YouTube ပလက်ဖောင်းတွင် subscriber သန်း(၁၀ဝ)ကျော်သွားခဲ့သည့် BLACKPINK အဖွဲ့

112

Pika (NP News) - မတ် ၂
တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့ BLACKPINK သည် နောက်ထပ် သမိုင်းဝင်မှတ်တိုင် တစ်ခုကို ထပ်မံစိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ BLACKPINK အဖွဲ့သည် YouTube ပလက်ဖောင်းတွင် subscriber သန်း (၁၀ဝ)ကျော်သွားခဲ့ပြီး အဆိုပါမှတ်တိုင်ကို ရောက်ရှိခဲ့သည့် သမိုင်းတစ်လျှောက် ပထမဆုံး ဂီတအနု ပညာရှင် အဖွဲ့ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။
BLACKPINK အဖွဲ့သည် (၂၀၁၆)ခုနှစ် ဇွန်လ(၂၉)ရက်တွင့်သကွှကဘန ပလက်ဖောင်းသို့ စတင်ဝင်ရောက်ခဲ့ပြီး အချိန်(၉)နှစ်နှင့် (၇)လအတွင်း အဆိုပါအောင်မြင်မှုကို ရရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ BLACKPINK အဖွဲ့၏ YouTube ချန်နယ်တွင် သီချင်းဗီဒီယိုများ၊ teaser များ၊ ရိုက်ကူးမှု နောက်ကွယ် မြင်ကွင်းများ၊ recap များအပါအဝင် ဗီဒီယိုစုစုပေါင်း(၆၄၈)ပုဒ်ရှိပြီး စုစုပေါင်းကြည့်ရှုမှုအကြိမ်ရေ(၄၁)ဘီလျံအထိ ရှိခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းတွင်ပင် BLACKPINK အဖွဲ့သည် ဖေဖော်ဝါရီလ(၂၇)ရက်တွင် ၎င်းတို့၏ တတိယ မြောက် မီနီအယ်လ်ဘမ် DEADLINE ဖြင့် ဂီတလောကထဲသို့ ပြန်လည် ခြေချရန်စီစဉ်ထားကြောင်းသိရသည်။ လက်ရှိ အချိန်တွင် BLACKPINK အဖွဲ့ဝင်အားလုံးသည် အဖွဲ့လိုက်ပူးပေါင်းဖျော်ဖြေမှုများကို ဆက်လက်လုပ် ဆောင်ခြင်းမျိုးမရှိ တော့ဘဲ တစ်ကိုယ်တော်ခရီးများကို အသီးသီးလျှောက်လှမ်းနေကြကာ နယ်ပယ်အသီးသီး တွင် အောင်မြင်မှုအမျိုးမျိုးကို ရယူထားကြကြောင်း သိရသည်။

Zawgyi Version;
YouTube ပလက္ေဖာင္းတြင္ subscriber သန္း(၁၀ဝ)ေက်ာ္သြားခဲ့သည့္ BLACKPINK အဖြဲ႕
Pika (NP News) - မတ္ ၂
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီး အဆိုေတာ္အဖြဲ႕ BLACKPINK သည္ ေနာက္ထပ္ သမိုင္းဝင္မွတ္တိုင္ တစ္ခုကို ထပ္မံစိုက္ထူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္းသိရသည္။ BLACKPINK အဖြဲ႕သည္ YouTube ပလက္ေဖာင္းတြင္ subscriber သန္း (၁၀ဝ)ေက်ာ္သြားခဲ့ၿပီး အဆိုပါမွတ္တိုင္ကို ေရာက္ရွိခဲ့သည့္ သမိုင္းတစ္ေလွ်ာက္ ပထမဆုံး ဂီတအႏု ပညာရွင္ အဖြဲ႕ျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။ BLACKPINK အဖြဲ႕သည္ (၂၀၁၆)ခုႏွစ္ ဇြန္လ(၂၉)ရက္တြင့္သကႊကဘန ပလက္ေဖာင္းသို႔ စတင္ဝင္ေရာက္ခဲ့ၿပီး အခ်ိန္(၉)ႏွစ္ႏွင့္ (၇)လအတြင္း အဆိုပါေအာင္ျမင္မႈကို ရရွိခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ BLACKPINK အဖြဲ႕၏ YouTube ခ်န္နယ္တြင္ သီခ်င္းဗီဒီယိုမ်ား၊ teaser မ်ား၊ ႐ိုက္ကူးမႈ ေနာက္ကြယ္ ျမင္ကြင္းမ်ား၊ recap မ်ားအပါအဝင္ ဗီဒီယိုစုစုေပါင္း(၆၄၈)ပုဒ္ရွိၿပီး စုစုေပါင္းၾကည့္ရႈမႈအႀကိမ္ေရ(၄၁)ဘီလ်ံအထိ ရွိခဲ့ ေၾကာင္းသိရသည္။ တစ္ခ်ိန္တည္းတြင္ပင္ BLACKPINK အဖြဲ႕သည္ ေဖေဖာ္ဝါရီလ(၂၇)ရက္တြင္ ၎တို႔၏ တတိယ ေျမာက္ မီနီအယ္လ္ဘမ္ DEADLINE ျဖင့္ ဂီတေလာကထဲသို႔ ျပန္လည္ ေျခခ်ရန္စီစဥ္ထားေၾကာင္းသိရသည္။ လက္ရွိ အခ်ိန္တြင္ BLACKPINK အဖြဲ႕ဝင္အားလုံးသည္ အဖြဲ႕လိုက္ပူးေပါင္းေဖ်ာ္ေျဖမႈမ်ားကို ဆက္လက္လုပ္ ေဆာင္ျခင္းမ်ိဳးမရွိ ေတာ့ဘဲ တစ္ကိုယ္ေတာ္ခရီးမ်ားကို အသီးသီးေလွ်ာက္လွမ္းေနၾကကာ နယ္ပယ္အသီးသီး တြင္ ေအာင္ျမင္မႈအမ်ိဳးမ်ိဳးကို ရယူထားၾကေၾကာင္း သိရသည္။