အီရန်က အီရတ်နိုင်ငံ အာဘေးလ်မြို့ အမေရိကန်စစ်စခန်း အပါအဝင် ဒေသအတွင်းရှိ အမေရိကန်စစ်စခန်းများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ဟုဆို

 2875

ဂျန်ဇက် (NP News) - မတ် ၁

အီရတ်နိုင်ငံ၊အာဘေးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တွဲလျက်တည်ရှိသော အမေရိကန်စစ်ဘက်ဆိုင်ရာအဆောက်အအုံကို အီရန်က ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။အဆောက်အအုံ၏ နောက်ကွယ်မှတက်လာသော မီးခိုးလုံးကြီးများအရ ဒုံးကျည်သည် ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း အတည်ပြုနိုင်သော်လည်း၊ တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သည်များ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရသည်။
အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို "Operation Epic Fury" နှင့် "Operation Lion's Roar" အမည်များဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်၏ ထိပ်သီးခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ထရန့်က ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများဖြစ်လာခဲ့ပြီးနောက် အီရန်ဘက်က လက်တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်အမြောက်အမြားဖြင့် ပစ်ခတ်ခဲ့ရာတွင် အာဘေးလ်မြို့ရှိ စခန်းလည်း ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ အာဘေးလ်လေဆိပ်အနီးတွင် ပေါက်ကွဲသံ ၁၀ ကြိမ်ထက်မနည်းကြားခဲ့ရပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်များက ဒုံးကျည်အချို့ကို ကြားဖြတ်ပစ်ချနိုင်ခဲ့သော်လည်း အချို့မှာ မြေပြင်သို့ ကျရောက်ထိမှန်ခဲ့သည်။
အီရန်နိုင်ငံရှိ အာဘေးလ်အပြင် ကူဝိတ်၊ ကာတာ၊ ယူအေအီးနှင့် ဘာရိန်းနိုင်ငံရှိ အမေရိကန်စစ်စခန်းများလည်း အီရန်က ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိအခြေအနေအီရတ်အစိုးရသည် ၎င်း၏ ဝေဟင်ပိုင်နက်ကို ပိတ်လိုက်ပြီး အာဘေးလ်လေဆိပ်ရှိ လေကြောင်းခရီးစဉ်အားလုံးကို ရပ်ဆိုင်းထားသည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အစ္စရေး တာဝန်ရှိသူများ၏ အတည်ပြုချက်အရ တီဟီရန်မြို့ရှိ ခါမေနီ၏ နေအိမ်/ရုံးဝင်းကို တိုက်ရိုက် ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး၊ အစည်းအဝေးပြုလုပ်နေသည့်အချိန်တွင်တိုက်ခိုက်ခံရခြင်းဖြစ်သည့်အတွက် အီရန်တပ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင် (၅) ဦးမှ (၁၀) ဦးအထိလည်း အတူတကွ သေဆုံးခဲ့ကြောင်း သိရသည်။အမေရိကန်သမ္မတက"သမိုင်းတစ်လျှောက် အဆိုးယုတ်ဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ ခါမေနီ ဟာ သေဆုံးသွားပါပြီ။ ဒါဟာ အီရန်ပြည်သူတွေအတွက်သာမက၊ သူနဲ့ သူ့ရဲ့သွေးဆာနေတဲ့ လူဆိုးဂိုဏ်းကြောင့် သေဆုံး၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေအတွက်ပါ တရားမျှတမှုပါပဲ" ဟု ပြောသည်။

Zawgyi Version;
အီရန္က အီရတ္ႏိုင္ငံ အာေဘးလ္ၿမိဳ႕ အေမရိကန္စစ္စခန္း အပါအဝင္ ေဒသအတြင္းရွိ အေမရိကန္စစ္စခန္းမ်ားကို လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၁

အီရတ္ႏိုင္ငံ၊အာေဘးလ္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ တြဲလ်က္တည္ရွိေသာ အေမရိကန္စစ္ဘက္ဆိုင္ရာအေဆာက္အအုံကို အီရန္က ဒုံးက်ည္မ်ားျဖင့္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။အေဆာက္အအုံ၏ ေနာက္ကြယ္မွတက္လာေသာ မီးခိုးလုံးႀကီးမ်ားအရ ဒုံးက်ည္သည္ ပစ္မွတ္ကို ထိမွန္ခဲ့ေၾကာင္း အတည္ျပဳႏိုင္ေသာ္လည္း၊ တိုက္ခိုက္မႈအတြင္း အေမရိကန္စစ္သည္မ်ား ထိခိုက္ေသဆုံးမႈ ရွိ၊ မရွိကိုမူ ရွင္းရွင္းလင္းလင္း မသိရေသးေၾကာင္း သိရသည္။
အေမရိကန္ႏွင့္ အစၥေရးတို႔ ပူးေပါင္းၿပီး အီရန္ႏိုင္ငံအတြင္းရွိ ပစ္မွတ္မ်ားကို "Operation Epic Fury" ႏွင့္ "Operation Lion's Roar" အမည္မ်ားျဖင့္ အႀကီးအက်ယ္ ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ အီရန္၏ ထိပ္သီးေခါင္းေဆာင္ အယာတိုလာ အလီခါေမနီ ေသဆုံးသြားၿပီျဖစ္ေၾကာင္း အေမရိကန္ သမၼတ ထရန႔္က ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

အဆိုပါတိုက္ခိုက္မႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အီရန္ဘက္က လက္တုံ႔ျပန္သည့္အေနျဖင့္ ေဒသတြင္းရွိ အေမရိကန္စစ္စခန္းမ်ားကို ဒုံးက်ည္အေျမာက္အျမားျဖင့္ ပစ္ခတ္ခဲ့ရာတြင္ အာေဘးလ္ၿမိဳ႕ရွိ စခန္းလည္း ပါဝင္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။ အာေဘးလ္ေလဆိပ္အနီးတြင္ ေပါက္ကြဲသံ ၁၀ ႀကိမ္ထက္မနည္းၾကားခဲ့ရၿပီး ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားက ဒုံးက်ည္အခ်ိဳ႕ကို ၾကားျဖတ္ပစ္ခ်ႏိုင္ခဲ့ေသာ္လည္း အခ်ိဳ႕မွာ ေျမျပင္သို႔ က်ေရာက္ထိမွန္ခဲ့သည္။
အီရန္ႏိုင္ငံရွိ အာေဘးလ္အျပင္ ကူဝိတ္၊ ကာတာ၊ ယူေအအီးႏွင့္ ဘာရိန္းႏိုင္ငံရွိ အေမရိကန္စစ္စခန္းမ်ားလည္း အီရန္က ဒုံးက်ည္မ်ားျဖင့္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
လက္ရွိအေျခအေနအီရတ္အစိုးရသည္ ၎၏ ေဝဟင္ပိုင္နက္ကို ပိတ္လိုက္ၿပီး အာေဘးလ္ေလဆိပ္ရွိ ေလေၾကာင္းခရီးစဥ္အားလုံးကို ရပ္ဆိုင္းထားသည္။
အေမရိကန္ ကာကြယ္ေရး ဝန္ႀကီးဌာနႏွင့္ အစၥေရး တာဝန္ရွိသူမ်ား၏ အတည္ျပဳခ်က္အရ တီဟီရန္ၿမိဳ႕ရွိ ခါေမနီ၏ ေနအိမ္/႐ုံးဝင္းကို တိုက္႐ိုက္ ပစ္မွတ္ထားခဲ့ျခင္းျဖစ္ၿပီး၊ အစည္းအေဝးျပဳလုပ္ေနသည့္အခ်ိန္တြင္တိုက္ခိုက္ခံရျခင္းျဖစ္သည့္အတြက္ အီရန္တပ္ဖြဲ႕မွ ထိပ္ပိုင္းေခါင္းေဆာင္ (၅) ဦးမွ (၁၀) ဦးအထိလည္း အတူတကြ ေသဆုံးခဲ့ေၾကာင္း သိရသည္။အေမရိကန္သမၼတက"သမိုင္းတစ္ေလွ်ာက္ အဆိုးယုတ္ဆုံး ပုဂၢိဳလ္ေတြထဲက တစ္ဦးျဖစ္တဲ့ ခါေမနီ ဟာ ေသဆုံးသြားပါၿပီ။ ဒါဟာ အီရန္ျပည္သူေတြအတြက္သာမက၊ သူနဲ႔ သူ႔ရဲ႕ေသြးဆာေနတဲ့ လူဆိုးဂိုဏ္းေၾကာင့္ ေသဆုံး၊ ကိုယ္လက္အဂၤါ ဆုံးရႈံးခဲ့ရတဲ့ အေမရိကန္ျပည္သူေတြနဲ႔ ကမာၻတစ္ဝန္းက ျပည္သူေတြအတြက္ပါ တရားမွ်တမႈပါပဲ" ဟု ေျပာသည္။

© 2021. All rights reserved.