နောက်လာမယ့် အီရန်ခေါင်းဆောင်ကလည်း အမေရိကန်ကို ရန်လိုနေဦးမယ်ဆိုရင် သတ်ပစ်သင့်တယ်လို့ အမေရိကန်လွှတ်တော်အမတ်တစ်ဦးပြော

201

Pika (NP News) - မတ် ၂
အီရန်မှာ နောက်ထပ်အာဏာရလာမယ့်သူက အမေရိကန်ရဲ့အကျိုးစီးပွားတွေကို ဆက်ပြီး ရန်လိုနေဦး မယ်ဆိုရင် လုပ်ကြံသတ်ဖြတ်မှုတွေလုပ်ဆောင်သွားသင့်တယ်လို့ အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့တိုက်ခိုက်ရေးစစ်ဆင်ရေးတွေကြောင့် အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီနဲ့ အခြားအကြီးတန်းအရာရှိတွေ သေဆုံးခဲ့ပြီးနောက် လင်ဆေးဂရဟမ်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
လင်ဆေးဂရေဟမ်က “အီရန်ကို အဆုံးသတ်ပစ်လိုက်ပါ။ အီရန်မှာ နောက်ထပ်အာဏာရလာမယ့်လူက ကျွန်တော်တို့ရဲ့အကျိုးစီးပွားတွေကို မထိခိုက်တဲ့အခါ လုံခြုံဘေးကင်းမှုက ရောက်လာပါလိမ့်မယ်။ အီရန်ရဲ့လက်ရှိအစိုးရ ပြိုလဲသွားပြီးရင် ဘယ်သူက အုပ်ချုပ်မှုတွေလုပ်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ အမေရိကန်နဲ့မိတ်ဆွေဖြစ်ချင်ရင် ကျွန်တော်တို့က မိတ်ဆွေဖြစ်ပေးလို့ရပါတယ်။
အဲလိုမဟုတ်ဘဲ ခုလိုမျိုးပဲဆက်လုပ်နေမယ်ဆိုရင်တော့ အလီခါမေနီလိုမျိုး အဆုံးသတ်သွားရပါလိမ့်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အစ္စရေးနဲ့အီရန်တို့ကြား တင်းမာမှုတွေဟာ အမြင့်ဆုံးအဆင့်အထိကို ရောက်ရှိနေပြီဖြစ်ပြီး ဒုံးကျည်တွေ၊ ဒရုန်းတွေ နဲ့ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ေနာက္လာမယ့္ အီရန္ေခါင္းေဆာင္ကလည္း အေမရိကန္ကို ရန္လိုေနဦးမယ္ဆိုရင္ သတ္ပစ္သင့္တယ္လို႔ အေမရိကန္လႊတ္ေတာ္အမတ္တစ္ဦးေျပာ
Pika (NP News) - မတ္ ၂
အီရန္မွာ ေနာက္ထပ္အာဏာရလာမယ့္သူက အေမရိကန္ရဲ႕အက်ိဳးစီးပြားေတြကို ဆက္ၿပီး ရန္လိုေနဦး မယ္ဆိုရင္ လုပ္ႀကံသတ္ျဖတ္မႈေတြလုပ္ေဆာင္သြားသင့္တယ္လို႔ အထက္လႊတ္ေတာ္အမတ္ လင္ေဆး ဂေရဟမ္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ရဲ႕တိုက္ခိုက္ေရးစစ္ဆင္ေရးေတြေၾကာင့္ အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီနဲ႔ အျခားအႀကီးတန္းအရာရွိေတြ ေသဆုံးခဲ့ၿပီးေနာက္ လင္ေဆးဂရဟမ္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။
လင္ေဆးဂေရဟမ္က “အီရန္ကို အဆုံးသတ္ပစ္လိုက္ပါ။ အီရန္မွာ ေနာက္ထပ္အာဏာရလာမယ့္လူက ကြၽန္ေတာ္တို႔ရဲ႕အက်ိဳးစီးပြားေတြကို မထိခိုက္တဲ့အခါ လုံၿခဳံေဘးကင္းမႈက ေရာက္လာပါလိမ့္မယ္။ အီရန္ရဲ႕လက္ရွိအစိုးရ ၿပိဳလဲသြားၿပီးရင္ ဘယ္သူက အုပ္ခ်ဳပ္မႈေတြလုပ္မလဲဆိုတာ ကြၽန္ေတာ္မသိပါဘူး။ အေမရိကန္နဲ႔မိတ္ေဆြျဖစ္ခ်င္ရင္ ကြၽန္ေတာ္တို႔က မိတ္ေဆြျဖစ္ေပးလို႔ရပါတယ္။
အဲလိုမဟုတ္ဘဲ ခုလိုမ်ိဳးပဲဆက္လုပ္ေနမယ္ဆိုရင္ေတာ့ အလီခါေမနီလိုမ်ိဳး အဆုံးသတ္သြားရပါလိမ့္မယ္” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အစၥေရးနဲ႔အီရန္တို႔ၾကား တင္းမာမႈေတြဟာ အျမင့္ဆုံးအဆင့္အထိကို ေရာက္ရွိေနၿပီျဖစ္ၿပီး ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြ နဲ႔ အျပန္အလွန္ပစ္ခတ္ တိုက္ခိုက္မႈေတြကို ဆက္တိုက္လုပ္ေဆာင္ေနၾကတယ္လို႔လည္း သိရပါတယ္။