC) မွ အျခားေသာ ထိပ္ပိုင္းေခါင္းေဆာင္မ်ား၊ ကာကြယ္ေရးဝန္ႀကီးႏွင့္ ထိပ္တန္းအႀကံေပးမ်ားလည္း ေသဆုံးခဲ့ေၾကာင္း သိရသည္။အီရန္အစိုးရ၏ အဓိကမ႑ိဳင္မ်ား ၿပိဳက်သြားမႈေၾကာင့္ အီရန္စစ္တပ္ႏွင့္ ေဒသတြင္းရွိ ၎တို႔၏ လက္ေအာက္ခံ အဖြဲ႕အစည္းမ်ားကို ႀကီးမားေသာ သက္ေရာက္မူျဖစ္လာႏိုင္ေၾကာင္းသိရသည္။