ယူနက်စကိုတင်ရန် မြန်မာ့လက်ဖက်စိုယဉ်ကျေးမှု၏ အချက်အလက်များကိုသက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြထား

 94

စော (NP News)-မတ် ၂
မြန်မာ့လက်ဖက်စိုယဉ်ကျေးမှုကို လူသားမျိုးနွယ်ကိုယ်စားပြု ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းသွားနိုင်ရန် စုဆောင်းထားသောအချက်အလက်များကို တင်ပြထားကြောင်း Myanmar Cultural Heritage Trust ၏ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က NP News ကိုပြောသည်။
ထိုသို့အချက်အလက်များစုစည်းနိုင်ရေးအတွက် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့အနေဖြင့် အခြားသော လူမှုအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ကာ လက်ဖက်ပွဲ တော်ကိုလည်း ဖေဖော်ဝါရီလ(၁၁)ရက်မှ (၁၄)ရက် အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် စုဆောင်းရရှိလာသော အချက် အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ဖေဖော် ဝါရီနောက်ဆုံးပတ်အတွင်းတွင် တင်ပြနိုင်ခဲ့ကြောင်း သိရသည်။
“ဝန်ကြီးဌာနက Focal ပေါ့။ စုဆောင်းပြီးသမျှ ဒီနေ့နောက်ဆုံးပို့လိုက်ပြီ။ မနက်ဖြန် (၂၅-၂-၂၀၂၃) ဆိုအကုန်ရောက်ပြီ။ ရောက်ပြီဆို သူတို့က စစ်ဆေးပြီးတော့ အထက်ရုံး အစိုးရရုံးကိုတင်ပြရ တယ်။ အဲဒီအခါကျတော့ အစိုးရအဖွဲ့ရုံးက Agree ပေါ့။ Agree ဖြစ်သွားပြီဆိုရင် နိုင်ငံခြားရေးဝန်ကြီး ရုံးကိုပေးရတယ်။ နိုင်ငံခြားရေးဝန်ကြီးရုံးက ပဲရစ်က မြန်မာနိုင်ငံဆိုင်ရာ ယူနက်စကိုသံအမတ်ကြီးဆီ ပေးပို့ရတယ်”ဟု ၎င်းကပြောသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် UNESCO Intengible Culture Heritage (ICH) နှင့်ပတ်သက်သည့် ဌာနသို့ လာမည့်(၂၀၂၆)ခုနှစ်၊ မတ်လ(၃၁)ရက် မတိုင်ခင်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ဖက်အစိုယဉ်ကျေးမှုသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကာလတည်းကရှိခဲ့သည့် သမိုင်းအထောက်အထားများ ရှိကြောင်းလည်း ဒေါ်စန္ဒာခင်က ပြောဆိုခဲ့ဖူးသည်။
လက်ရှိတွင် မြန်မာ့လက်ဖက်အစိုယဉ်ကျေးမှုကို လူသားမျိုးနွယ်ကိုယ်စားပြု ယဉ်ကျေးမှု အမွေ အနှစ်အဖြစ် တင်သွင်းသွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြင်းဓလေ့ကိုလည်း (၂၀၂၅) ခုနှစ်က ယူနက်စကိုသို့ ထပ်မံတင်သွင်းထားသည့်အတွက် ယခုနှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်နိုင်ဖွယ်ရှိ ကြောင်း သိရ သည်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်သည် ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်နိုင်ခဲ့ကြောင်း သိရ သည်။
မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စာရင်းကောက်ယူမှုမှာ ဘာသာစကား၊ နှုတ် ပြောအစဉ်အလာများနှင့် ဖော်ပြချက်များအတွက် (၁၀၄)ခု ဖျော်ဖြေတင်ဆက်မှု အနုပညာများအတွက် (၅၀၆)ခု၊ လူမှုထုံးတမ်းအစဉ်အလာများ၊ ပွဲလမ်းသဘင်များ အတွက် (၆၅၁)ခု၊ သဘာဝနှင့် လူသားအားလုံးအတွက် သက်ဆိုင်သည့် အသိပညာနှင့် ထုံးစံများအတွက် (၁၉၉) ခုနှင့် ရိုးရာလက်မှုပညာအတွက် (၈၂၉)ခု ကောက်ယူခဲ့နိုင်၍ စုစုပေါင်း (၂၂၈၉)ခုကို အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုမှတ်ပုံတင်စာရင်း ပထမအကြိမ်အဖြစ်သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ယူနက္စကိုတင္ရန္ ျမန္မာ့လက္ဖက္စိုယဥ္ေက်းမႈ၏ အခ်က္အလက္မ်ားကိုသက္ဆိုင္ရာ ဝန္ႀကီး ဌာနသို႔ တင္ျပထား
ေစာ (NP News)-မတ္ ၂
ျမန္မာ့လက္ဖက္စိုယဥ္ေက်းမႈကို လူသားမ်ိဳးႏြယ္ကိုယ္စားျပဳ ယဥ္ေက်းမႈအေမြအႏွစ္အျဖစ္ တင္သြင္းသြားႏိုင္ရန္ စုေဆာင္းထားေသာအခ်က္အလက္မ်ားကို တင္ျပထားေၾကာင္း Myanmar Cultural Heritage Trust ၏ ဥကၠ႒ ေဒၚစႏၵာခင္က NP News ကိုေျပာသည္။
ထိုသို႔အခ်က္အလက္မ်ားစုစည္းႏိုင္ေရးအတြက္ ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ား ထိန္းသိမ္းေစာင့္ ေရွာက္ေရးအဖြဲ႕အေနျဖင့္ အျခားေသာ လူမႈအဖြဲ႕အစည္းမ်ားျဖင့္ ပူးေပါင္းေဆာင္႐ြက္ကာ လက္ဖက္ပြဲ ေတာ္ကိုလည္း ေဖေဖာ္ဝါရီလ(၁၁)ရက္မွ (၁၄)ရက္ အထိ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ စုေဆာင္းရရွိလာေသာ အခ်က္ အလက္မ်ားကို သက္ဆိုင္ရာဝန္ႀကီးဌာနျဖစ္ေသာ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနသို႔ ေဖေဖာ္ ဝါရီေနာက္ဆုံးပတ္အတြင္းတြင္ တင္ျပႏိုင္ခဲ့ေၾကာင္း သိရသည္။
“ဝန္ႀကီးဌာနက Focal ေပါ့။ စုေဆာင္းၿပီးသမွ် ဒီေန႔ေနာက္ဆုံးပို႔လိုက္ၿပီ။ မနက္ျဖန္ (၂၅-၂-၂၀၂၃) ဆိုအကုန္ေရာက္ၿပီ။ ေရာက္ၿပီဆို သူတို႔က စစ္ေဆးၿပီးေတာ့ အထက္႐ုံး အစိုးရ႐ုံးကိုတင္ျပရ တယ္။ အဲဒီအခါက်ေတာ့ အစိုးရအဖြဲ႕႐ုံးက Agree ေပါ့။ Agree ျဖစ္သြားၿပီဆိုရင္ ႏိုင္ငံျခားေရးဝန္ႀကီး ႐ုံးကိုေပးရတယ္။ ႏိုင္ငံျခားေရးဝန္ႀကီး႐ုံးက ပဲရစ္က ျမန္မာႏိုင္ငံဆိုင္ရာ ယူနက္စကိုသံအမတ္ႀကီးဆီ ေပးပို႔ရတယ္”ဟု ၎ကေျပာသည္။
ထို႔ေနာက္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွတစ္ဆင့္ UNESCO Intengible Culture Heritage (ICH) ႏွင့္ပတ္သက္သည့္ ဌာနသို႔ လာမည့္(၂၀၂၆)ခုႏွစ္၊ မတ္လ(၃၁)ရက္ မတိုင္ခင္ေပးပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာ့လက္ဖက္အစိုယဥ္ေက်းမႈသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္းေထာင္ခ်ီကာလတည္းကရွိခဲ့သည့္ သမိုင္းအေထာက္အထားမ်ား ရွိေၾကာင္းလည္း ေဒၚစႏၵာခင္က ေျပာဆိုခဲ့ဖူးသည္။
လက္ရွိတြင္ ျမန္မာ့လက္ဖက္အစိုယဥ္ေက်းမႈကို လူသားမ်ိဳးႏြယ္ကိုယ္စားျပဳ ယဥ္ေက်းမႈ အေမြ အႏွစ္အျဖစ္ တင္သြင္းသြားမည္ျဖစ္ၿပီး ျမန္မာ့႐ိုးရာ သနပ္ခါးလိမ္းျခင္းဓေလ့ကိုလည္း (၂၀၂၅) ခုႏွစ္က ယူနက္စကိုသို႔ ထပ္မံတင္သြင္းထားသည့္အတြက္ ယခုႏွစ္ကုန္ပိုင္းတြင္ ဆုံးျဖတ္ႏိုင္ဖြယ္ရွိ ေၾကာင္း သိရ သည္။ ျမန္မာ့႐ိုးရာ အတာသၾကၤန္ပြဲေတာ္သည္ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္က ပထမဆုံးအႀကိမ္အျဖစ္ UNESCO ၏ လူသားမ်ိဳးႏြယ္ကိုယ္စားျပဳျဒပ္မဲ့ ယဥ္ေက်းမႈအေမြအႏွစ္စာရင္း ဝင္ႏိုင္ခဲ့ေၾကာင္း သိရ သည္။
ျမန္မာႏိုင္ငံ၏ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးမွ စာရင္းေကာက္ယူမႈမွာ ဘာသာစကား၊ ႏႈတ္ ေျပာအစဥ္အလာမ်ားႏွင့္ ေဖာ္ျပခ်က္မ်ားအတြက္ (၁၀၄)ခု ေဖ်ာ္ေျဖတင္ဆက္မႈ အႏုပညာမ်ားအတြက္ (၅၀၆)ခု၊ လူမႈထုံးတမ္းအစဥ္အလာမ်ား၊ ပြဲလမ္းသဘင္မ်ား အတြက္ (၆၅၁)ခု၊ သဘာဝႏွင့္ လူသားအားလုံးအတြက္ သက္ဆိုင္သည့္ အသိပညာႏွင့္ ထုံးစံမ်ားအတြက္ (၁၉၉) ခုႏွင့္ ႐ိုးရာလက္မႈပညာအတြက္ (၈၂၉)ခု ေကာက္ယူခဲ့ႏိုင္၍ စုစုေပါင္း (၂၂၈၉)ခုကို အမ်ိဳးသား ျဒပ္မဲ့ယဥ္ေက်းမႈမွတ္ပုံတင္စာရင္း ပထမအႀကိမ္အျဖစ္သတ္မွတ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.