သမဝါယမအသင်း (၁) သောင်းကျော်ဖြင့် တောင်သူ (၉) သိန်းကျော်အတွက် စိုက်ပျိုးထုတ်လုပ်နိုင်စေရန် ပံ့ပိုးပေးနိုင်ခဲ့

93

စိမ့်စမ်းရေ (NP News) - မတ် ၂
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သမဝါယမအသင်း (၁) သောင်းကျော်ဖြင့် တောင်သူ (၉) သိန်းကျော်အတွက် စိုက်ပျိုးထုတ်လုပ်နိုင်စေရန် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက Seed Fair 2026 (မျိုးစေ့ပြပွဲ-၂၀၂၆) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။
Seed Fair 2026 (မျိုးစေ့ပြပွဲ–၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (မတ် ၁ရက်)က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မျိုးစေ့ကုမ္ပဏီများ၊ တောင်သူလယ်သမားများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း (၁၈၆၅၁) သင်းကိုဖွဲ့စည်းထားရှိပြီး (၉၃၂၇၉၈) ဦးအတွက် နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေအပါအဝင် သမဝါယမအသင်းပိုင်ငွေများဖြင့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါနှင့် ဟင်းသီး ဟင်းရွက်စိုက်ဧကပေါင်း (၁၆၀၅၈၁၂) ဧကကို စိုက်ပျိုးထုတ်လုပ်နိုင်စေရန် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း အခမ်းအနားမှ သိရသည်။
ထို့ပြင် မျိုးစေ့ထုတ်လုပ်ရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၁) ခုရှိ မြို့နယ် (၂၁) ခုတွင် မျိုးစေ့ထုတ်သမဝါယမအသင်း (၃၁) သင်း ဖွဲ့စည်းထားပြီး စိုက်ဧက (၁၈၃၅) ဧကတွင် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်လျက်ရှိကြောင်း၊ မျိုးစေ့ထုတ်သမဝါယမအသင်းများမှ အသင်းသား တောင်သူ (၁၅၄၉) ဦးကို မျိုးကောင်း မျိုးသန့်များနှင့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ (ပုလဲ၊ ကွန်ပေါင်း)၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးသွင်းအားစုနှင့်ညီမျှသော ငွေများကို နိုင်ငံတော်ကသီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မျိုးစေ့ပြပွဲ ၂၀၂၆ သည် အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များ သုံးစွဲမှုမြင့်မားလာစေရေး၊ မျိုးစေ့သုံးစွဲသူများနှင့် မျိုးစေ့ထုတ်လုပ်သူများအကြား ဆက်နွှယ်မှုကွန်ရက်ပိုမိုကောင်းမွန်စေရေးနှင့် မျိုးစေ့ကဏ္ဍတွင် Public-Private Partnership (PPP) ပိုမိုကောင်းမွန်လာစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သမဝါယမအသင္း (၁) ေသာင္းေက်ာ္ျဖင့္ ေတာင္သူ (၉) သိန္းေက်ာ္အတြက္ စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ေစရန္ ပံ့ပိုးေပးႏိုင္ခဲ့
စိမ့္စမ္းေရ (NP News) - မတ္ ၂
လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ သမဝါယမအသင္း (၁) ေသာင္းေက်ာ္ျဖင့္ ေတာင္သူ (၉) သိန္းေက်ာ္အတြက္ စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ေစရန္ ပံ့ပိုးေပးႏိုင္ခဲ့ေၾကာင္း သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးလွမိုးက Seed Fair 2026 (မ်ိဳးေစ့ျပပြဲ-၂၀၂၆) ဖြင့္ပြဲအခမ္းအနားတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
Seed Fair 2026 (မ်ိဳးေစ့ျပပြဲ–၂၀၂၆) ဖြင့္ပြဲအခမ္းအနားကို ယမန္ေန႔ (မတ္ ၁ရက္)က ေနျပည္ေတာ္ေကာင္စီနယ္ေျမ ပ်ဥ္းမနားၿမိဳ႕နယ္ရွိ စိုက္ပ်ိဳးေရးသိပၸံေက်ာင္းဝင္း၌ က်င္းပခဲ့ရာ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာမ်ား၊ မ်ိဳးေစ့ကုမၸဏီမ်ား၊ ေတာင္သူလယ္သမားမ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ေရးအတြက္ စိုက္ပ်ိဳးထုတ္လုပ္ေရးသမဝါယမအသင္း (၁၈၆၅၁) သင္းကိုဖြဲ႕စည္းထားရွိၿပီး (၉၃၂၇၉၈) ဦးအတြက္ ႏိုင္ငံေတာ္ဘတ္ဂ်က္ခြင့္ျပဳေငြအပါအဝင္ သမဝါယမအသင္းပိုင္ေငြမ်ားျဖင့္ စပါး၊ ေျမပဲ၊ ႏွမ္း၊ ေနၾကာ၊ ပဲစင္းငုံ၊ ပဲတီစိမ္း၊ ဝါႏွင့္ ဟင္းသီး ဟင္း႐ြက္စိုက္ဧကေပါင္း (၁၆၀၅၈၁၂) ဧကကို စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ေစရန္ ပံ့ပိုးေပးႏိုင္ခဲ့ေၾကာင္း အခမ္းအနားမွ သိရသည္။
ထို႔ျပင္ မ်ိဳးေစ့ထုတ္လုပ္ေရးအတြက္လည္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ (၁၁) ခုရွိ ၿမိဳ႕နယ္ (၂၁) ခုတြင္ မ်ိဳးေစ့ထုတ္သမဝါယမအသင္း (၃၁) သင္း ဖြဲ႕စည္းထားၿပီး စိုက္ဧက (၁၈၃၅) ဧကတြင္ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ား ထုတ္လုပ္လ်က္ရွိေၾကာင္း၊ မ်ိဳးေစ့ထုတ္သမဝါယမအသင္းမ်ားမွ အသင္းသား ေတာင္သူ (၁၅၄၉) ဦးကို မ်ိဳးေကာင္း မ်ိဳးသန႔္မ်ားႏွင့္ သဘာဝေျမဩဇာ၊ ဓာတ္ေျမဩဇာ (ပုလဲ၊ ကြန္ေပါင္း)၊ ပိုးသတ္ေဆးစသည့္ စိုက္ပ်ိဳးေရးသြင္းအားစုႏွင့္ညီမွ်ေသာ ေငြမ်ားကို ႏိုင္ငံေတာ္ကသီးႏွံေပၚေပးစနစ္ျဖင့္ ပံ့ပိုးေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
မ်ိဳးေစ့ျပပြဲ ၂၀၂၆ သည္ အရည္အေသြးေကာင္း မ်ိဳးေကာင္းမ်ိဳးသန႔္မ်ား သုံးစြဲမႈျမင့္မားလာေစေရး၊ မ်ိဳးေစ့သုံးစြဲသူမ်ားႏွင့္ မ်ိဳးေစ့ထုတ္လုပ္သူမ်ားအၾကား ဆက္ႏႊယ္မႈကြန္ရက္ပိုမိုေကာင္းမြန္ေစေရးႏွင့္ မ်ိဳးေစ့က႑တြင္ Public-Private Partnership (PPP) ပိုမိုေကာင္းမြန္လာေစေရးအတြက္ ရည္႐ြယ္က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။