မကွေးမြို့နယ်တွင် PDF အဖွဲ့က‌ ရွာအတွင်းဝင်ကာဒေသခံ (၅) ဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်

 635

သန့်ဇင် (NP News)-မတ် ၁
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် PDF အဖွဲ့က‌ ရွာအတွင်းဝင်ကာဒေသခံ (၅) ဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယ‌မန်နေ့ (ဖေဖော်ဝါရီ ၂၈ ရက်)၊ ည ၁၁ နာရီ ၅၏ မိနစ်အချိန်ခန့်က မကွေးမြို့နယ်၊ သက်ရင်းတောကျေးရွာအုပ်စု၊ စည်ပင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအတွင်းသို့ PDF ကရောက်ရှိလာပြီး ကျေးရွာတွင်းနေထိုင်သူများအား အကြောင်းမဲ့လာရောက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ယင်းကျေးရွာတွင်‌ေနထိုင်သည့် ဦးလှမြင့်ဦး၊ ဦးလှရွှေဦး၊ ဦးအေးလွင်၊ ဦးထွန်းမြင့် နှင့် ဒေါ်မိုမိုးတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

Zawgyi Version:
မေကြးၿမိဳ႕နယ္တြင္ PDF အဖြဲ႕က‌ ႐ြာအတြင္းဝင္ကာေဒသခံ (၅) ဦးကို အေၾကာင္းမဲ့ပစ္ခတ္သတ္ျဖတ္
သန႔္ဇင္ (NP News)-မတ္ ၁
မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္တြင္ PDF အဖြဲ႕က‌ ႐ြာအတြင္းဝင္ကာေဒသခံ (၅) ဦးကို အေၾကာင္းမဲ့ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယ‌မန္ေန႔ (ေဖေဖာ္ဝါရီ ၂၈ ရက္)၊ ည ၁၁ နာရီ ၅၏ မိနစ္အခ်ိန္ခန႔္က မေကြးၿမိဳ႕နယ္၊ သက္ရင္းေတာေက်း႐ြာအုပ္စု၊ စည္ပင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာအတြင္းသို႔ PDF ကေရာက္ရွိလာၿပီး ေက်း႐ြာတြင္းေနထိုင္သူမ်ားအား အေၾကာင္းမဲ့လာေရာက္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ယင္းေက်း႐ြာတြင္‌ေနထိုင္သည့္ ဦးလွျမင့္ဦး၊ ဦးလွေ႐ႊဦး၊ ဦးေအးလြင္၊ ဦးထြန္းျမင့္ ႏွင့္ ေဒၚမိုမိုးတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ပစ္ခတ္သတ္ျဖတ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.