အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေရသူများ အပါအဝင် အကျဉ်းသား(၁)သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပေး

266

ထိုက်စံ (NP News)-မတ် ၂
တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေရသူများ အပါအဝင် အကျဉ်းသား(၁)သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အသိပေးထားသည်။
တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင် / အချုပ်ထောင် / စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၂၈၂၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ယခုကဲ့သို့ လွတ်ငြိမ်းခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အလားတူ အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁ဝ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံ ပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းလည်း သိရသည်။
ထို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) အရ ပြစ်မှုကျူးလွန်၍ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၇၃၃၇ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်းလည်း သိရသည်။
၂ဝ၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉(စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ်ပြစ်ဒဏ် စီရင်မှု)(ယာယီ)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက် အမိန့်အရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အသိပေးထားသည်။

Zawgyi Version:
အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ျပစ္ဒဏ္က်ခံေနရသူမ်ား အပါအဝင္ အက်ဥ္းသား(၁)ေသာင္းေက်ာ္ကို လြတ္ၿငိမ္းခြင့္ေပး
ထိုက္စံ (NP News)-မတ္ ၂
ေတာင္သူလယ္သမားေန႔ အထိမ္းအမွတ္အျဖစ္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ျပစ္ဒဏ္က်ခံေနရသူမ်ား အပါအဝင္ အက်ဥ္းသား(၁)ေသာင္းေက်ာ္ကို လြတ္ၿငိမ္းခြင့္ေပးခဲ့ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီက အသိေပးထားသည္။
တေပါင္းလျပည့္ေန႔ အခါသမယႏွင့္ ၂၀၂၆ ခုႏွစ္၊ မတ္လ ၂ ရက္ေန႔တြင္က်ေရာက္သည့္ ေတာင္သူလယ္သမားေန႔ အထိမ္းအမွတ္အားျဖင့္လည္းေကာင္း၊ ျပည္သူလူထုႏွလုံးစိတ္ဝမ္းေအးခ်မ္းေစေရးႏွင့္ လူသားခ်င္း စာနာေထာက္ထားမႈကို အေလးထားေသာအားျဖင့္လည္းေကာင္း၊ အက်ဥ္းေထာင္ / အခ်ဳပ္ေထာင္ / စခန္း အသီးသီးတြင္ ျပစ္ဒဏ္က်ခံလ်က္ရွိေသာ အက်ဥ္းသား/အက်ဥ္းသူ ၂၈၂၅ ဦးကို ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။
ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ (၁)အရ “ေနာက္တစ္ႀကိမ္ ျပစ္မႈထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္က်ခံပါမည္” ဟူေသာ စည္းကမ္းသတ္မွတ္ခ်က္ျဖင့္ ယင္းတို႔က်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားအေပၚေလွ်ာ့ေပါ့၍ ယခုကဲ့သို႔ လြတ္ၿငိမ္းခြင့္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
အလားတူ အက်ဥ္းေထာင္/အခ်ဳပ္ေထာင္အသီးသီးတြင္ ျပစ္ဒဏ္က်ခံလ်က္ရွိေသာ ႏိုင္ငံျခားသား အက်ဥ္းသား/အက်ဥ္းသူ ၁ဝ ဦးကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ (၁)အရ “ေနာက္တစ္ႀကိမ္ ျပစ္မႈ ထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္က်ခံ ပါမည္” ဟူေသာ စည္းကမ္းသတ္မွတ္ခ်က္ျဖင့္ ယင္းတို႔က်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားအေပၚ ေလွ်ာ့ေပါ့ၿပီး ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳ၍ ျပည္ႏွင္ဒဏ္ေပးလိုက္ေၾကာင္းလည္း သိရသည္။
ထို႔အျပင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅ဝ(ည)ႏွင့္ ပုဒ္မ ၅၂(က) အရ ျပစ္မႈက်ဴးလြန္၍ အက်ဥ္းေထာင္/အခ်ဳပ္ေထာင္/စခန္းအသီးသီးတြင္ ျပစ္ဒဏ္က်ခံလ်က္ရွိေသာ အက်ဥ္းသား/အက်ဥ္းသူ ၇၃၃၇ ဦးကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄ဝ၁၊ ပုဒ္မခြဲ (၁) အရ “ေနာက္တစ္ႀကိမ္ ျပစ္မႈထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္က်ခံပါမည္” ဟူေသာ စည္းကမ္းသတ္မွတ္ခ်က္ျဖင့္ ယင္းတို႔က်ခံရန္ က်န္ရွိေသာ ျပစ္ဒဏ္မ်ားအေပၚေလွ်ာ့ေပါ့၍ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳေပးခဲ့ေၾကာင္းလည္း သိရသည္။