လူပုဂ္ဂိုလ် (၃၀၀) ကျော်ကို ဂုဏ်ထူးဆောင်ဘွဲ့များ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်း

394

Pearl (NP News) - မတ် ၂
နိုင်ငံတော်တည်ဆောက်ရာတွင် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် စွမ်းစွမ်းတမံဆောင်ရွက်သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီက အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ချီးမြှင့်အပ်နှင်းရာတွင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်ဦးအောင်လင်းဒွေး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး အပါအဝင် (၁၁) ဦးကို သရေစည်သူဘွဲ့ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုး ၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး အပါအဝင် (၁၀) ဦးကို စည်သူဘွဲ့များ အပ်နှင်း ခဲ့ကြောင်း သိရသည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး အပါအဝင် (၂၀) ဦးကို သီရိပျံချီဘွဲ့ ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်အပါအဝင် (၅) ဦးကို ဇေယျကျော်ထင်ဘွဲ့များချီးမြှင့်အပ်နှင်းခဲ့ပြီး လူပုဂ္ဂိုလ် (၁၆)ဦးကို ဝဏ္ဏကျော်ထင်ဘွဲ့၊ (၃) ဦးကို အလင်္ကာကျော်စွာဘွဲ့ ၊ (၂) ဦးကို သိပ္ပကျော်စွာဘွဲ့ များချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
အလားတူ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ် ၊ ရဲဗလတံဆိပ်၊ ရဲသူရိန်တံဆိပ်၊ ရဲကျော်စွာတံဆိပ်၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်) ၊ စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်) ၊ စီမံထူးချွန်တံဆိပ် (တတိယဆင့်) ၊ လူမှုထူးချွန်တံဆိပ် (ပထမဆင့်)၊ လူမှုထူးချွန်တံဆိပ်(ဒုတိယဆင့်)၊ လူမှုထူးချွန်တံဆိပ်(တတိယဆင့်)၊ လယ်ယာစီးပွားထူးချွန်တံဆိပ် (တတိယဆင့်)၊ စက်မှုစီးပွားထူးချွန်တံဆိပ် (တတိယဆင့်)၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (ပထမဆင့်)၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (တတိယဆင့်)၊ ဝိဇ္ဇာပညာထူးချွန် (ပထမဆင့်)၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ နည်းပညာထူးချွန်တံဆိပ် (တတိယဆင့်) ၊ အနုပညာထူးချွန်တံဆိပ် (ပထမဆင့်)၊ အနုပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) ၊ စာပေပညာထူးချွန်တံဆိပ် (တတိယဆင့်) တို့ကို လူပုဂ္ဂိုလ် (၂၄၀) ကျော်ကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

Zawgyi Version;
လူပုဂၢိဳလ္ (၃၀၀) ေက်ာ္ကို ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ဂုဏ္ထူးေဆာင္တံဆိပ္မ်ားကို ခ်ီးျမႇင့္အပ္ႏွင္း
Pearl (NP News) - မတ္ ၂
ႏိုင္ငံေတာ္တည္ေဆာက္ရာတြင္ သက္ဆိုင္ရာလုပ္ငန္းနယ္ပယ္အလိုက္ စြမ္းစြမ္းတမံေဆာင္႐ြက္သည့္ ပုဂၢိဳလ္မ်ားအား ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ဂုဏ္ထူးေဆာင္တံဆိပ္မ်ားကို ခ်ီးျမႇင့္အပ္ႏွင္းလိုက္ေၾကာင္း အမ်ိဳးသားကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီက အသိေပးထုတ္ျပန္ထားသည္။
ထိုသို႔ခ်ီးျမႇင့္အပ္ႏွင္းရာတြင္ အမ်ိဳးသားကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီ႐ုံး အမႈေဆာင္ခ်ဳပ္ဦးေအာင္လင္းေဒြး၊ တြဲဖက္အမႈေဆာင္ခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး ၊ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန (၁) ျပည္ေထာင္စုဝန္ႀကီး ဦးတင္ေအာင္စန္း၊ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမထြန္းဦး အပါအဝင္ (၁၁) ဦးကို သေရစည္သူဘြဲ႕ ၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးသန္းစိုး ၊ ႏိုင္ငံေတာ္ သမၼတ႐ုံးဝန္ႀကီးဌာန (၂) ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ ႏွင့္ ဥပေဒေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦး အပါအဝင္ (၁၀) ဦးကို စည္သူဘြဲ႕မ်ား အပ္ႏွင္း ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အလုပ္သမားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ေက်ာ္ဟိုး အပါအဝင္ (၂၀) ဦးကို သီရိပ်ံခ်ီဘြဲ႕ ၊ ကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ကိုထိုက္အပါအဝင္ (၅) ဦးကို ေဇယ်ေက်ာ္ထင္ဘြဲ႕မ်ားခ်ီးျမႇင့္အပ္ႏွင္းခဲ့ၿပီး လူပုဂၢိဳလ္ (၁၆)ဦးကို ဝဏၰေက်ာ္ထင္ဘြဲ႕၊ (၃) ဦးကို အလကၤာေက်ာ္စြာဘြဲ႕ ၊ (၂) ဦးကို သိပၸေက်ာ္စြာဘြဲ႕ မ်ားခ်ီးျမႇင့္အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။
အလားတူ သူရဲေကာင္းမွတ္တမ္းဝင္ တံဆိပ္ ၊ ရဲဗလတံဆိပ္၊ ရဲသူရိန္တံဆိပ္၊ ရဲေက်ာ္စြာတံဆိပ္၊ စီမံထူးခြၽန္တံဆိပ္ (ပထမဆင့္) ၊ စီမံထူးခြၽန္တံဆိပ္ (ဒုတိယဆင့္) ၊ စီမံထူးခြၽန္တံဆိပ္ (တတိယဆင့္) ၊ လူမႈထူးခြၽန္တံဆိပ္ (ပထမဆင့္)၊ လူမႈထူးခြၽန္တံဆိပ္(ဒုတိယဆင့္)၊ လူမႈထူးခြၽန္တံဆိပ္(တတိယဆင့္)၊ လယ္ယာစီးပြားထူးခြၽန္တံဆိပ္ (တတိယဆင့္)၊ စက္မႈစီးပြားထူးခြၽန္တံဆိပ္ (တတိယဆင့္)၊ ဝန္ေဆာင္စီးပြားထူးခြၽန္တံဆိပ္ (ပထမဆင့္)၊ ဝန္ေဆာင္စီးပြားထူးခြၽန္တံဆိပ္ (တတိယဆင့္)၊ ဝိဇၨာပညာထူးခြၽန္ (ပထမဆင့္)၊ နည္းပညာထူးခြၽန္တံဆိပ္ (ဒုတိယဆင့္)၊ နည္းပညာထူးခြၽန္တံဆိပ္ (တတိယဆင့္) ၊ အႏုပညာထူးခြၽန္တံဆိပ္ (ပထမဆင့္)၊ အႏုပညာထူးခြၽန္တံဆိပ္ (ဒုတိယဆင့္) ၊ စာေပပညာထူးခြၽန္တံဆိပ္ (တတိယဆင့္) တို႔ကို လူပုဂၢိဳလ္ (၂၄၀) ေက်ာ္ကို ခ်ီးျမႇင့္အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။