ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့က ဦးစီးကျင်းပသည့် အစ္စလာမ်ဘာသာဝင်များ၏ ရမဇာန်လမြတ်ဝါဖြေပွဲအခမ်းအနား

 128

ပီယ (NP News) - မတ် ၂

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ကကြီးမှူး ကျင်းပသည့် အစ္စလာမ်ဘာသာဝင်များ၏ရမဇာန်လမြတ် ဝါဖြေပွဲအခမ်းအနားကို = (မတ်လ ၁ ရက်) ညပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ ဒေါက်တာတူးတူး(ခရစ်ယာန်ဘာသာ)၊ ဟာဂျီဦးဗိုလ်ဗိုလ်မောင်(အစ္စလာမ်ဘာသာ) နှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊သာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) အလုပ်အမှုဆောင်များ၊ ဗဟိုအထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်ခင်မြသွေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်များမှအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးဌေးအောင်ကအဖွင့်နှုတ်ခွန်း ဆက်စကားပြောကြားသည်။
ထို့နောက်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဒုတိယဥက္ကဋ္ဌဟာဂျီဦးဗိုလ်ဗိုလ်မောင် က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် မော်လဝီဦးစိုးဝင်းက စုပေါင်းဝါဖြေပွဲ အတွက် ဆုတောင်းမေတ္တာပို့သပြီးအခမ်းအနားသို့တက်ရောက်လာကြသူများစုပေါင်းဝါဖြေခဲ့ကြောင်းသိရသည်။

Zawgyi Version;
ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕က ဦးစီးက်င္းပသည့္ အစၥလာမ္ဘာသာဝင္မ်ား၏ ရမဇာန္လျမတ္ဝါေျဖပြဲအခမ္းအနား
ပီယ (NP News) - မတ္ ၂
ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို)ကႀကီးမႉး က်င္းပသည့္ အစၥလာမ္ဘာသာဝင္မ်ား၏ရမဇာန္လျမတ္ ဝါေျဖပြဲအခမ္းအနားကို = (မတ္လ ၁ ရက္) ညပိုင္းတြင္ ရန္ကုန္ၿမိဳ႕ မဂၤလာေတာင္ၫႊန္႔ၿမိဳ႕နယ္ရွိ Wyndham Grand Yangon Hotel ၌ က်င္းပသည္။
အခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ လူမႈေရးရာဝန္ႀကီး ဦးေဌးေအာင္၊ တိုင္းရင္းသားေရးရာဝန္ႀကီး ဦးေစာဂ်က္ေကာ့ထူး၊ရန္ကုန္ၿမိဳ႕ရွိ ႏိုင္ငံျခားသံ႐ုံးမ်ားမွ သံအမတ္ႀကီးမ်ား၊ သံ႐ုံးယာယီတာဝန္ခံမ်ား၊ ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို) ဥကၠဌ ဦးဝဏၰ၊ ဒုတိယဥကၠဌမ်ားျဖစ္ၾကသည့္ ဦးေက်ာ္ဇင္လတ္(ဟိႏၵဴဘာသာ)၊ ေဒါက္တာတူးတူး(ခရစ္ယာန္ဘာသာ)၊ ဟာဂ်ီဦးဗိုလ္ဗိုလ္ေမာင္(အစၥလာမ္ဘာသာ) ႏွင့္ အစၥလာမ္ဘာသာေရးေခါင္းေဆာင္မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊သာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕ (ဗဟို) အလုပ္အမႈေဆာင္မ်ား၊ ဗဟိုအေထာက္အကူျပဳအမ်ိဳးသမီးေရးရာလုပ္ငန္းအဖြဲ႕ ဥကၠဌ ေဒၚခင္ျမေသြးႏွင့္ အမ်ိဳးသမီးေရးရာအဖြဲ႕ဝင္မ်ား၊ တိုင္း/ခ႐ိုင္/ၿမိဳ႕နယ္မ်ားမွအလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

အခမ္းအနားတြင္ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီးဦးေဌးေအာင္ကအဖြင့္ႏႈတ္ခြန္း ဆက္စကားေျပာၾကားသည္။
ထို႔ေနာက္ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို)ဥကၠ႒ဦးဝဏၰက အဖြင့္အမွာစကားေျပာၾကားသည္။
ယင္းေနာက္ ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို)ဒုတိယဥကၠ႒ဟာဂ်ီဦးဗိုလ္ဗိုလ္ေမာင္ က ေက်းဇူးတင္စကားေျပာၾကားသည္။

ထို႔ေနာက္ ေမာ္လဝီဦးစိုးဝင္းက စုေပါင္းဝါေျဖပြဲ အတြက္ ဆုေတာင္းေမတၱာပို႔သၿပီးအခမ္းအနားသို႔တက္ေရာက္လာၾကသူမ်ားစုေပါင္းဝါေျဖခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.