အိမ်ခြံမြေဝန်ဆောင်မှုအသင်းကို (UMFCCI) က ညီနောင်အသင်း အဖြစ်မှ ရပ်စဲထား

 2022

Pearl (NP News)-မတ် ၂
ခေါင်းစဉ်တစ်ခုတည်းအောက် နှစ်ဖွဲ့ကွဲနေသည့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်းကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ညီနောင်အသင်းအဖြစ်မှရပ်စဲထားကြောင်းသိရသည်။
မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှအသင်းသားများသည် အသင်း ချုပ်၏ညှိနှိုင်းဖျန်ဖြေမှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိခြင်းနှင့် အသင်းအဖွဲ့များ ဂုဏ်သိက္ခာကျ ဆင်းဖွယ်ကိစ္စရပ်များကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် နိုဝင်ဘာလက အသင်းချုပ် ညီနောင်အသင်းအဖြစ်မှ ယာယီရပ်စဲခဲ့ခြင်းဖြစ်သည်ဟု NP News က စုံစမ်းသိရှိရသည်။
ထိုသို့ ယာယီရပ်စဲထားစဉ်အတွင်း အသင်းအဖွဲ့များ ဂုဏ်သိက္ခာကျဆင်းဖွယ်လုပ်ဆောင်ချက် များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည့်အတွက်အသင်း သားရေးရာကော်မတီအစည်းအဝေး၏ စိစစ် တင်ပြချက်အရ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့်အသင်းချုပ် စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးက မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်းအား အသင်း ချုပ် ညီနောင်အသင်းအဖြစ်မှရပ်စဲရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
“အဓိကကတော့ ဦးဆောင်တဲ့အဖွဲ့က (၂)ဖွဲ့က အငြင်းပွားနေကြ‌တာပေါ့နော်။ အငြင်းပွားနေ တော့ (၂) ဖွဲ့လုံးက ဘယ်လိုဖြစ်နေလဲဆိုတော့ တစ်ဖွဲ့ကလည်း သူ့သဘောနဲ့သူ အစည်းအဝေးတွေ နှစ် ပတ်လည်ညီလာခံတွေခေါ်တယ်။ နောက်တစ်ဖွဲ့ကလည်း သူ့သဘောနဲ့ နှစ်ပတ်လည်ညီလာခံတွေခေါ် တယ်။ အဲဒီတော့ ယှဉ်ပြိုင်(၂)ဖွဲ့ကွဲနေတယ်။ တစ်သင်းတည်းမှာ (၂)ဖွဲ့ကွဲပြီးတော့ အဲဒီလိုမျိုးတွေလုပ် နေကြတာ အမှန်က အဲဒီလိုလုပ်လို့မရဘူး။ အဲဒီလို အသင်းဝင်မှတ်တမ်း၊ အသင်းဝင်စည်းမျဉ်းမှာပါတဲ့ အတိုင်းပဲ အသင်းသားတွေရဲ့ဆန္ဒနဲ့ပဲ ရွေးချယ်တင် မြှောက်ပွဲတွေလုပ်ရမှာ။ သူတို့က အဲဒါမျိုးတွေလုပ်လို့ မရဘူး။ လုပ်လို့မရတဲ့အခါမှာ ရန်တွေဖြစ်ကြ၊ အမှုတွေဖြစ်ကြပြီးတော့ အခုလိုမျိုးဖြစ်တာပေါ့ နော်}}ဟု အသင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဦးဆန်းလင်းက NP News သို့ပြောသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းဦးဆောင်သောအဖွဲ့ နှင့် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်မို့မို့အောင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းတို့ပါဝင်သော အဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲနေပြီး နှစ်ဖက်အပြန်အလှန် အသင်းမှထုတ်ပယ်ကြောင်း ကြေညာထားကြသည်။
“အခုရပ်စဲတာက (၂)ယောက်လုံးပါတဲ့အသင်းပါ။ ဒေါ်မို့မို့အောင် ဦးဆောင်တဲ့အသင်းရယ်လို့ မရှိဘူး။ ဘယ်သူမှလည်း အသိအမှတ်မပြုထားဘူး။ ဦးခင်မောင်သန်းဦးဆောင်တဲ့အသင်းလို့လည်း မ ဟုတ်ဘူး။ ဒါ အားလုံးပါနေတဲ့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းပေါ့နော်။ အဲဒီတော့ လောလောဆယ် အ သင်းဝင်မှတ်တမ်း အသင်းဝင်စည်းမျဉ်းနဲ့အညီ အသင်းသားတွေအားလုံးပါဝင်တဲ့ အထူးအစည်းအဝေး တစ်ရပ်ကိုခေါ်ပြီးတော့မှ ဒါ သူတို့ပြန်လည်ဖွဲ့စည်းပြီးမှ အဆင်ပြေလိမ့်မယ်။ အခုဖြစ်နေတာတွေက ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံစည်းမျဉ်နဲ့အညီပဲ သူတို့ဆောင်ရွက်လို့ရမယ်” ဟု ဦးဆန်းလင်းက ပြော သည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)၏ အသင်းဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် (၃၅) အရ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် အလုပ်အမှုဆောင်ကော်မတီတို့၏သက်တမ်းသည် (၃)နှစ် ဖြစ်သည်ဟုပြဋ္ဌာန်းထားပြီး အပိုဒ်(၃၆)တွင်လည်း အသင်းဥက္ကဋ္ဌ၏သက်တမ်းသည် တစ်ဆက် တည်း (၂)ကြိမ် (စုစုပေါင်း ၆ နှစ်)အထိသာလျှင် ရွေးကောက်တင်မြှောက်ပိုင်ခွင့်ရှိကြောင်းကိုလည်း ပြဋ္ဌာန်း သတ်မှတ်ထားကြောင်း အသင်း၏ သင်းဖွဲ့စည်းမျဉ်းအရသိရသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းကို (၂၀၁၂)ခုနှစ် ဇွန်လတွင် အသင်းလုပ်ငန်းလုပ်ပိုင်ခွင့်ရှိသည့်လိုင်စင်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများòန်ကြားမှုဦးစီးဌာနတွင် ဖွဲ့စည်းမှတ်ပုံ တင်ခဲ့ ကြောင်းသိရသည်။ အိမ်ခြံ မြေဝန်ဆောင်မှု အသင်း ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်သန်းက (၂၀၁၂)ခုနှစ်မှ (၂၀၂၃) ခုနှစ်အထိ သက်တမ်း သုံးကြိမ်၊ နှစ်အားဖြင့် (၁၁)နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
အိမ္ၿခံေျမဝန္ေဆာင္မႈအသင္းကို (UMFCCI) က ညီေနာင္အသင္း အျဖစ္မွ ရပ္စဲထား
Pearl (NP News)-မတ္ ၂
ေခါင္းစဥ္တစ္ခုတည္းေအာက္ ႏွစ္ဖြဲ႕ကြဲေနသည့္ ျမန္မာႏိုင္ငံ အိမ္ၿခံေျမဝန္ေဆာင္မႈလုပ္ငန္းရွင္ မ်ားအသင္းကို ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) က ညီေနာင္အသင္းအျဖစ္မွရပ္စဲထားေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံ အိမ္၊ ၿခံ၊ ေျမ ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္းမွအသင္းသားမ်ားသည္ အသင္း ခ်ဳပ္၏ညႇိႏႈိင္းဖ်န္ေျဖမႈမ်ားကို ပူးေပါင္းပါဝင္ေဆာင္႐ြက္မႈမရွိျခင္းႏွင့္ အသင္းအဖြဲ႕မ်ား ဂုဏ္သိကၡာက် ဆင္းဖြယ္ကိစၥရပ္မ်ားကို လုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလက အသင္းခ်ဳပ္ ညီေနာင္အသင္းအျဖစ္မွ ယာယီရပ္စဲခဲ့ျခင္းျဖစ္သည္ဟု NP News က စုံစမ္းသိရွိရသည္။
ထိုသို႔ ယာယီရပ္စဲထားစဥ္အတြင္း အသင္းအဖြဲ႕မ်ား ဂုဏ္သိကၡာက်ဆင္းဖြယ္လုပ္ေဆာင္ခ်က္ မ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိသည့္အတြက္အသင္း သားေရးရာေကာ္မတီအစည္းအေဝး၏ စိစစ္ တင္ျပခ်က္အရ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၅) ရက္တြင္ က်င္းပျပဳလုပ္ခဲ့သည့္အသင္းခ်ဳပ္ စီမံခန႔္ခြဲေရး ေကာ္မတီအစည္းအေဝးက ျမန္မာႏိုင္ငံ အိမ္၊ ၿခံ၊ ေျမဝန္ ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္းအား အသင္း ခ်ဳပ္ ညီေနာင္အသင္းအျဖစ္မွရပ္စဲရန္ ဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။
“အဓိကကေတာ့ ဦးေဆာင္တဲ့အဖြဲ႕က (၂)ဖြဲ႕က အျငင္းပြားေနၾက‌တာေပါ့ေနာ္။ အျငင္းပြားေန ေတာ့ (၂) ဖြဲ႕လုံးက ဘယ္လိုျဖစ္ေနလဲဆိုေတာ့ တစ္ဖြဲ႕ကလည္း သူ႔သေဘာနဲ႔သူ အစည္းအေဝးေတြ ႏွစ္ ပတ္လည္ညီလာခံေတြေခၚတယ္။ ေနာက္တစ္ဖြဲ႕ကလည္း သူ႔သေဘာနဲ႔ ႏွစ္ပတ္လည္ညီလာခံေတြေခၚ တယ္။ အဲဒီေတာ့ ယွဥ္ၿပိဳင္(၂)ဖြဲ႕ကြဲေနတယ္။ တစ္သင္းတည္းမွာ (၂)ဖြဲ႕ကြဲၿပီးေတာ့ အဲဒီလိုမ်ိဳးေတြလုပ္ ေနၾကတာ အမွန္က အဲဒီလိုလုပ္လို႔မရဘူး။ အဲဒီလို အသင္းဝင္မွတ္တမ္း၊ အသင္းဝင္စည္းမ်ဥ္းမွာပါတဲ့ အတိုင္းပဲ အသင္းသားေတြရဲ႕ဆႏၵနဲ႔ပဲ ေ႐ြးခ်ယ္တင္ ေျမႇာက္ပြဲေတြလုပ္ရမွာ။ သူတို႔က အဲဒါမ်ိဳးေတြလုပ္လို႔ မရဘူး။ လုပ္လို႔မရတဲ့အခါမွာ ရန္ေတြျဖစ္ၾက၊ အမႈေတြျဖစ္ၾကၿပီးေတာ့ အခုလိုမ်ိဳးျဖစ္တာေပါ့ ေနာ္}}ဟု အသင္းသားေရးရာေကာ္မတီဥကၠ႒ ဦးဆန္းလင္းက NP News သို႔ေျပာသည္။
ျမန္မာႏိုင္ငံ အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း ဥကၠ႒ ဦးခင္ေမာင္သန္းဦးေဆာင္ေသာအဖြဲ႕ ႏွင့္ အေထြေထြအတြင္းေရးမႉးျဖစ္သူ ေဒၚမို႔မို႔ေအာင္၊ ဒုတိယ ဥကၠ႒ ဦးသန္းတို႔ပါဝင္ေသာ အဖြဲ႕ဟူ၍ ႏွစ္ဖြဲ႕ကြဲေနၿပီး ႏွစ္ဖက္အျပန္အလွန္ အသင္းမွထုတ္ပယ္ေၾကာင္း ေၾကညာထားၾကသည္။
“အခုရပ္စဲတာက (၂)ေယာက္လုံးပါတဲ့အသင္းပါ။ ေဒၚမို႔မို႔ေအာင္ ဦးေဆာင္တဲ့အသင္းရယ္လို႔ မရွိဘူး။ ဘယ္သူမွလည္း အသိအမွတ္မျပဳထားဘူး။ ဦးခင္ေမာင္သန္းဦးေဆာင္တဲ့အသင္းလို႔လည္း မ ဟုတ္ဘူး။ ဒါ အားလုံးပါေနတဲ့ အိမ္ၿခံေျမဝန္ေဆာင္မႈအသင္းေပါ့ေနာ္။ အဲဒီေတာ့ ေလာေလာဆယ္ အ သင္းဝင္မွတ္တမ္း အသင္းဝင္စည္းမ်ဥ္းနဲ႔အညီ အသင္းသားေတြအားလုံးပါဝင္တဲ့ အထူးအစည္းအေဝး တစ္ရပ္ကိုေခၚၿပီးေတာ့မွ ဒါ သူတို႔ျပန္လည္ဖြဲ႕စည္းၿပီးမွ အဆင္ေျပလိမ့္မယ္။ အခုျဖစ္ေနတာေတြက ေျပာရမယ္ဆိုရင္ ဖြဲ႕စည္းပုံစည္းမ်ဥ္နဲ႔အညီပဲ သူတို႔ေဆာင္႐ြက္လို႔ရမယ္” ဟု ဦးဆန္းလင္းက ေျပာ သည္။
ျမန္မာႏိုင္ငံ အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း (ဗဟို)၏ အသင္းဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္း အပိုဒ္ (၃၅) အရ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီႏွင့္ အလုပ္အမႈေဆာင္ေကာ္မတီတို႔၏သက္တမ္းသည္ (၃)ႏွစ္ ျဖစ္သည္ဟုျပ႒ာန္းထားၿပီး အပိုဒ္(၃၆)တြင္လည္း အသင္းဥကၠ႒၏သက္တမ္းသည္ တစ္ဆက္ တည္း (၂)ႀကိမ္ (စုစုေပါင္း ၆ ႏွစ္)အထိသာလွ်င္ ေ႐ြးေကာက္တင္ေျမႇာက္ပိုင္ခြင့္ရွိေၾကာင္းကိုလည္း ျပ႒ာန္း သတ္မွတ္ထားေၾကာင္း အသင္း၏ သင္းဖြဲ႕စည္းမ်ဥ္းအရသိရသည္။ ျမန္မာႏိုင္ငံ အိမ္ၿခံေျမ ဝန္ေဆာင္မႈအသင္းကို (၂၀၁၂)ခုႏွစ္ ဇြန္လတြင္ အသင္းလုပ္ငန္းလုပ္ပိုင္ခြင့္ရွိသည့္လိုင္စင္ႏွင့္အတူ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားòန္ၾကားမႈဦးစီးဌာနတြင္ ဖြဲ႕စည္းမွတ္ပုံ တင္ခဲ့ ေၾကာင္းသိရသည္။ အိမ္ၿခံ ေျမဝန္ေဆာင္မႈ အသင္း ဥကၠ႒အျဖစ္ ဦးခင္ေမာင္သန္းက (၂၀၁၂)ခုႏွစ္မွ (၂၀၂၃) ခုႏွစ္အထိ သက္တမ္း သုံးႀကိမ္၊ ႏွစ္အားျဖင့္ (၁၁)ႏွစ္ၾကာတာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.