ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူ၊ ဒေါ်မိုးမိုးစုကြည် တို့ အပါအဝင် ထင်ရှားသူအချို့ လွတ်မြောက်

 422

သန့်ဇင်(NP News)-မတ် ၂
နေပြည်တော် NLD ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူ၊ ဒေါ်မိုးမိုးစုကြည် တို့ အပါအဝင် ထင်ရှားသူအချို့ သည် ယနေ့ (မတ်လ ၂ ရက်) လွတ်ငြိမ်းနှင့် အတူ လွတ်မြောက်လာကြောင်း ကနဦး သိရသည်။
တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထား သောအားဖြင့်လည်းကောင်း၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နှင့် ၅၂ (က) အရ ပြစ်မှုကျူးလွန်၍ အကျဉ်းထောင် / အချုပ်ထောင် / စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူများအပါအဝင် အကျည်းသား၊ အကျဉ်းသူ (၁၀၁၆၂) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လွတ်ငြိမ်းခွင့်ပြုပေးခဲ့ရာတွင် နေပြည်တော်ကောင်စီ NLD ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည်တော် စည်ပင်ဘဏ်ဥက္ကဋ္ဌ ဟောင်းဦးရဲမင်းဦး၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးမင်းသူ တို့သည်လည်း လွတ်ငြိမ်းအတူ လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် NLD အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဖြစ်ခဲ့ဖူးသူ ဒေါ်မိုးမိုးစုကြည်လည်း လွတ်ငြိမ်းအနှင့်အတူ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
အလားတူ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာရှင်ဒေဝီသည်လည်း ယနေ့ လွတ်ငြိမ်းတွင်ပါဝင်လာခဲ့ပြီး NLD ၏ လူငယ်တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်နီမိုလှိုင်သည်လည်း သာယာဝတီအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ယနေ့ (မတ်လ ၂ ရက်) တွင် ကျရောက်သောတောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာသူများအတွင်း အင်းစိန်အကျဥ်းထောင်မှ အကျဥ်းသားအကျဥ်းသူ (၁၀၀၀) ကျော် ပါဝင်ခဲ့ကြောင်းလည်း သိရသည်။
ယခု လွတ်မြောက်ရာတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ ဖြစ်ခဲ့သူ မဆုရည်လင်း(ခ)လင်းလင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ၏ ဒုဥက္ကဌ ဖြစ်ခဲ့သူ ကိုထက်ပိုင်စိုး နှင့် မနွေးရတီ၊ ရုပ်သံသတင်းထောက် မမှူးရတနာထက်ထက်ထွန်း စသူတို့လည်း ပါဝင်ကြောင်း သိရသည်။

Zawgyi Version:
ေဒါက္တာမ်ိဳးေအာင္၊ ဦးရဲမင္းဦး၊ ဦးမင္းသူ၊ ေဒၚမိုးမိုးစုၾကည္ တို႔ အပါအဝင္ ထင္ရွားသူအခ်ိဳ႕ လြတ္ေျမာက္
သန႔္ဇင္(NP News)-မတ္ ၂
ေနျပည္ေတာ္ NLD ဥကၠ႒ေဟာင္း ေဒါက္တာမ်ိဳးေအာင္၊ ဦးရဲမင္းဦး၊ ဦးမင္းသူ၊ ေဒၚမိုးမိုးစုၾကည္ တို႔ အပါအဝင္ ထင္ရွားသူအခ်ိဳ႕ သည္ ယေန႔ (မတ္လ ၂ ရက္) လြတ္ၿငိမ္းႏွင့္ အတူ လြတ္ေျမာက္လာေၾကာင္း ကနဦး သိရသည္။
တေပါင္းလျပည့္ေန႔ အခါသမယႏွင့္ ၂၀၂၆ ခုႏွစ္၊ မတ္လ ၂ ရက္ေန႔တြင္က်ေရာက္သည့္ ေတာင္သူလယ္သမားေန႔ အထိမ္းအမွတ္ အားျဖင့္လည္းေကာင္း၊ ျပည္သူလူထုႏွလုံးစိတ္ဝမ္းေအးခ်မ္းေစေရးႏွင့္ လူသားခ်င္း စာနာေထာက္ထားမႈကို အေလးထား ေသာအားျဖင့္လည္းေကာင္း၊ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀ (ည) ႏွင့္ ၅၂ (က) အရ ျပစ္မႈက်ဴးလြန္၍ အက်ဥ္းေထာင္ / အခ်ဳပ္ေထာင္ / စခန္း အသီးသီးတြင္ ျပစ္ဒဏ္က်ခံလ်က္ရွိေသာ အက်ဥ္းသား/ အက်ဥ္းသူမ်ားအပါအဝင္ အက်ည္းသား၊ အက်ဥ္းသူ (၁၀၁၆၂) ဦးကို ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ လြတ္ၿငိမ္းခြင့္ျပဳေပးခဲ့ရာတြင္ ေနျပည္ေတာ္ေကာင္စီ NLD ဥကၠ႒ေဟာင္း ေဒါက္တာမ်ိဳးေအာင္၊ ေနျပည္ေတာ္ စည္ပင္ဘဏ္ဥကၠ႒ ေဟာင္းဦးရဲမင္းဦး၊ ျပည္ေထာင္စု ဝန္ႀကီးေဟာင္း ဦးမင္းသူ တို႔သည္လည္း လြတ္ၿငိမ္းအတူ လြတ္ေျမာက္လာခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ NLD အစိုးရလက္ထက္က ရန္ကုန္တိုင္းေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းျမစ္ဝန္ႀကီးျဖစ္ခဲ့ဖူးသူ ေဒၚမိုးမိုးစုၾကည္လည္း လြတ္ၿငိမ္းအႏွင့္အတူ ျပန္လည္လြတ္ေျမာက္လာခဲ့ေၾကာင္း သိရသည္။
အလားတူ မွတ္တမ္း႐ုပ္ရွင္ဒါ႐ိုက္တာရွင္ေဒဝီသည္လည္း ယေန႔ လြတ္ၿငိမ္းတြင္ပါဝင္လာခဲ့ၿပီး NLD ၏ လူငယ္တာဝန္ခံတစ္ဦးျဖစ္သူ ေဒၚနီမိုလႈိင္သည္လည္း သာယာဝတီအက်ဥ္းေထာင္မွ လြတ္ေျမာက္လာခဲ့ေၾကာင္း သိရသည္။
ယေန႔ (မတ္လ ၁ရက္) တြင္ က်ေရာက္ေသာေတာင္သူလယ္သမားေန႔အထိမ္းအမွတ္အျဖစ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လြတ္ေျမာက္ လာသူမ်ားအတြင္း အင္းစိန္အက်ဥ္းေထာင္မွ အက်ဥ္းသားအက်ဥ္းသူ (၁၀၀၀) ေက်ာ္ ပါဝင္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.