မိုင်းလားတွင် နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်သူကို အများပြည်သူရှေ့ တရားစီရင်ပြီး ချက်ချင်း သေဒဏ်ပေး

 264

သုတကျော် (NP News) - မတ် ၂
ရှမ်းပြည်နယ်၊ မိုင်းလား အထူးဒေသ (၄) တွင် နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်သူကို အများပြည်သူရှေ့ တရားစီရင်ပြီး ချက်ချင်း သေဒဏ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သေဒဏ်စီရင်ခံရသူမှာ ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ ဒုတိယ ပတ် က လောင်းကစားရှုံးသောကြောင့် ကျင်ခမ်းတွင် ညပိုင်း ၈ နာရီ အချိန်ခန့်၌ လင်မယား နှစ်ဦးကို အသင့်ယူလာသော သေနတ်ဖြင့် ပစ်သတ်ကာ အိမ်အတွင်းရှိ ပစ္စည်းများကို ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ကျူးလွန်သူကို ဖမ်းဆီးရမိရာ ယမန်နေ့ (မတ်လ ၁ ရက်) က အများပြည်သူရှေ့ တရားစီရင်ခဲ့ခြင်း ဖြစ်ပြီး ယင်း တရားစီရင်သည့် ဗွီဒီယို မှာလည်း အင်တာနက်တွင် ပြန့်နှံ့နေသည်။
အဆိုပါ ဗွီဒီယို တွင် ကျူးလွန်သူကို အများပြည်သူရှေ့ တရားစီရင်မည့် နေရာသို့ ရဲကားဖြင့် ခေါ်လာခဲ့ခြင်း ဖြစ်ပြီး ပြည်သူအများအပြား က စောင့်ကြည့်ခဲ့ကြကြောင်း တွေ့ရသည်။

Zawgyi Version:
မိုင္းလားတြင္ ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈ က်ဴးလြန္သူကို အမ်ားျပည္သူေရွ႕ တရားစီရင္ၿပီး ခ်က္ခ်င္း ေသဒဏ္ေပး
သုတေက်ာ္ (NP News) - မတ္ ၂
ရွမ္းျပည္နယ္၊ မိုင္းလား အထူးေဒသ (၄) တြင္ ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈ က်ဴးလြန္သူကို အမ်ားျပည္သူေရွ႕ တရားစီရင္ၿပီး ခ်က္ခ်င္း ေသဒဏ္ေပးခဲ့ေၾကာင္း ေဒသခံမ်ားထံက သိရသည္။
ေသဒဏ္စီရင္ခံရသူမွာ ၿပီးခဲ့သည့္ ႏွစ္ ႏိုဝင္ဘာလ ဒုတိယ ပတ္ က ေလာင္းကစားရႈံးေသာေၾကာင့္ က်င္ခမ္းတြင္ ညပိုင္း ၈ နာရီ အခ်ိန္ခန႔္၌ လင္မယား ႏွစ္ဦးကို အသင့္ယူလာေသာ ေသနတ္ျဖင့္ ပစ္သတ္ကာ အိမ္အတြင္းရွိ ပစၥည္းမ်ားကို ယူေဆာင္သြားခဲ့ျခင္း ျဖစ္သည္။
ထို႔ေနာက္ က်ဴးလြန္သူကို ဖမ္းဆီးရမိရာ ယမန္ေန႔ (မတ္လ ၁ ရက္) က အမ်ားျပည္သူေရွ႕ တရားစီရင္ခဲ့ျခင္း ျဖစ္ၿပီး ယင္း တရားစီရင္သည့္ ဗြီဒီယို မွာလည္း အင္တာနက္တြင္ ျပန႔္ႏွံ႔ေနသည္။
အဆိုပါ ဗြီဒီယို တြင္ က်ဴးလြန္သူကို အမ်ားျပည္သူေရွ႕ တရားစီရင္မည့္ ေနရာသို႔ ရဲကားျဖင့္ ေခၚလာခဲ့ျခင္း ျဖစ္ၿပီး ျပည္သူအမ်ားအျပား က ေစာင့္ၾကည့္ခဲ့ၾကေၾကာင္း ေတြ႕ရသည္။

Picture

eiei aye

02/03/2026 16:42

ဟုတ်နေရော ဘာပြောရမှန်းကိုမသိပါဘူး

Related news

© 2021. All rights reserved.