အီရန်က ဆော်ဒီအာရေဗျနိုင်ငံကို တိုက်ခိုက်မှု အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို တိုက်ခိုက်ခဲ့ဟုဆို

 150

ဂျန်ဇက် (NP News) - မတ် ၂

အမေရိကန် နှင့် အစ္စရေးတို့က အီရန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ပြီးနောက်၊ အီရန်ဘက်က စော်ဒီအာရေဗျနိုင်ငံအတွင်းရှိ ပစ်မှတ်များကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ ကြောင်း ဆော်ဒီအာရေဗျနိုင်ငံက သတင်းထုတ်ပြန်လိုက်သည်။
ဆော်ဒီအာရေဗျနိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံများ တည်ရှိရာ အရှေ့ဘက်ပြည်နယ်ကို ဦးတည်ပြီး အီရန်က ဒုံးကျည်နှင့် ဒရုန်းအမြောက်အမြား ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံ၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ လေကြောင်းကာကွယ်ရေးစနစ်များက တိုက်ခိုက်မှု အတော်များများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း၊ အဆိုပါလုပ်ရပ်သည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြင်းထန်စွာရှုတ်ချထားသည်။ ကမ္ဘာ့အကြီးဆုံး ရေနံချက်စက်ရုံတစ်ခုဖြစ်သည့် Aramco ၏ ရပ်စ်တာနူရာစက်ရုံ တိုက်ခိုက်ခံရပြီး မီးလောင်နေပြီဟူသော သတင်းများ ပျံ့နှံ့ခဲ့သော်လည်း Reuters နှင့် AP ကဲ့သို့သော နိုင်ငံတကာ သတင်းဌာနကြီးများက အဆိုပါ စက်ရုံကို တိုက်ရိုက်ထိမှန်ခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်းနှင့် ခိုင်လုံသော အထောက်အထား မရှိသေးကြောင်းဖော်ပြထားသည်။
ဟော်မုဇ်ရေလက်ကြားအနီးတွင် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာခြင်းကြောင့် ကမ္ဘာ့ရေနံဈေးကွက်တွင် ဈေးနှုန်းများ အတက်အကျကြမ်းလာပြီး သင်္ဘောလိုင်းများအတွက်လည်း စိုးရိမ်စရာ အခြေအနေဖြစ်လာ သည်။ ဆော်ဒီအာရေဗျနိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် ကမ္ဘာ့စီးပွားရေးအတွက် အသက်သွေးကြောဖြစ် သဖြင့် ယခုတိုက်ခိုက်မှုသည် ဒေသတွင်းပဋိပက္ခထက် ကျော်လွန်ကာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်နိုင်သည့် အနေအထားတွင် ရှိနေသည်။
အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းစစ်ဆင်ရေးကြောင့် အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးခဲ့ရပြီးနောက်၊ အီရန်ဘက်မှ အရှေ့အလယ်ပိုင်းရှိ နိုင်ငံပေါင်း (၁၁) နိုင်ငံရှိ အမေရိကန်နှင့် အစ္စရေး ပစ်မှတ်များကို ဒုံးကျည်များနှင့် အသေခံဒရုန်းများ အများအပြားဖြင့် အပြင်းအထန် လက်စားချေ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မှတ်တမ်းများနှင့် နိုင်ငံတကာ သတင်းဌာန များ၏ မြေပြင်အတည်ပြုချက်များအရ ၄၈ နာရီအတွင်း အီရန်သည် ဒုံးကျည် (၄၆၅) စင်းကျော် နှင့်
ဒရုန်း (၃၅၇) စင်းကျော် (စုစုပေါင်း ၈၂၄ ခုကျော်) ကို အရှေ့အလယ်ပိုင်း နေရာအနှံ့သို့ တစ်ပြိုင်နက်တည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။အီရန် စစ်တပ်က၎င်းတို့အနေဖြင့် "ရန်သူကို အပြီးတိုင် မချေမှုန်းနိုင်မချင်း" လက်စားချေမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေညာထားပြီး လက်ရှိတွင် ဒေသတွင်း လေပိုင်နက်အများစုကို ပိတ်ပင်ထားကာ အမေရိကန် နှင့် မဟာမိတ်တပ်ဖွဲ့များသည် အီရန်၏ နောက်ထပ် တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားလျက်ရှိနေကြောင်း သတင်းထုတ်ပြန် ထားသည်။

Zawgyi Version;
အီရန္က ေဆာ္ဒီအာေရဗ်ႏိုင္ငံကို တိုက္ခိုက္မႈ အပါအဝင္ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံကို တိုက္ခိုက္ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၂
အေမရိကန္ ႏွင့္ အစၥေရးတို႔က အီရန္ႏိုင္ငံအတြင္းရွိ စစ္ေရးပစ္မွတ္မ်ားကို တိုက္ခိုက္ခဲ့ၿပီးေနာက္၊ အီရန္ဘက္က ေစာ္ဒီအာေရဗ်ႏိုင္ငံအတြင္းရွိ ပစ္မွတ္မ်ားကို ဒုံးက်ည္ႏွင့္ ဒ႐ုန္းမ်ားျဖင့္ တုံ႔ျပန္တိုက္ခိုက္ခဲ့ ေၾကာင္း ေဆာ္ဒီအာေရဗ်ႏိုင္ငံက သတင္းထုတ္ျပန္လိုက္သည္။
ေဆာ္ဒီအာေရဗ်ႏိုင္ငံ၏ စြမ္းအင္အေျခခံအေဆာက္အအုံမ်ား တည္ရွိရာ အေရွ႕ဘက္ျပည္နယ္ကို ဦးတည္ၿပီး အီရန္က ဒုံးက်ည္ႏွင့္ ဒ႐ုန္းအေျမာက္အျမား ပစ္လႊတ္ခဲ့ျခင္းျဖစ္သည္။
ေဆာ္ဒီအာေရဗ်ႏိုင္ငံ၏ ထုတ္ျပန္ခ်က္အရ ၎တို႔၏ ေလေၾကာင္းကာကြယ္ေရးစနစ္မ်ားက တိုက္ခိုက္မႈ အေတာ္မ်ားမ်ားကို ၾကားျဖတ္ဟန႔္တားႏိုင္ခဲ့ေသာ္လည္း၊ အဆိုပါလုပ္ရပ္သည္ ႏိုင္ငံ၏ အခ်ဳပ္အျခာ အာဏာကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္း ျပင္းထန္စြာရႈတ္ခ်ထားသည္။ ကမာၻ႔အႀကီးဆုံး ေရနံခ်က္စက္႐ုံတစ္ခုျဖစ္သည့္ Aramco ၏ ရပ္စ္တာႏူရာစက္႐ုံ တိုက္ခိုက္ခံရၿပီး မီးေလာင္ေနၿပီဟူေသာ သတင္းမ်ား ပ်ံ႕ႏွံ႔ခဲ့ေသာ္လည္း Reuters ႏွင့္ AP ကဲ့သို႔ေသာ ႏိုင္ငံတကာ သတင္းဌာနႀကီးမ်ားက အဆိုပါ စက္႐ုံကို တိုက္႐ိုက္ထိမွန္ျခင္း ရွိမရွိကို အတည္မျပဳႏိုင္ေသးေၾကာင္းႏွင့္ ခိုင္လုံေသာ အေထာက္အထား မရွိေသးေၾကာင္းေဖာ္ျပထားသည္။
ေဟာ္မုဇ္ေရလက္ၾကားအနီးတြင္ စစ္ေရးတင္းမာမႈမ်ား ျဖစ္ေပၚလာျခင္းေၾကာင့္ ကမာၻ႔ေရနံေဈးကြက္တြင္ ေဈးႏႈန္းမ်ား အတက္အက်ၾကမ္းလာၿပီး သေဘၤာလိုင္းမ်ားအတြက္လည္း စိုးရိမ္စရာ အေျခအေနျဖစ္လာ သည္။ ေဆာ္ဒီအာေရဗ်ႏိုင္ငံ၏ စြမ္းအင္က႑သည္ ကမာၻ႔စီးပြားေရးအတြက္ အသက္ေသြးေၾကာျဖစ္ သျဖင့္ ယခုတိုက္ခိုက္မႈသည္ ေဒသတြင္းပဋိပကၡထက္ ေက်ာ္လြန္ကာ တစ္ကမာၻလုံးကို ႐ိုက္ခတ္ႏိုင္သည့္ အေနအထားတြင္ ရွိေနသည္။
အေမရိကန္ႏွင့္ အစၥေရးတို႔၏ ပူးေပါင္းစစ္ဆင္ေရးေၾကာင့္ အီရန္ထိပ္တန္းေခါင္းေဆာင္ အယာတိုလာ အလီခါေမနီ ေသဆုံးခဲ့ရၿပီးေနာက္၊ အီရန္ဘက္မွ အေရွ႕အလယ္ပိုင္းရွိ ႏိုင္ငံေပါင္း (၁၁) ႏိုင္ငံရွိ အေမရိကန္ႏွင့္ အစၥေရး ပစ္မွတ္မ်ားကို ဒုံးက်ည္မ်ားႏွင့္ အေသခံဒ႐ုန္းမ်ား အမ်ားအျပားျဖင့္ အျပင္းအထန္ လက္စားေခ် တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ မွတ္တမ္းမ်ားႏွင့္ ႏိုင္ငံတကာ သတင္းဌာန မ်ား၏ ေျမျပင္အတည္ျပဳခ်က္မ်ားအရ ၄၈ နာရီအတြင္း အီရန္သည္ ဒုံးက်ည္ (၄၆၅) စင္းေက်ာ္ ႏွင့္
ဒ႐ုန္း (၃၅၇) စင္းေက်ာ္ (စုစုေပါင္း ၈၂၄ ခုေက်ာ္) ကို အေရွ႕အလယ္ပိုင္း ေနရာအႏွံ႔သို႔ တစ္ၿပိဳင္နက္တည္း ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။အီရန္ စစ္တပ္က၎တို႔အေနျဖင့္ "ရန္သူကို အၿပီးတိုင္ မေခ်မႈန္းႏိုင္မခ်င္း" လက္စားေခ်မႈမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ဟု ေၾကညာထားၿပီး လက္ရွိတြင္ ေဒသတြင္း ေလပိုင္နက္အမ်ားစုကို ပိတ္ပင္ထားကာ အေမရိကန္ ႏွင့္ မဟာမိတ္တပ္ဖြဲ႕မ်ားသည္ အီရန္၏ ေနာက္ထပ္ တိုက္ခိုက္မႈမ်ားကို ရင္ဆိုင္ရန္ အသင့္ျပင္ဆင္ထားလ်က္ရွိေနေၾကာင္း သတင္းထုတ္ျပန္ ထားသည္။

Related news

© 2021. All rights reserved.