လက်ဘနွန်နိုင်ငံမှ အမေရိကန်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာကြရန် အမေရိကန်အစိုးရ အရေးပေါ် သတိပေးချက်ထုတ်ပြန်

 123

ဂျန်ဇက် (NP News) - မတ် ၂

အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေခြင်းကြောင့် လက်ဘနွန်နိုင်ငံအတွင်း ရောက်ရှိနေထိုင်နေကြသော အမေရိကန်နိုင်ငံသားများအားလုံး "ချက်ချင်း" ထွက်ခွာကြရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂ ရက်တွင် အရေးပေါ် အမိန့် ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် အစ္စရေးနှင့် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့အကြား နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ ပိုမို ပြင်းထန်လာပြီး အချိန်မရွေး စစ်မီးကူးစက်နိုင်သည့် အခြေအနေရှိနေကြောင်း သုံးသပ်ထားကြသည်။ လက်ရှိတွင် ကူးသန်းရောင်းဝယ်ရေး လေကြောင်းလိုင်းအချို့ ပျံသန်းနေဆဲဖြစ်သော်လည်း၊ အခြေအနေ ပိုမိုဆိုးရွားလာပါက လေကြောင်းခရီးစဉ်များ ရုတ်တရက် ရပ်ဆိုင်းသွားနိုင်သဖြင့် အခွင့်အလမ်းရှိခိုက် အမြန်ဆုံး ထွက်ခွာရန် အမေရိကန်အစိုးရက တိုက်တွန်းထားသည်။
လက်ရှိအချိန်တွင် လက်ဘနွန်နိုင်ငံအား ခရီးမသွားရန် အမြင့်ဆုံးအဆင့်သတ်မှတ်ထားပြီး၊ ဒေသတွင်း လုံခြုံရေးသည် ခန့်မှန်းရခက်ခဲကြောင်း ဖော်ပြထားသည်။ စစ်မီးအကြီးအကျယ် တောက်လောင်လာပါက အမေရိကန်အစိုးရအနေဖြင့် ၎င်း၏နိုင်ငံသားများကို ကယ်ထုတ်ရန်အလွန်ခက်ခဲသွားနိုင်ကြောင်း နှင့် ယခုအချိန်သည် မိမိအစီအစဉ်ဖြင့် မိမိဘေးကင်းရာသို့ ရွှေ့ပြောင်းရမည့်အချိန်ဖြစ်ကြောင်း သတိပေးထား သည်။
အမေရိကန်နိုင်ငံသားများအနေဖြင့်မိမိတို့၏ ခရီးသွားလာမှုဆိုင်ရာ စာရွက်စာတမ်းများကို အဆင်သင့် ပြင်ထားရန်။ အမေရိကန်သံရုံး၏ Smart Traveler Enrollment Program (STEP) တွင် မှတ်ပုံတင် ထားပြီး နောက်ဆုံးရသတင်းအချက်အလက်များကို စောင့်ကြည့်ရန်။ ပဋိပက္ခဖြစ်ပွားရာ နယ်စပ်ဒေသ များ နှင့် လူစုလူဝေးရှိရာ နေရာများကို ရှောင်ရှားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်း ထားသည်။ အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်သည် ဒေသတွင်း လုံခြုံရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာ အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းပြသနေပြီး အခြားသော အနောက်နိုင်ငံအချို့ ကလည်း ၎င်းတို့၏ နိုင်ငံသားများကို အလားတူ သတိပေးချက်များ ထုတ်ပြန်လျက်ရှိသည်။

Zawgyi Version;
လက္ဘႏြန္ႏိုင္ငံမွ အေမရိကန္ႏိုင္ငံသားမ်ား အျမန္ဆုံးထြက္ခြာၾကရန္ အေမရိကန္အစိုးရ အေရးေပၚ သတိေပးခ်က္ထုတ္ျပန္
ဂ်န္ဇက္ (NP News) - မတ္ ၂
အေရွ႕အလယ္ပိုင္းေဒသတြင္ စစ္ေရးတင္းမာမႈမ်ား အရွိန္အဟုန္ျဖင့္ ျမင့္တက္လာေနျခင္းေၾကာင့္ လက္ဘႏြန္ႏိုင္ငံအတြင္း ေရာက္ရွိေနထိုင္ေနၾကေသာ အေမရိကန္ႏိုင္ငံသားမ်ားအားလုံး "ခ်က္ခ်င္း" ထြက္ခြာၾကရန္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မတ္လ ၂ ရက္တြင္ အေရးေပၚ အမိန႔္ ထုတ္ျပန္လိုက္သည္။
လက္ရွိတြင္ အစၥေရးႏွင့္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔အၾကား နယ္စပ္ျဖတ္ေက်ာ္ ပစ္ခတ္မႈမ်ား ပိုမို ျပင္းထန္လာၿပီး အခ်ိန္မေ႐ြး စစ္မီးကူးစက္ႏိုင္သည့္ အေျခအေနရွိေနေၾကာင္း သုံးသပ္ထားၾကသည္။ လက္ရွိတြင္ ကူးသန္းေရာင္းဝယ္ေရး ေလေၾကာင္းလိုင္းအခ်ိဳ႕ ပ်ံသန္းေနဆဲျဖစ္ေသာ္လည္း၊ အေျခအေန ပိုမိုဆိုး႐ြားလာပါက ေလေၾကာင္းခရီးစဥ္မ်ား ႐ုတ္တရက္ ရပ္ဆိုင္းသြားႏိုင္သျဖင့္ အခြင့္အလမ္းရွိခိုက္ အျမန္ဆုံး ထြက္ခြာရန္ အေမရိကန္အစိုးရက တိုက္တြန္းထားသည္။
လက္ရွိအခ်ိန္တြင္ လက္ဘႏြန္ႏိုင္ငံအား ခရီးမသြားရန္ အျမင့္ဆုံးအဆင့္သတ္မွတ္ထားၿပီး၊ ေဒသတြင္း လုံၿခဳံေရးသည္ ခန႔္မွန္းရခက္ခဲေၾကာင္း ေဖာ္ျပထားသည္။ စစ္မီးအႀကီးအက်ယ္ ေတာက္ေလာင္လာပါက အေမရိကန္အစိုးရအေနျဖင့္ ၎၏ႏိုင္ငံသားမ်ားကို ကယ္ထုတ္ရန္အလြန္ခက္ခဲသြားႏိုင္ေၾကာင္း ႏွင့္ ယခုအခ်ိန္သည္ မိမိအစီအစဥ္ျဖင့္ မိမိေဘးကင္းရာသို႔ ေ႐ႊ႕ေျပာင္းရမည့္အခ်ိန္ျဖစ္ေၾကာင္း သတိေပးထား သည္။
အေမရိကန္ႏိုင္ငံသားမ်ားအေနျဖင့္မိမိတို႔၏ ခရီးသြားလာမႈဆိုင္ရာ စာ႐ြက္စာတမ္းမ်ားကို အဆင္သင့္ ျပင္ထားရန္။ အေမရိကန္သံ႐ုံး၏ Smart Traveler Enrollment Program (STEP) တြင္ မွတ္ပုံတင္ ထားၿပီး ေနာက္ဆုံးရသတင္းအခ်က္အလက္မ်ားကို ေစာင့္ၾကည့္ရန္။ ပဋိပကၡျဖစ္ပြားရာ နယ္စပ္ေဒသ မ်ား ႏွင့္ လူစုလူေဝးရွိရာ ေနရာမ်ားကို ေရွာင္ရွားရန္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တိုက္တြန္း ထားသည္။ အေမရိကန္အစိုးရ၏ ထုတ္ျပန္ခ်က္သည္ ေဒသတြင္း လုံၿခဳံေရးအေျခအေနမွာ စိုးရိမ္ဖြယ္ရာ အေကာင္းဆုံးအေျခအေနသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္းျပသေနၿပီး အျခားေသာ အေနာက္ႏိုင္ငံအခ်ိဳ႕ ကလည္း ၎တို႔၏ ႏိုင္ငံသားမ်ားကို အလားတူ သတိေပးခ်က္မ်ား ထုတ္ျပန္လ်က္ရွိသည္။

Related news

© 2021. All rights reserved.