ဘိုလီးဗီးယားမှာ ငွေစက္ကူတွေ သယ်ဆောင်လာတဲ့ စစ်ဘက်ကုန်တင်လေယာဉ်တစ်စီး ပျက်ကျ

 187

Pika (NP News) - မတ် ၁

ငွေစက္ကူတွေသယ်ဆောင်လာတဲ့ဘိုလီဗီးယားစစ်ဘက်ဆိုင်ရာကုန်တင်လေယာဉ်တစ်စင်းဟာ လာပတ်ဇ်မြို့အနီး မှာ ဆင်းသက်ချိန်အတွင်း ပျက်ကျခဲ့တာကြောင့် အနည်းဆုံးလူ(၂၀)ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ပျက်ကျတဲ့လေယာဉ်ထဲကနေ ငွေစက္ကူတွေကို အတင်းဝိုင်းလုခဲ့တဲ့လူတွေကိုလည်း ရဲတပ်ဖွဲ့က မောင်းထုတ် ခဲ့ရတယ်လို့ သိရပါတယ်။ C-130 Hercules သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ အယ်လ်အယ်လ်တို နိုင်ငံတကာ လေဆိပ်ရဲ့ပြေးလမ်းပေါ်ကနေ ချော်ထွက်ပြီးလမ်းမတစ်ခုပေါ်ရောက်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် ကားအများအပြားနဲ့ထရပ်ကားတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။ လေယာဉ် ပျက်ကျရတဲ့အကြောင်းအရင်းတွေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေမယ့်လည်း အခင်းဖြစ်ပွားချိန်မှာ ရာသီဥတုက ပြင်းထန်နေတယ်လို့လည်း မျက်မြင်သက်သေတွေက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။
ဒါ့ပြင် လေယာဉ်ပျက်ကျမှုကြောင့် ကားလမ်းပေါ်မှာရှိတဲ့လူအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူ တွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ဘိုလီးဗီးယားမွာ ေငြစကၠဴေတြ သယ္ေဆာင္လာတဲ့ စစ္ဘက္ကုန္တင္ေလယာဥ္တစ္စီး ပ်က္က်
Pika (NP News) - မတ္ ၁
ေငြစကၠဴေတြသယ္ေဆာင္လာတဲ့ဘိုလီဗီးယားစစ္ဘက္ဆိုင္ရာကုန္တင္ေလယာဥ္တစ္စင္းဟာ လာပတ္ဇ္ၿမိဳ႕အနီး မွာ ဆင္းသက္ခ်ိန္အတြင္း ပ်က္က်ခဲ့တာေၾကာင့္ အနည္းဆုံးလူ(၂၀)ဦးေလာက္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ပ်က္က်တဲ့ေလယာဥ္ထဲကေန ေငြစကၠဴေတြကို အတင္းဝိုင္းလုခဲ့တဲ့လူေတြကိုလည္း ရဲတပ္ဖြဲ႕က ေမာင္းထုတ္ ခဲ့ရတယ္လို႔ သိရပါတယ္။ C-130 Hercules သယ္ယူပို႔ေဆာင္ေရးေလယာဥ္ဟာ အယ္လ္အယ္လ္တို ႏိုင္ငံတကာ ေလဆိပ္ရဲ႕ေျပးလမ္းေပၚကေန ေခ်ာ္ထြက္ၿပီးလမ္းမတစ္ခုေပၚေရာက္သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
အဲဒီျဖစ္ရပ္ေၾကာင့္ ကားအမ်ားအျပားနဲ႔ထရပ္ကားေတြ ထိခိုက္ပ်က္စီးခဲ့ရတယ္လို႔လည္း သိရပါတယ္။ ေလယာဥ္ ပ်က္က်ရတဲ့အေၾကာင္းအရင္းေတြကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးေပမယ့္လည္း အခင္းျဖစ္ပြားခ်ိန္မွာ ရာသီဥတုက ျပင္းထန္ေနတယ္လို႔လည္း မ်က္ျမင္သက္ေသေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။
ဒါ့ျပင္ ေလယာဥ္ပ်က္က်မႈေၾကာင့္ ကားလမ္းေပၚမွာရွိတဲ့လူအခ်ိဳ႕လည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူ ေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.