MAI မှ ဒူဘိုင်းလေယာဉ်ခရီးစဉ်ကို မတ်လ (၃) ရက်အထိ ဖျက်သိမ်းထား

208

စော(NP News)- မတ် ၂
ဒေသတွင်း လေကြောင်းလမ်းပိတ်ဆို့မှုများကြောင့် ဒူဘိုင်းလေယာဉ်ခရီးစဉ်ကို မတ်လ (၃) ရက်အထိ ဖျက်သိမ်းထားကြောင်း Myanmar Airways International (MAI)က အသိပေးကြေညာထားသည်။
ထို့ကြောင့် ခရီးသည်များအနေဖြင့် လက်မှတ်နေရာလွတ်ရှိမှုအပေါ် မူတည်၍ တစ်ကြိမ်အခမဲ့ ခရီးသွားရက်ပြောင်းလဲခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
Travel Agent များ သို့မဟုတ် OTA များမှတဆင့် လက်မှတ်ဝယ်ယူထားသူများသည် မိမိတို့၏ သက်ဆိုင်ရာ အေးဂျင့်များနှင့် တိုက်ရိုက် ဆက်သွယ်ရမည်ဖြစ်ကြောင်း MAI မှ မေတ္တာရပ်ခံထားသည်။
ဖြစ်ပေါ်ခဲ့သော အဆင်မပြေမှုများအတွက် အထူးဝမ်းနည်းသော်လည်း ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများ၏ လုံခြုံရေးနှင့် ဘေးကင်းရေးသည် အမြင့်ဆုံး ဦးစားပေး ဖြစ်ကြောင်းလည်း M
AI မှ အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၈ရက်)မှ ဖြစ်ပွားခဲ့သည့် အမေရိကန်နှင့် အီရန်စစ်ပွဲများကြောင့် အီရန်၏ လေကြောင်းဧရိယာများပိတ်ဆို့ခြင်း၊ ဒူဘိုင်း၊ အဘူဒါဘီ၊ ဒိုဟာ စသည့် ချိတ်ဆက်လေဆိပ်များမှ လေကြောင်းလိုင်းများ ဖျက်သိမ်းခြင်း၊ ရပ်စဲခြင်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားမည့်လေကြောင်းခရီးစဥ်များ ရပ်ဆိုင်းထားရပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်တွင် ခရီးသည်များ ပိတ်မိနေ၍ အဆိုပါခရီးသည်များအတွက် လိုအပ်မည့် လေဆိပ်အတွင်း နေရာချထားရေးများ ကူညီလုပ်ဆောင်နေကြောင်း ထိုင်းအာဏာပိုင်ဘက်က ထုတ်ပြန်ထားသည်။
ထို့ပြင် ကူဝိတ်မြို့ရှိ မြန်မာသံရုံးက မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ အရေးကြီးစာရွက်စာတမ်း၊ သောက်ရေနှင့် အစားအသောက် ၊ ဖုန်း၊ ဆေးဝါး၊ power bank၊ အဝတ်အစားနှင့် ကိုယ်ပိုင်အသုံးအဆောင်များ စုစည်းပြင်ဆင်ထားရန်နှင့် မလိုအပ်ဘဲ ခရီးမသွားကြရန် အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
MAI မွ ဒူဘိုင္းေလယာဥ္ခရီးစဥ္ကို မတ္လ (၃) ရက္အထိ ဖ်က္သိမ္းထား
ေစာ(NP News)- မတ္ ၂
ေဒသတြင္း ေလေၾကာင္းလမ္းပိတ္ဆို႔မႈမ်ားေၾကာင့္ ဒူဘိုင္းေလယာဥ္ခရီးစဥ္ကို မတ္လ (၃) ရက္အထိ ဖ်က္သိမ္းထားေၾကာင္း Myanmar Airways International (MAI)က အသိေပးေၾကညာထားသည္။
ထို႔ေၾကာင့္ ခရီးသည္မ်ားအေနျဖင့္ လက္မွတ္ေနရာလြတ္ရွိမႈအေပၚ မူတည္၍ တစ္ႀကိမ္အခမဲ့ ခရီးသြားရက္ေျပာင္းလဲခြင့္ ရရွိမည္ျဖစ္ေၾကာင္း သိရသည္။
Travel Agent မ်ား သို႔မဟုတ္ OTA မ်ားမွတဆင့္ လက္မွတ္ဝယ္ယူထားသူမ်ားသည္ မိမိတို႔၏ သက္ဆိုင္ရာ ေအးဂ်င့္မ်ားႏွင့္ တိုက္႐ိုက္ ဆက္သြယ္ရမည္ျဖစ္ေၾကာင္း MAI မွ ေမတၱာရပ္ခံထားသည္။
ျဖစ္ေပၚခဲ့ေသာ အဆင္မေျပမႈမ်ားအတြက္ အထူးဝမ္းနည္းေသာ္လည္း ခရီးသည္မ်ားႏွင့္ ေလယာဥ္ဝန္ထမ္းမ်ား၏ လုံၿခဳံေရးႏွင့္ ေဘးကင္းေရးသည္ အျမင့္ဆုံး ဦးစားေပး ျဖစ္ေၾကာင္းလည္း M
AI မွ အသိေပးထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၂၈ရက္)မွ ျဖစ္ပြားခဲ့သည့္ အေမရိကန္ႏွင့္ အီရန္စစ္ပြဲမ်ားေၾကာင့္ အီရန္၏ ေလေၾကာင္းဧရိယာမ်ားပိတ္ဆို႔ျခင္း၊ ဒူဘိုင္း၊ အဘူဒါဘီ၊ ဒိုဟာ စသည့္ ခ်ိတ္ဆက္ေလဆိပ္မ်ားမွ ေလေၾကာင္းလိုင္းမ်ား ဖ်က္သိမ္းျခင္း၊ ရပ္စဲျခင္းျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားသို႔ သြားမည့္ေလေၾကာင္းခရီးစဥ္မ်ား ရပ္ဆိုင္းထားရၿပီး ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ သုဝဏၰဘူမိေလဆိပ္တြင္ ခရီးသည္မ်ား ပိတ္မိေန၍ အဆိုပါခရီးသည္မ်ားအတြက္ လိုအပ္မည့္ ေလဆိပ္အတြင္း ေနရာခ်ထားေရးမ်ား ကူညီလုပ္ေဆာင္ေနေၾကာင္း ထိုင္းအာဏာပိုင္ဘက္က ထုတ္ျပန္ထားသည္။
ထို႔ျပင္ ကူဝိတ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္၊ အေရးႀကီးစာ႐ြက္စာတမ္း၊ ေသာက္ေရႏွင့္ အစားအေသာက္ ၊ ဖုန္း၊ ေဆးဝါး၊ power bank၊ အဝတ္အစားႏွင့္ ကိုယ္ပိုင္အသုံးအေဆာင္မ်ား စုစည္းျပင္ဆင္ထားရန္ႏွင့္ မလိုအပ္ဘဲ ခရီးမသြားၾကရန္ အသိေပးထုတ္ျပန္ထားသည္။