အမှုထမ်းကာလ ၁၀ နှစ်၊ ၁၅ နှစ် နှင့် နှစ် ၂၀ ရှိ တပ်မတော်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များအား တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေးပေးမည်

456

သန့်ဇင် (NP News) - မတ် ၁
အမှုထမ်းကာလ ၁၀ နှစ်၊ ၁၅ နှစ် နှင့် နှစ် ၂၀ ရှိ တပ်မတော်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များအား တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြရသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တာဝန်ထမ်းဆောင်ရသည့် သဘော သဘာဝအရ ရာသီမရွေး၊ နေရာမရွေး၊ အချိန်အခါမရွေး ပင်ပန်းကြမ်းတမ်းစွာဖြင့် သက်စွန့် တာဝန်ထမ်းဆောင်ရခြင်း၊ တာဝန်ထမ်းခဲ့သည့်ကာလတစ်လျှောက်ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းတို့အား နိုင်ငံတော်က အသိအမှတ်ပြုကာ ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် အမှုထမ်းသက်အပေါ်မူတည်၍ တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးကို လစဉ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့်၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် နေ့တွင် အမှုထမ်း သက် (၁၀)နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် (၁၀) နှစ်နှင့်အထက် တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လစဉ်(၃၀၀၀၀) ကျပ်၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၈ ရက်နေ့တွင်အမှုထမ်းသက်(၁၅)နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် (၁၅)နှစ်နှင့်အထက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လစဉ်(၅၀၀၀၀) ကျပ်၊၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၈ ရက်နေ့တွင် အမှုထမ်းသက် (၂၀)နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် (၂၀)နှစ် နှင့်အထက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လစဉ် (၁၀၀၀၀၀) ကျပ်ကို တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးအဖြစ် ချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
လစဉ် တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေး ချီးမြှင့်ပေးအပ်ခြင်းသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အမႈထမ္းကာလ ၁၀ ႏွစ္၊ ၁၅ ႏွစ္ ႏွင့္ ႏွစ္ ၂၀ ရွိ တပ္မေတာ္သားမ်ား ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားအား တာဝန္ထမ္းေဆာင္မႈ အထူးေထာက္ပံ့ေၾကးေပးမည္
သန္႔ဇင္ (NP News) - မတ္ ၁
အမႈထမ္းကာလ ၁၀ ႏွစ္၊ ၁၅ ႏွစ္ ႏွင့္ ႏွစ္ ၂၀ ရွိ တပ္မေတာ္သားမ်ား ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားအား တာဝန္ထမ္းေဆာင္မႈ အထူးေထာက္ပံ့ေၾကးေပးမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးတာဝန္မ်ားကို ထမ္းေဆာင္ေနၾကရသည့္ တပ္မေတာ္သားမ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားသည္ တာဝန္ထမ္းေဆာင္ရသည့္ သေဘာ သဘာဝအရ ရာသီမေ႐ြး၊ ေနရာမေ႐ြး၊ အခ်ိန္အခါမေ႐ြး ပင္ပန္းၾကမ္းတမ္းစြာျဖင့္ သက္စြန႔္ တာဝန္ထမ္းေဆာင္ရျခင္း၊ တာဝန္ထမ္းခဲ့သည့္ကာလတစ္ေလွ်ာက္ေပးအပ္သည့္တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ျခင္းတို႔အား ႏိုင္ငံေတာ္က အသိအမွတ္ျပဳကာ ဂုဏ္ျပဳခ်ီးျမႇင့္သည့္အေနျဖင့္ အမႈထမ္းသက္အေပၚမူတည္၍ တာဝန္ထမ္းေဆာင္မႈအထူးေထာက္ပံ့ေၾကးကို လစဥ္ေပးအပ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္၂၀၂၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၈ ရက္ ေန႔တြင္ အမႈထမ္း သက္ (၁၀)ႏွစ္ျပည့္ေျမာက္သည့္ အမႈထမ္းသက္ (၁၀) ႏွစ္ႏွင့္အထက္ တပ္မေတာ္သား မ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအား လစဥ္(၃၀၀၀၀) က်ပ္၊ ၂၀၂၆ ခုႏွစ္၊ ေဖေဖာ္ဝါရီ လ ၂၈ ရက္ေန႔တြင္အမႈထမ္းသက္(၁၅)ႏွစ္ျပည့္ေျမာက္သည့္ အမႈထမ္းသက္ (၁၅)ႏွစ္ႏွင့္အထက္ တပ္မေတာ္သားမ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအား လစဥ္(၅၀၀၀၀) က်ပ္၊၂၀၂၆ ခုႏွစ္၊ ေဖေဖာ္ဝါရီ လ ၂၈ ရက္ေန႔တြင္ အမႈထမ္းသက္ (၂၀)ႏွစ္ျပည့္ေျမာက္သည့္ အမႈထမ္းသက္ (၂၀)ႏွစ္ ႏွင့္အထက္ တပ္မေတာ္သားမ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအား လစဥ္ (၁၀၀၀၀၀) က်ပ္ကို တာဝန္ထမ္းေဆာင္မႈအထူးေထာက္ပံ့ေၾကးအျဖစ္ ခ်ီးျမႇင့္ေပးအပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
လစဥ္ တာဝန္ထမ္းေဆာင္မႈအထူးေထာက္ပံ့ေၾကး ခ်ီးျမႇင့္ေပးအပ္ျခင္းသည္ ၂၀၂၆ ခုႏွစ္၊ မတ္လ ၁ ရက္ေန႔တြင္ စတင္အက်ိဳးသက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။