အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က)တို့ဖြင့် ကြားနာစစ်ဆေးဆဲ အမှုပေါင်း (၉၅၀၀)ကျော်ပိတ်သိမ်း

 1113

ထိုက်စံ (NP News)- မတ် ၂
အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က)တို့ဖြင့် ကြားနာစစ်ဆေးဆဲ အမှုပေါင်း (၉၅၀၀)ကျော်ကို ပိတ်သိမ်းပေးခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ၏ထုတ်ပြန်ချက်အရ သိရသည်။

တပေါင်းလပြည့်နေ့ အခါသမယနှင့် ယနေ့ ( မတ်လ ၂ ရက်)တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၂၇) အရ အမိန့်ထုတ်ပြန် ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

နိုင်ငံတော်မှ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) တို့ဖြင့် လည်းကောင်း၊ ယင်းပြစ်မှုများဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံထားရသူ (၁၂၄၈၇) ဦး၏ တရားရုံး ကြားနာစစ်ဆေးဆဲ အမှုပေါင်း (၉၅၃၂) မှုကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

Zawgyi Version:
အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(ည)ႏွင့္ ပုဒ္မ ၅၂(က)တို႔ျဖင့္ ၾကားနာစစ္ေဆးဆဲ အမႈေပါင္း (၉၅၀၀)ေက်ာ္ပိတ္သိမ္း
ထိုက္စံ (NP News)- မတ္ ၂
အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(ည)ႏွင့္ ပုဒ္မ ၅၂(က)တို႔ျဖင့္ ၾကားနာစစ္ေဆးဆဲ အမႈေပါင္း (၉၅၀၀)ေက်ာ္ကို ပိတ္သိမ္းေပးခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ ၏ထုတ္ျပန္ခ်က္အရ သိရသည္။

တေပါင္းလျပည့္ေန႔ အခါသမယႏွင့္ ယေန႔ ( မတ္လ ၂ ရက္)တြင္ က်ေရာက္ေသာ ေတာင္သူလယ္သမားေန႔ အထိမ္းအမွတ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ (၄၂၇) အရ အမိန႔္ထုတ္ျပန္ ပိတ္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ႏိုင္ငံေတာ္မွ ျပည္သူလူထု ႏွလုံးစိတ္ဝမ္း ေအးခ်မ္းေစေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈကို အေလးထားေသာအားျဖင့္ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀(ည) ႏွင့္ ပုဒ္မ ၅၂(က) တို႔ျဖင့္ လည္းေကာင္း၊ ယင္းျပစ္မႈမ်ားျဖင့္ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၅၁၂ ျဖင့္လည္းေကာင္း တရားစြဲဆိုခံထားရသူ (၁၂၄၈၇) ဦး၏ တရား႐ုံး ၾကားနာစစ္ေဆးဆဲ အမႈေပါင္း (၉၅၃၂) မႈကို ပိတ္သိမ္းခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.