“KIO – KIA ကို ဘယ်လိုထိန်းချုပ်ပြီး စစ်ရေး ရေသောက်မြစ်ကို ဘယ်လိုဖြတ်တောက်ကြမလဲ” (အတွေးအမြင် ဆောင်ပါး)

373

အောင်နိုင်သူ (ဇွဲကပင်) (NP News)
မြန်မာ့သမိုင်းတွင် တစ်ကျော့ပြန်အားကောင်းခဲ့သော နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများသည် မကြုံ စဖူးလောက်အောင်ပြင်းထန်ခဲ့ကြောင်း ယနေ့ ခေတ်မြန်မာနိုင်ငံသားများ ကြုံခဲ့ကြရပြီးဖြစ်ပါသည်။ ခါးသီးဖွယ်ကောင်းသော ဤ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခသည် ဤရွေ့ဤမျှလောက် ကြီးထွားလာစရာ အကြောင်းမရှိသော်လည်း ရိုးသားမှုမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အမြတ်ထုတ်မှု ကြောင့်လည်း ပို၍ ဆိုးရွားစေခဲ့ပါသည်။ ထိုနည်းတူ မိမိတို့နိုင်ငံအပေါ် စေတနာမမှန်ကြသည့် အိမ်နီး ချင်းနိုင်ငံများနှင့် ပြည်တွင်း ပြည်ပရှိ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်လည်း နိုင်ငံရေး စစ်ရေး ပဋိပက္ခများ၏အရှိန်က အချိန်တိုအတွင်း ရပ်တန့်ခြင်းမရှိဘဲ ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပါ သည်။
သို့သော် (၂၀၂၁)ခုနှစ်ကစတင်လိုက်သည့် နိုင်ငံရေးစစ်ရေးပဋိပက္ခများက ယခုဆိုရင် (၆၀)ရာ ခိုင်နှုန်းခန့်ပြီးသွားပြီဟုဆိုနိုင်သဖြင့် အနည်းငယ် စိတ်သက်သာရာရလာကြပြီးဖြစ်ပါသည်။ ကျန်နေ သေးသည့်(၄၀)ရာခိုင်နှုန်းကလည်း အညာဒေသကို အခြေပြုထားသည့် KIA-KIO လက်နက်ကိုင်အဖွဲ့ များ အားကောင်းနေသေးသည်ကို အပြီးတိုင်ရှင်းမရ သေး၍ ကျန်နေသည့်သဘောပင်ဖြစ်ပါသည်။
မြန်မာပြည်အောက်ပိုင်းကတော့ စစ်ရေး အရအသာစီးရသွားပြီမို့ နိုင်ငံရေးတွင် တက်လာမည့် အစိုးရသစ်နှင့်အတူ လက်တွဲဆောင်ရွက်ရန် ပြည်သူကလည်း အသင့်ပြင်ဆင်ထားကြပြီးဖြစ်ပါသည်။ မြန် မာပြည်အောက်ပိုင်း၊ အထူးသဖြင့် မွန်၊ ကရင်၊ ကယားဒေသများသည် စစ်ရေး၌ အဘယ်ကြောင့် အသာ စီးရလာသနည်းမေးလျှင် လက်နက်ကိုင်အဖွဲ့ EAOs များကိုအထောက်အပံ့ဖြစ်စေခဲ့သည့်အရင်းအမြစ် များကို ဖြတ်တောက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
ဤနေရာ၌ အရင်းအမြစ်ဟုပြောလျှင် မည် သို့သောအရင်းအမြစ်များနည်းဟု မေးစရာရှိပါသည်။ စစ်ရေးကို အထောက်အကူဖြစ်စေသည့် အဓိကအ ရင်းအမြစ်က များများစားစားမရှိ၍ ချရေးပြရလျှင်-
(၁) စစ်အင်အားကိုအထောက်အကူဖြစ်စေသည့် လူသားအရင်းအမြစ်များ
(၂) စစ်ပွဲကိုကြီးထွားလာစေသည့် စစ်လက်နက် ခဲယမ်း မီးကျောက်များ
(၃) စစ်ပွဲကို ရေရှည်ထောက်ပံ့ပေးနေသော ငွေကြေး
ဓန အင်အား ဆိုသည့် (၃)မျိုးပင်ဖြစ်ပါသည်။
ဤအရင်းအမြစ်(၃)မျိုးလုံးကို လူမျိုးစုလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အသီးသီးသည် (၂၀၂၁) ခုနှစ် နိုင်ငံရေးပဋိပက္ခနှင့်အတူ မမျှော်လင့်ဘဲ အကြီးအကျယ်ရလိုက်ပါသည်။ (၁၉၈၈)ခုနှစ်တွင်လည်း မြန်မာလူငယ်များတောခိုခဲ့၍ ယခုလိုမျိုးတစ်ကြိမ်ရခဲ့ဖူးပါသည်။ (၁၉၈၈)ခုနှစ်တုန်းက သင်ခန်းစာကို အခြေခံ၍ ယခုအကြိမ်တွင် စနစ်တကျနှင့် အကျိုးရှိရှိအသုံးချရန်လည်း ပြင်ဆင်ခဲ့ကြပါသည်။ နိုင်ငံရေး ပဋိပက္ခများ၏နောက်ဆုံးပန်းတိုင်သည် လက်နက်ကိုင်လမ်းစဉ်ကတစ်ဆင့် စစ်ရေးပဋိပက္ခဆီ ရောက်ခဲ့ ကြသည်ကလည်း သဘာဝပင်ဖြစ်ပါသည်။ ထို့ကြောင့် (၂၀၂၁)ဖေဖော်ဝါရီလ ဆူပူဆန္ဒပြပွဲများ တွင်ပါဝင် ခဲ့ကြသော G-Z လူငယ်များသည် EAOs များရှိရာ နယ်စပ်ဒေသများသို့ သွားရောက်ခဲ့ကြသည်။
ထို G-Z လူငယ်လေးများသည် ၎င်းတို့၏ စိတ်ခံစားမှုကြောင့် အမှန်၊ အမှား ခွဲခြားရန်ခက်ခဲနေ ချိန်မှာ နိုင်ငံရေးအရ အမြတ်ထုတ်လိုသည့် နိုင်ငံရေးသမားများ၊ ပြည်ဖျက်မီဒီယာများနှင့် EAOs များ ၎င်း တို့လိုသလို ပုံသွင်းအသုံးချခဲ့ကြသဖြင့် G-Z မှသည် PDF များအသွင်သို့ ကူးပြောင်းကုန်ကြသည်။ ဤသို့ ဖြင့် EAOs များသည် လူငယ်လူရွယ် လူသားအရင်းအမြစ်များကြောင့် စစ်ရေးအင်အား တောင့်တင်းလာခဲ့ ကြသည်။ G-Z မှသည် PDF သို့ အသွင်ကူးပြောင်းသွားကြသော လူငယ်များ၏ ဦးတည်လမ်းကြောင်းကို လေ့လာကြည့်သည့်အခါ မြန်မာပြည်အထက်ပိုင်း အညာဒေသရှိ လူငယ်များသည် KIA-KIO ဆီသို့ ရောက်ရှိခဲ့သော လူငယ်များနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ,TNLA နှင့် AA တို့ဆီသို့ရောက် သွားခဲ့ကြသော လူငယ်များဟူ၍ တွေ့ရပါသည်။
မြန်မာပြည်အောက်ပိုင်း G-Z လူငယ်များကမူ ကရင်ပြည်နယ်နှင့်ကယားပြည်နယ်ထဲရှိ KNU /KNLA နှင့် KNDF-KNPP တို့ဆီ ရောက်ရှိကုန် ကြသည်။ ထိုနည်းတူ ချင်းပြည်နယ်ထဲက CNF နှင့် ရခိုင် ပြည်နယ်ထဲက AA ဆီရောက်သွားကြသော လူငယ်များလည်းရှိကြသည်။ လူငယ်များရောက်ရှိလာမှုပေါ် မူတည်၍ NUG လက်အောက်ခံ PDF ၊ BPLA ၊ BA ၊ PLA ၊ KNDF ၊ CDF စသည့် အဖွဲ့မျိုးစုံဖြင့် တစ်ပြည် လုံးအတိုင်းအတာနှင့် စစ်ရေးပဋိ ပက္ခအားကောင်းအောင် နည်းလမ်းမျိုးစုံသုံးပြီး ဖန်တီးခဲ့ကြသည်။ ထိုကဲ့သို့ လူသားအရင်းအမြစ်များကြောင့် အင်အားတောင့်တင်းလာသဖြင့် တစ်ပြည်လုံးတွင် တစ်ပြိုင် နက်တည်း စစ်ရေးဖော်ဆောင်ခဲ့ကြ သည်။ ထို့ကြောင့်လည်း (၂၀၂၃)ခုနှင့် (၂၀၂၄) ခုနှစ်ကာလများသည် စစ်ရေးပဋိပက္ခ အပြင်းထန်ဆုံး အချိန်ဖြစ်ခဲ့သည်။
တစ်ဖက်တွင်လည်း စစ်ပွဲကို ကြီးထွားလာစေသည့် စစ်လက်နက်ခဲယမ်းမီးကျောက်များကို UWSA ၊ KIA နှင့် အိမ်နီးချင်းနိုင်ငံများကတစ်ဆင့် ရရှိခဲ့ကြပြန်သည်။ အထူးသဖြင့် ဒရုန်းနည်းပညာ အ သစ်အဆန်းများကြောင့်လည်း စစ်ရေးပဋိပက္ခကို ပိုမိုကြီးထွားစေခဲ့သည်။ ဒရုန်းများကိုအခြေခံပြီး တိုက်ပွဲဝင်လာကြ၍လည်း စစ်ရေးပဋိပက္ခသည် ခက်ခက်ခဲခဲဖြေရှင်းရသည့်ပြဿနာတစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ရပါသည်။
ထိုနည်းတူ စစ်ပွဲကို ရေရှည်ထောက်ပံ့ပေးနေသော ငွေကြေးဓနအင်အားကလည်း ကနဦးအစ ပိုင်းတွင် အားကောင်းခဲ့သည်ကိုတွေ့ရသည်။ EAOs များနှင့် PDF များ၏ ကနဦး ငွေကြေးစီးဆင်းမှုများ တွင် အလှူခံရရှိငွေများ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းကဲ့သို့ လောင်းကစားလုပ်ငန်များကို ငှားရမ်းနေရာပေးမှု က တစ်ဆင့်ရရှိငွေများ၊ ဒေသခံပြည်သူများထံမှ အတင်းအဓမ္မဆက်ကြေးကောက်ခံမှုများ၊ နယ်စပ်လမ်း ကြောင်း၊ ဂိတ်များကတစ်ဆင့် ကောက်ခံငွေများ၊ ပြည်ပနိုင်ငံကြီးများနှင့် အဖွဲ့အစည်းများ၏ ထောက်ပံ့ ငွေများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုမှ တစ်ဆင့်ရရှိသောငွေများနှင့် သံယံဇာတများကို အိမ် နီးချင်းနိုင်ငံများသို့ ရောင်းချ၍ရသောငွေများဟူ၍ တွေ့ရှိရပါသည်။
မည်သို့ပင်ဆိုစေကာမူ လူ၊ လက်နက်၊ ဓနငွေကြေးဟူသော အရင်းအမြစ်(၃)ခုကို လူမျိုးစုအ မည်ခံသောင်းကျန်းသူများရရှိခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ပွဲများပြင်းထန်ခဲ့သည်ကတော့ ငြင်းမရပေ။
ဤကဲ့သို့ အရင်းအမြစ်(၃)ခုကို ရလိုက်ကြ တာချင်းအတူတူ အောက်မြန်မာပြည် အထူးသဖြင့် မွန်၊ ကရင်၊ တနင်္သာရီ၊ ကယားဒေသများကိုတော့ ဤကာလအတွင်း အမိအရ လိုက်လံဖြတ်တောက်ပိတ် ဆို့နိုင်ခဲ့သဖြင့် ယခုဆိုလျှင် မွန်၊ ကရင်၊ ကယားဒေသ များရှိသောင်းကျန်းသူများသည် စစ်ရေးအရ ပြန် လည်အရေးနိမ့်လာခဲ့ပြီးဖြစ်ပါသည်။ ကယားပြည် နယ်တွင် ရှားတောနှင့် နယ်စပ်မယ်စဲ့မြို့နယ် နှစ်ခုပင် ကျန်ပါတော့သည်။ တစ်ပြည်နယ်လုံးနီးပါး ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ကရင်ပြည်နယ်တွင် လည်း နယ်စပ်စခန်းအချို့လောက်ပင်ကျန်ပါတော့သည်။ ဖာပွန်မြို့ကိုလည်း မကြာမီ ပြန်လည်သိမ်းပိုက် နိုင်တော့မည့်အခြေအနေကို ရောက်ရှိလာခဲ့ပြီဖြစ်ပါ သည်။
ဤကဲ့သို့ မွန်၊ ကရင်၊ ကယား၊ တနင်္သာရီ ဒေသကို ပြန်အုပ်နိုင်ခြင်းကြောင့် ဤဒေသများကို
စစ်ရေး၊ နိုင်ငံရေး အထောက်အပံ့ပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးတွေကိုပါ တည်ငြိမ် အေးချမ်းလာစေခဲ့ပါသည်။ အောက်မြန်မာပြည်အောင်မြင်မှုကို ပြန် လည်သုံးသပ်ကြည့်သည့်အခါ သောင်းကျန်းသူစစ် အင်အားကိုဖြစ်စေသည့် G-Z လူငယ်များ နောက် ထပ်မရောက်ရှိအောင်တားဆီးနိုင်ခဲ့သည်။ လူငယ်တို့၏သဘောသဘာဝအရ သွေးပူတုန်းတောခိုခဲ့ကြ သည့် (၂၀၂၁)ခုနှစ်က လူငယ်မျိုးဆက်မှအပ ကျန် မျိုးဆက်များ ထပ်မံတောခိုလိုစိတ် မရှိကြတော့သလို တောမခိုနိုင်အောင်လည်း တပ်မတော်က ရန်သူကို တားဆီးထိန်းချုပ်နိုင်ခဲ့သည်။
စစ်လက်နက်ပစ္စည်းများကိုလည်း ကြားဖြတ်ဟန့်တားနိုင်ခဲ့သလို ပင်မရေသောက်မြစ်များကို ရှာဖွေဖျက်ဆီးနိုင်ခဲ့သည်။ ဥပမာ (၂၀၂၁)နှစ်ကုန် ပိုင်းနှင့် (၂၀၂၂)ခုနှစ် နှစ်ဦးပိုင်းက ရန်ကုန်မြို့တွင် မကြာခဏလုပ်ကြံသတ်ဖြတ်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများရှိလာသဖြင့် ထောက်လှန်ရေးပညာအရ ရေ သောက်မြစ်ကိုရှာဖွေရာ ကရင်ပြည်နယ် လေးကေ့ ကော်ဒေသကတစ်ဆင့် ရန်ကုန်ထဲ လက်နက်များ ရောက်ရှိနေကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် လေးကေ့ကော်ဒေသကို ဝင်ရောက်ရှင်းလင်းခြင်း ဖြင့် ရန်ကုန်မြို့တည်ငြိမ်မှုကို ပြန်လည်ရရှိစေခဲ့သည်။ ကယားပြည်နယ်မှာလည်း KNDF မာဝီတို့အုပ်စုထံ UWSA ကပေးပို့သော လက်နက်ပေါင်းမြောက်များစွာ ကို ရှမ်းပြည်နယ်တောင်ပိုင်းကတစ်ဆင့် ဖမ်းဆီး ပေးနိုင်ခဲ့သည်။ ထို့ကြောင့် လက်နက်ခဲယမ်းများ ပြတ်တောက်ပြီး KNDF မာဝီတို့အုပ်စု၏ လွိုင်ကော် သိမ်းပိုက်ရေး စစ်ရေးရည်မှန်းချက်ပျက်စီးကာ စစ်ဦး ကျိုးခဲ့ရသည်။
စစ်ပွဲကို ရေရှည်ထောက်ပံ့ပေးနေသော ငွေကြေးဓနအင်အားတွင်လည်း အောက်မြန်မာပြည် ကလက်နက်ကိုင်များသည် ယခင်လို အားမကောင်းတော့ပေ။ တပ်မတော်နှင့် နိုင်ငံတော်အစိုးရက ငွေ လိမ်ဂိုဏ်းကို ပြင်းပြင်းထန်ထန်နှိမ်နင်းနိုင်ခဲ့ခြင်း၊ မူးယစ်ဆေးဝါးဖမ်းဆီးဖျက်ဆီးနိုင်ခဲ့ခြင်း၊ သောင်းကျန်း သူလက်နက်ကိုင်တပ်ဖွဲ့များအပေါ် လူထုက ယုံကြည်မှုမရှိတော့သဖြင့် ယခင်လို လှူဒါန်းထောက်ပံ့မှု များမရှိတော့ခြင်း၊ မြန်မာပြည်အောက်ပိုင်း မွန်၊ ကရင်၊ ကယားဒေသတို့သည် ကချင်ပြည်နယ်လောက် သံယံဇာတအရင်းအမြစ်များမရှိသဖြင့် ဝင်ငွေရရှိမှု နည်းပါးသွားခြင်းတို့ကြောင့် အောက်မြန်မာပြည်သည် တော်တော်လေးတည်ငြိမ်လာခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် အောက်မြန်မာပြည်ကဲ့သို့ အထက်မြန်မာ ပြည်ကိုလည်း အမြန်ဆုံး တည်ငြိမ်အေးချမ်းစေချင်ပါသည်။
ယခုအခါ အထက်မြန်မာပြည်က အောက် မြန်မာပြည်လောက် ဘာကြောင့်မအောင်မြင်သေးသ
နည်းဟုမေးလျှင် အထက်တွင်ပြောခဲ့သကဲ့သို့ အရင်း အမြစ်(၃)ခုကို ထိထိရောက်ရောက်ဖြတ်ဖို့ လိုအပ် ချက်များရှိနေသေးသောကြောင့်ဟု ယူဆမိပါသည်။ အထက်မြန်မာပြည်လည်း အချို့နေရာများတွင် တော် တော်လေးလေးအောင်မြင်လာပြီဟုဆိုနိုင်ပါသည်။
သာဓကတစ်ခုပြောရလျှ င် ဧရာဝတီမြစ်အရှေ့ဘက် မန္တလေးတိုင်းနယ်တစ်ကျောရှိ စစ်ရေး အောင်မြင်မှုသည် စစ်ရေးအရ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့်ဖြစ် သကဲ့သို့ ထောက်လှမ်းရေးပညာ(စရဖ)ပညာနှင့် စစ် ရေးအရင်းအမြစ်များကို ဖြတ်တောက်နိုင်ခဲ့ခြင်း ကြောင့်လည်းပါဝင်ပါသည်။ မန္တလေးတိုင်းက PDF တို့ အုံနှင့်ကျင်းနှင့်ဝင်လာစေရန် မဟာဗျူဟာကျကျ ကစားနိုင်ခဲ့သည့်တာဝန်ရှိသူများကို ချီးကျူးမိပါသည်။ တစ်ချိန်က စာရေးသူနှင့်အတူ တာဝန်ထမ်း ဆောင်ခဲ့ဖူးသည့် စရဖ ခေတ္တတပ်မှူးကလည်း အရည်အချင်း ရှိသူဖြစ်သလို အားသွန်ခွန်စိုက် ကြိုးပမ်း လုပ်ဆောင် လေ့ရှိသူမို့ ယခုကဲသို့ အောင်မြင်မှုအသီးအပွင့်များကို ခံစားလာရခြင်းဖြစ်သဖြင့် လေးစား ဂုဏ်ပြုမိပါသည်။
မည်သို့ပင်ဆိုစေကာမူ ယခုအခါတွင် နိုင်ငံရေး၊ စစ်ရေးကွင်းဆက်များ တဖြည်းဖြည်းချင်းချိတ် ဆက်မိလာနေပြီဖြစ်၍ အထက်မြန်မာပြည်လည်း အောက်မြန်မာပြည်လို မကြာမီ စစ်ရေးအရှိန်များ လျော့ကျသွားလိမ့်မည်ဟုယူဆမိပါသည်။ အထက်မြန်မာပြည် စစ်ရေးပဋိပက္ခ၏ အဓိက ပင်မရေ သောက်မြစ်မှာ KIO-KIA ဖြစ်ပါသည်။ KIO-KIA သည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတစ်ခုလုံး၏ ဗဟိုချက်မ ပင်မရေသောက်မြစ်လည်းဖြစ်ပါသည်။ KIO-KIA ကို ချေမှုန်းတိုက်ခိုက်ခြင်းနှင့် KIO-KIA ဆီ ရောက်နေသည့် စစ်ရေးပဋိပက္ခအရင်းအမြစ်(၃)ခုဖြစ်သည့် အညာဒေသကရသည့် လူသားအရင်းအ မြစ်၊ သံယံဇာတကရနေသည့် ငွေကြေးအရင်းအမြစ် နှင့် လက်နက်စက်ရုံတည်ရှိရာ လိုင်ဇာ၊ မိုင်ဂျာယမ်တို့ သည် အထက်မြန်မာပြည်တစ်ခုလုံး၏ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးအရင်းအမြစ်များ ဖြစ်နေပါသည်။ ထို့ကြောင့် KIO-KIA ကို ရှင်းလင်း သုတ်သင်ရန်လိုပါသည်။
KIO-KIA ကို ချေမှုန်းတိုက်ခိုက်နေရာ သည်မှာ စစ်ရေးနည်းလမ်းတစ်ခုတည်းနှင့်မလုံလောက် ပေ။ ခေတ်သစ်စစ်ပွဲများ၏ သဘောသဘာဝအရ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး သံတမန်ရေး စသည့် ဘက်စုံစစ်ပွဲအသွင် စီမံချက်ဆွဲပြီး တုံ့ပြန်မှသာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတစ်ခုလုံး၏ ပင်မ ရေ သောက်မြစ်ကြီးကို ဖြိုခွဲနိုင်မည်ဖြစ်ပါသည်။ EAOs အဖွဲ့တစ်ဖွဲ့အားကောင်းလာပြီး ပြိုင်ဘက်မရှိသော မြင်းတစ်ကောင်ကဲ့သို့ဖြစ်လာနေပြီဆိုလျှင် ကိုင်တွယ်ထိန်းချုပ်ရန်နည်းလမ်းမျိုးစုံနှင့် ဆောင်ရွက်ရပါ သည်။ သူ့အနားမှာ ဖြတ်မျဉ်းများထားရန်လိုသကဲ့သို့ ထိကွက် ဟာကွက်များ အက်ကြောင်း ဆက် ကြောင်းများကိုရှာပြီး မဟာဗျူဟာကျကျ ကိုင်တွယ်ဆောင်ရွက် ရန်လိုပါသည်။
သာဓကဖြစ်စဉ်အချို့ပြောရလျှင် (၁၉၉၄ -၉၅-၉၆)တစ်ဝိုက်က မြန်မာပြည်၏ အမာဆုံး၊ အင် အားအကောင်းဆုံးလက်နက်အဖွဲ့(၂)ဖွဲ့ဖြစ်သည့် KNU နှင့် ဦးခွန်ဆာ၏ MTA လက်နက်ကိုင်အဖွဲ့များကို နဝတ အစိုးရကိုင်တွယ်ခဲ့သည့် ဗျူဟာက ဤ ကာလတွင် KIO-KIA ကို ကိုင်တွယ်ရန်အကောင်းဆုံး ဗျူဟာဟု မြင်မိပါသည်။
အချုပ်ဆိုရလျှင် KIO-KIA တွင် ကစား၍ရသည့် ထိကွက် ဟာကွက်ဆက်ကြောင်း အက်ကြောင်း များစွာရှိပါသည်။ တရုတ်နှင့် ကျောချင်း ကပ်နေပြီး အမေရိကန် CIA ၏ တပည့်အဖြစ်ခံယူနေခြင်း၊ လူ မျိုးရေးအရ ဂျိမ်းဖောလူမျိုးကြီးဝါဒကို ကျင့်သုံးပြီး ကျန် ကချင်မျိုးနွယ်စုများနှင့်ရှမ်းနီလူမျိုးများအပေါ် အနိုင်ကျင့်နေခြင်း၊ သမိုင်းကြောင်းအရ ရှမ်းနီပိုင်သည့် မြို့နယ်များကို ဂျိန်းဖောအပိုင် လုပ်ခဲ့ခြင်းတို့ သည် KIA ၏ အားနည်းချက်များဖြစ်ပါသည်။ သံယံဇာတအရင်းအမြစ်ကြောင့် ဓနအင်အားကြွယ်ဝလာ ခြင်းသည်လည်း စစ်ပွဲကို ရေရှည်ထိန်းထားနိုင်ပါသည်။ ထို့ကြောင့် သယံဇာတမှရရှိသောဝင်ငွေများကို ဖြတ်တောက်နိုင်ပါကလည်း KIO-KIA ကို အထိနာ စေမည်ဖြစ်ပါသည်။
တစ်ချက်ချင်းစီ ခေါင်းအေးအေးထားစဉ်း စားပြီး တစ်ရစ်ချင်းစီ ရစ်သွားမည်ဆိုလျှင် KIO-KIA သာမက အထက်မြန်မာပြည်တစ်ခုလုံး စစ်ရေးအရင်းအမြစ်ကို ဖြတ်တောက်နိုင်မည်ပင်ဖြစ်ပါသည်။ ထို့ကြောင့် KIO-KIA ချေမှုန်းသည့်နေရာတွင် စစ်ရေးအရလည်း အထက်တွင်ပြောခဲ့သကဲ့သို့ ပြတ်ပြတ် သားသား ပြင်းပြင်းထန်ထန်ကိုင်တွယ်ရန်လိုသကဲ့သို့ တစ်ဖက်ကလည်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေး၊ သံတမန်ရေး၊ ထောက်လှန်ရေးပညာရပ် စသည့် ကဏ္ဍစုံမှ မဟာဗျူဟာကျကျ ကစားသွားမည်ဆိုလျှင် ကချင်ပြည်နယ်တင် ငြိမ်းချမ်းသွားမည်မဟုတ်ဘဲ အညာဒေသကစ၍ ချင်း၊ ရခိုင်ဒေသများအထိပါ တည်ငြိမ်အေးချမ်းသွားနိုင်ပါသည်။ ထို့ကြောင့် အထက်မြန်မာပြည်တည်ငြိမ်အေးချမ်းရေးအတွက် KIO-KIA ကို စစ်ရေးနည်းလမ်းအပြင် အခြားနည်း လမ်းမျိုးစုံသုံး၍ တုံ့ပြန်တိုက်ခိုက်သင့်ကြောင်း အကြံပြု လိုက်ရပါသည်။

Zawgyi Version:
“KIO – KIA ကို ဘယ္လိုထိန္းခ်ဳပ္ၿပီး စစ္ေရး ေရေသာက္ျမစ္ကို ဘယ္လိုျဖတ္ေတာက္ၾကမလဲ”
(အေတြးအျမင္ ေဆာင္ပါး)
ေအာင္ႏိုင္သူ (ဇြဲကပင္) (NP News)
ျမန္မာ့သမိုင္းတြင္ တစ္ေက်ာ့ျပန္အားေကာင္းခဲ့ေသာ ႏိုင္ငံေရး၊ စစ္ေရးပဋိပကၡမ်ားသည္ မႀကဳံ စဖူးေလာက္ေအာင္ျပင္းထန္ခဲ့ေၾကာင္း ယေန႔ ေခတ္ျမန္မာႏိုင္ငံသားမ်ား ႀကဳံခဲ့ၾကရၿပီးျဖစ္ပါသည္။ ခါးသီးဖြယ္ေကာင္းေသာ ဤ ႏိုင္ငံေရး၊ စစ္ေရးပဋိပကၡသည္ ဤေ႐ြ႕ဤမွ်ေလာက္ ႀကီးထြားလာစရာ အေၾကာင္းမရွိေသာ္လည္း ႐ိုးသားမႈမရွိသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၏ အျမတ္ထုတ္မႈ ေၾကာင့္လည္း ပို၍ ဆိုး႐ြားေစခဲ့ပါသည္။ ထိုနည္းတူ မိမိတို႔ႏိုင္ငံအေပၚ ေစတနာမမွန္ၾကသည့္ အိမ္နီး ခ်င္းႏိုင္ငံမ်ားႏွင့္ ျပည္တြင္း ျပည္ပရွိ ျပည္ဖ်က္မီဒီယာမ်ား၏ ေသြးထိုးလႈံ႕ေဆာ္မႈေၾကာင့္လည္း ႏိုင္ငံေရး စစ္ေရး ပဋိပကၡမ်ား၏အရွိန္က အခ်ိန္တိုအတြင္း ရပ္တန႔္ျခင္းမရွိဘဲ ယေန႔တိုင္ တည္ရွိေနဆဲျဖစ္ပါ သည္။
သို႔ေသာ္ (၂၀၂၁)ခုႏွစ္ကစတင္လိုက္သည့္ ႏိုင္ငံေရးစစ္ေရးပဋိပကၡမ်ားက ယခုဆိုရင္ (၆၀)ရာ ခိုင္ႏႈန္းခန႔္ၿပီးသြားၿပီဟုဆိုႏိုင္သျဖင့္ အနည္းငယ္ စိတ္သက္သာရာရလာၾကၿပီးျဖစ္ပါသည္။ က်န္ေန ေသးသည့္(၄၀)ရာခိုင္ႏႈန္းကလည္း အညာေဒသကို အေျချပဳထားသည့္ KIA-KIO လက္နက္ကိုင္အဖြဲ႕ မ်ား အားေကာင္းေနေသးသည္ကို အၿပီးတိုင္ရွင္းမရ ေသး၍ က်န္ေနသည့္သေဘာပင္ျဖစ္ပါသည္။
ျမန္မာျပည္ေအာက္ပိုင္းကေတာ့ စစ္ေရး အရအသာစီးရသြားၿပီမို႔ ႏိုင္ငံေရးတြင္ တက္လာမည့္ အစိုးရသစ္ႏွင့္အတူ လက္တြဲေဆာင္႐ြက္ရန္ ျပည္သူကလည္း အသင့္ျပင္ဆင္ထားၾကၿပီးျဖစ္ပါသည္။ ျမန္ မာျပည္ေအာက္ပိုင္း၊ အထူးသျဖင့္ မြန္၊ ကရင္၊ ကယားေဒသမ်ားသည္ စစ္ေရး၌ အဘယ္ေၾကာင့္ အသာ စီးရလာသနည္းေမးလွ်င္ လက္နက္ကိုင္အဖြဲ႕ EAOs မ်ားကိုအေထာက္အပံ့ျဖစ္ေစခဲ့သည့္အရင္းအျမစ္ မ်ားကို ျဖတ္ေတာက္ႏိုင္ခဲ့ျခင္းေၾကာင့္ျဖစ္ပါသည္။
ဤေနရာ၌ အရင္းအျမစ္ဟုေျပာလွ်င္ မည္ သို႔ေသာအရင္းအျမစ္မ်ားနည္းဟု ေမးစရာရွိပါသည္။ စစ္ေရးကို အေထာက္အကူျဖစ္ေစသည့္ အဓိကအ ရင္းအျမစ္က မ်ားမ်ားစားစားမရွိ၍ ခ်ေရးျပရလွ်င္-
(၁) စစ္အင္အားကိုအေထာက္အကူျဖစ္ေစသည့္ လူသားအရင္းအျမစ္မ်ား
(၂) စစ္ပြဲကိုႀကီးထြားလာေစသည့္ စစ္လက္နက္ ခဲယမ္း မီးေက်ာက္မ်ား
(၃) စစ္ပြဲကို ေရရွည္ေထာက္ပံ့ေပးေနေသာ ေငြေၾကး
ဓန အင္အား ဆိုသည့္ (၃)မ်ိဳးပင္ျဖစ္ပါသည္။
ဤအရင္းအျမစ္(၃)မ်ိဳးလုံးကို လူမ်ိဳးစုလက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕အသီးသီးသည္ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးပဋိပကၡႏွင့္အတူ မေမွ်ာ္လင့္ဘဲ အႀကီးအက်ယ္ရလိုက္ပါသည္။ (၁၉၈၈)ခုႏွစ္တြင္လည္း ျမန္မာလူငယ္မ်ားေတာခိုခဲ့၍ ယခုလိုမ်ိဳးတစ္ႀကိမ္ရခဲ့ဖူးပါသည္။ (၁၉၈၈)ခုႏွစ္တုန္းက သင္ခန္းစာကို အေျခခံ၍ ယခုအႀကိမ္တြင္ စနစ္တက်ႏွင့္ အက်ိဳးရွိရွိအသုံးခ်ရန္လည္း ျပင္ဆင္ခဲ့ၾကပါသည္။ ႏိုင္ငံေရး ပဋိပကၡမ်ား၏ေနာက္ဆုံးပန္းတိုင္သည္ လက္နက္ကိုင္လမ္းစဥ္ကတစ္ဆင့္ စစ္ေရးပဋိပကၡဆီ ေရာက္ခဲ့ ၾကသည္ကလည္း သဘာဝပင္ျဖစ္ပါသည္။ ထို႔ေၾကာင့္ (၂၀၂၁)ေဖေဖာ္ဝါရီလ ဆူပူဆႏၵျပပြဲမ်ား တြင္ပါဝင္ ခဲ့ၾကေသာ G-Z လူငယ္မ်ားသည္ EAOs မ်ားရွိရာ နယ္စပ္ေဒသမ်ားသို႔ သြားေရာက္ခဲ့ၾကသည္။
ထို G-Z လူငယ္ေလးမ်ားသည္ ၎တို႔၏ စိတ္ခံစားမႈေၾကာင့္ အမွန္၊ အမွား ခြဲျခားရန္ခက္ခဲေန ခ်ိန္မွာ ႏိုင္ငံေရးအရ အျမတ္ထုတ္လိုသည့္ ႏိုင္ငံေရးသမားမ်ား၊ ျပည္ဖ်က္မီဒီယာမ်ားႏွင့္ EAOs မ်ား ၎ တို႔လိုသလို ပုံသြင္းအသုံးခ်ခဲ့ၾကသျဖင့္ G-Z မွသည္ PDF မ်ားအသြင္သို႔ ကူးေျပာင္းကုန္ၾကသည္။ ဤသို႔ ျဖင့္ EAOs မ်ားသည္ လူငယ္လူ႐ြယ္ လူသားအရင္းအျမစ္မ်ားေၾကာင့္ စစ္ေရးအင္အား ေတာင့္တင္းလာခဲ့ ၾကသည္။ G-Z မွသည္ PDF သို႔ အသြင္ကူးေျပာင္းသြားၾကေသာ လူငယ္မ်ား၏ ဦးတည္လမ္းေၾကာင္းကို ေလ့လာၾကည့္သည့္အခါ ျမန္မာျပည္အထက္ပိုင္း အညာေဒသရွိ လူငယ္မ်ားသည္ KIA-KIO ဆီသို႔ ေရာက္ရွိခဲ့ေသာ လူငယ္မ်ားႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ MNDAA ,TNLA ႏွင့္ AA တို႔ဆီသို႔ေရာက္ သြားခဲ့ၾကေသာ လူငယ္မ်ားဟူ၍ ေတြ႕ရပါသည္။
ျမန္မာျပည္ေအာက္ပိုင္း G-Z လူငယ္မ်ားကမူ ကရင္ျပည္နယ္ႏွင့္ကယားျပည္နယ္ထဲရွိ KNU /KNLA ႏွင့္ KNDF-KNPP တို႔ဆီ ေရာက္ရွိကုန္ ၾကသည္။ ထိုနည္းတူ ခ်င္းျပည္နယ္ထဲက CNF ႏွင့္ ရခိုင္ ျပည္နယ္ထဲက AA ဆီေရာက္သြားၾကေသာ လူငယ္မ်ားလည္းရွိၾကသည္။ လူငယ္မ်ားေရာက္ရွိလာမႈေပၚ မူတည္၍ NUG လက္ေအာက္ခံ PDF ၊ BPLA ၊ BA ၊ PLA ၊ KNDF ၊ CDF စသည့္ အဖြဲ႕မ်ိဳးစုံျဖင့္ တစ္ျပည္ လုံးအတိုင္းအတာႏွင့္ စစ္ေရးပဋိ ပကၡအားေကာင္းေအာင္ နည္းလမ္းမ်ိဳးစုံသုံးၿပီး ဖန္တီးခဲ့ၾကသည္။ ထိုကဲ့သို႔ လူသားအရင္းအျမစ္မ်ားေၾကာင့္ အင္အားေတာင့္တင္းလာသျဖင့္ တစ္ျပည္လုံးတြင္ တစ္ၿပိဳင္ နက္တည္း စစ္ေရးေဖာ္ေဆာင္ခဲ့ၾက သည္။ ထို႔ေၾကာင့္လည္း (၂၀၂၃)ခုႏွင့္ (၂၀၂၄) ခုႏွစ္ကာလမ်ားသည္ စစ္ေရးပဋိပကၡ အျပင္းထန္ဆုံး အခ်ိန္ျဖစ္ခဲ့သည္။
တစ္ဖက္တြင္လည္း စစ္ပြဲကို ႀကီးထြားလာေစသည့္ စစ္လက္နက္ခဲယမ္းမီးေက်ာက္မ်ားကို UWSA ၊ KIA ႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားကတစ္ဆင့္ ရရွိခဲ့ၾကျပန္သည္။ အထူးသျဖင့္ ဒ႐ုန္းနည္းပညာ အ သစ္အဆန္းမ်ားေၾကာင့္လည္း စစ္ေရးပဋိပကၡကို ပိုမိုႀကီးထြားေစခဲ့သည္။ ဒ႐ုန္းမ်ားကိုအေျခခံၿပီး တိုက္ပြဲဝင္လာၾက၍လည္း စစ္ေရးပဋိပကၡသည္ ခက္ခက္ခဲခဲေျဖရွင္းရသည့္ျပႆနာတစ္ခုအျဖစ္သို႔ ေရာက္ရွိခဲ့ရပါသည္။
ထိုနည္းတူ စစ္ပြဲကို ေရရွည္ေထာက္ပံ့ေပးေနေသာ ေငြေၾကးဓနအင္အားကလည္း ကနဦးအစ ပိုင္းတြင္ အားေကာင္းခဲ့သည္ကိုေတြ႕ရသည္။ EAOs မ်ားႏွင့္ PDF မ်ား၏ ကနဦး ေငြေၾကးစီးဆင္းမႈမ်ား တြင္ အလႉခံရရွိေငြမ်ား၊ အြန္လိုင္းေငြလိမ္ဂိုဏ္းကဲ့သို႔ ေလာင္းကစားလုပ္ငန္မ်ားကို ငွားရမ္းေနရာေပးမႈ က တစ္ဆင့္ရရွိေငြမ်ား၊ ေဒသခံျပည္သူမ်ားထံမွ အတင္းအဓမၼဆက္ေၾကးေကာက္ခံမႈမ်ား၊ နယ္စပ္လမ္း ေၾကာင္း၊ ဂိတ္မ်ားကတစ္ဆင့္ ေကာက္ခံေငြမ်ား၊ ျပည္ပႏိုင္ငံႀကီးမ်ားႏွင့္ အဖြဲ႕အစည္းမ်ား၏ ေထာက္ပံ့ ေငြမ်ား၊ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားမႈမွ တစ္ဆင့္ရရွိေသာေငြမ်ားႏွင့္ သံယံဇာတမ်ားကို အိမ္ နီးခ်င္းႏိုင္ငံမ်ားသို႔ ေရာင္းခ်၍ရေသာေငြမ်ားဟူ၍ ေတြ႕ရွိရပါသည္။
မည္သို႔ပင္ဆိုေစကာမူ လူ၊ လက္နက္၊ ဓနေငြေၾကးဟူေသာ အရင္းအျမစ္(၃)ခုကို လူမ်ိဳးစုအ မည္ခံေသာင္းက်န္းသူမ်ားရရွိခဲ့ျခင္းေၾကာင့္ ျမန္မာႏိုင္ငံတစ္ဝန္းတြင္ စစ္ပြဲမ်ားျပင္းထန္ခဲ့သည္ကေတာ့ ျငင္းမရေပ။
ဤကဲ့သို႔ အရင္းအျမစ္(၃)ခုကို ရလိုက္ၾက တာခ်င္းအတူတူ ေအာက္ျမန္မာျပည္ အထူးသျဖင့္ မြန္၊ ကရင္၊ တနသၤာရီ၊ ကယားေဒသမ်ားကိုေတာ့ ဤကာလအတြင္း အမိအရ လိုက္လံျဖတ္ေတာက္ပိတ္ ဆို႔ႏိုင္ခဲ့သျဖင့္ ယခုဆိုလွ်င္ မြန္၊ ကရင္၊ ကယားေဒသ မ်ားရွိေသာင္းက်န္းသူမ်ားသည္ စစ္ေရးအရ ျပန္ လည္အေရးနိမ့္လာခဲ့ၿပီးျဖစ္ပါသည္။ ကယားျပည္ နယ္တြင္ ရွားေတာႏွင့္ နယ္စပ္မယ္စဲ့ၿမိဳ႕နယ္ ႏွစ္ခုပင္ က်န္ပါေတာ့သည္။ တစ္ျပည္နယ္လုံးနီးပါး ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္ပါသည္။ ကရင္ျပည္နယ္တြင္ လည္း နယ္စပ္စခန္းအခ်ိဳ႕ေလာက္ပင္က်န္ပါေတာ့သည္။ ဖာပြန္ၿမိဳ႕ကိုလည္း မၾကာမီ ျပန္လည္သိမ္းပိုက္ ႏိုင္ေတာ့မည့္အေျခအေနကို ေရာက္ရွိလာခဲ့ၿပီျဖစ္ပါ သည္။
ဤကဲ့သို႔ မြန္၊ ကရင္၊ ကယား၊ တနသၤာရီ ေဒသကို ျပန္အုပ္ႏိုင္ျခင္းေၾကာင့္ ဤေဒသမ်ားကို
စစ္ေရး၊ ႏိုင္ငံေရး အေထာက္အပံ့ေပးေနသည့္ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီ တိုင္းေဒသႀကီးေတြကိုပါ တည္ၿငိမ္ ေအးခ်မ္းလာေစခဲ့ပါသည္။ ေအာက္ျမန္မာျပည္ေအာင္ျမင္မႈကို ျပန္ လည္သုံးသပ္ၾကည့္သည့္အခါ ေသာင္းက်န္းသူစစ္ အင္အားကိုျဖစ္ေစသည့္ G-Z လူငယ္မ်ား ေနာက္ ထပ္မေရာက္ရွိေအာင္တားဆီးႏိုင္ခဲ့သည္။ လူငယ္တို႔၏သေဘာသဘာဝအရ ေသြးပူတုန္းေတာခိုခဲ့ၾက သည့္ (၂၀၂၁)ခုႏွစ္က လူငယ္မ်ိဳးဆက္မွအပ က်န္ မ်ိဳးဆက္မ်ား ထပ္မံေတာခိုလိုစိတ္ မရွိၾကေတာ့သလို ေတာမခိုႏိုင္ေအာင္လည္း တပ္မေတာ္က ရန္သူကို တားဆီးထိန္းခ်ဳပ္ႏိုင္ခဲ့သည္။
စစ္လက္နက္ပစၥည္းမ်ားကိုလည္း ၾကားျဖတ္ဟန႔္တားႏိုင္ခဲ့သလို ပင္မေရေသာက္ျမစ္မ်ားကို ရွာေဖြဖ်က္ဆီးႏိုင္ခဲ့သည္။ ဥပမာ (၂၀၂၁)ႏွစ္ကုန္ ပိုင္းႏွင့္ (၂၀၂၂)ခုႏွစ္ ႏွစ္ဦးပိုင္းက ရန္ကုန္ၿမိဳ႕တြင္ မၾကာခဏလုပ္ႀကံသတ္ျဖတ္မႈမ်ား၊ ပစ္ခတ္တိုက္ခိုက္မႈမ်ားရွိလာသျဖင့္ ေထာက္လွန္ေရးပညာအရ ေရ ေသာက္ျမစ္ကိုရွာေဖြရာ ကရင္ျပည္နယ္ ေလးေက့ ေကာ္ေဒသကတစ္ဆင့္ ရန္ကုန္ထဲ လက္နက္မ်ား ေရာက္ရွိေနေၾကာင္း စိစစ္ေတြ႕ရွိခဲ့ရသည္။ ထို႔ေၾကာင့္ ေလးေက့ေကာ္ေဒသကို ဝင္ေရာက္ရွင္းလင္းျခင္း ျဖင့္ ရန္ကုန္ၿမိဳ႕တည္ၿငိမ္မႈကို ျပန္လည္ရရွိေစခဲ့သည္။ ကယားျပည္နယ္မွာလည္း KNDF မာဝီတို႔အုပ္စုထံ UWSA ကေပးပို႔ေသာ လက္နက္ေပါင္းေျမာက္မ်ားစြာ ကို ရွမ္းျပည္နယ္ေတာင္ပိုင္းကတစ္ဆင့္ ဖမ္းဆီး ေပးႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ လက္နက္ခဲယမ္းမ်ား ျပတ္ေတာက္ၿပီး KNDF မာဝီတို႔အုပ္စု၏ လြိဳင္ေကာ္ သိမ္းပိုက္ေရး စစ္ေရးရည္မွန္းခ်က္ပ်က္စီးကာ စစ္ဦး က်ိဳးခဲ့ရသည္။
စစ္ပြဲကို ေရရွည္ေထာက္ပံ့ေပးေနေသာ ေငြေၾကးဓနအင္အားတြင္လည္း ေအာက္ျမန္မာျပည္ ကလက္နက္ကိုင္မ်ားသည္ ယခင္လို အားမေကာင္းေတာ့ေပ။ တပ္မေတာ္ႏွင့္ ႏိုင္ငံေတာ္အစိုးရက ေငြ လိမ္ဂိုဏ္းကို ျပင္းျပင္းထန္ထန္ႏွိမ္နင္းႏိုင္ခဲ့ျခင္း၊ မူးယစ္ေဆးဝါးဖမ္းဆီးဖ်က္ဆီးႏိုင္ခဲ့ျခင္း၊ ေသာင္းက်န္း သူလက္နက္ကိုင္တပ္ဖြဲ႕မ်ားအေပၚ လူထုက ယုံၾကည္မႈမရွိေတာ့သျဖင့္ ယခင္လို လႉဒါန္းေထာက္ပံ့မႈ မ်ားမရွိေတာ့ျခင္း၊ ျမန္မာျပည္ေအာက္ပိုင္း မြန္၊ ကရင္၊ ကယားေဒသတို႔သည္ ကခ်င္ျပည္နယ္ေလာက္ သံယံဇာတအရင္းအျမစ္မ်ားမရွိသျဖင့္ ဝင္ေငြရရွိမႈ နည္းပါးသြားျခင္းတို႔ေၾကာင့္ ေအာက္ျမန္မာျပည္သည္ ေတာ္ေတာ္ေလးတည္ၿငိမ္လာခဲ့ၿပီးျဖစ္ပါသည္။ ထို႔ေၾကာင့္ ေအာက္ျမန္မာျပည္ကဲ့သို႔ အထက္ျမန္မာ ျပည္ကိုလည္း အျမန္ဆုံး တည္ၿငိမ္ေအးခ်မ္းေစခ်င္ပါသည္။
ယခုအခါ အထက္ျမန္မာျပည္က ေအာက္ ျမန္မာျပည္ေလာက္ ဘာေၾကာင့္မေအာင္ျမင္ေသးသ
နည္းဟုေမးလွ်င္ အထက္တြင္ေျပာခဲ့သကဲ့သို႔ အရင္း အျမစ္(၃)ခုကို ထိထိေရာက္ေရာက္ျဖတ္ဖို႔ လိုအပ္ ခ်က္မ်ားရွိေနေသးေသာေၾကာင့္ဟု ယူဆမိပါသည္။ အထက္ျမန္မာျပည္လည္း အခ်ိဳ႕ေနရာမ်ားတြင္ ေတာ္ ေတာ္ေလးေလးေအာင္ျမင္လာၿပီဟုဆိုႏိုင္ပါသည္။
သာဓကတစ္ခုေျပာရလွ် င္ ဧရာဝတီျမစ္အေရွ႕ဘက္ မႏၲေလးတိုင္းနယ္တစ္ေက်ာရွိ စစ္ေရး ေအာင္ျမင္မႈသည္ စစ္ေရးအရ ျပင္းျပင္းထန္ထန္ ထိထိေရာက္ေရာက္ တိုက္ခိုက္ႏိုင္ခဲ့ျခင္းေၾကာင့္ျဖစ္ သကဲ့သို႔ ေထာက္လွမ္းေရးပညာ(စရဖ)ပညာႏွင့္ စစ္ ေရးအရင္းအျမစ္မ်ားကို ျဖတ္ေတာက္ႏိုင္ခဲ့ျခင္း ေၾကာင့္လည္းပါဝင္ပါသည္။ မႏၲေလးတိုင္းက PDF တို႔ အုံႏွင့္က်င္းႏွင့္ဝင္လာေစရန္ မဟာဗ်ဴဟာက်က် ကစားႏိုင္ခဲ့သည့္တာဝန္ရွိသူမ်ားကို ခ်ီးက်ဴးမိပါသည္။ တစ္ခ်ိန္က စာေရးသူႏွင့္အတူ တာဝန္ထမ္း ေဆာင္ခဲ့ဖူးသည့္ စရဖ ေခတၱတပ္မႉးကလည္း အရည္အခ်င္း ရွိသူျဖစ္သလို အားသြန္ခြန္စိုက္ ႀကိဳးပမ္း လုပ္ေဆာင္ ေလ့ရွိသူမို႔ ယခုကဲသို႔ ေအာင္ျမင္မႈအသီးအပြင့္မ်ားကို ခံစားလာရျခင္းျဖစ္သျဖင့္ ေလးစား ဂုဏ္ျပဳမိပါသည္။
မည္သို႔ပင္ဆိုေစကာမူ ယခုအခါတြင္ ႏိုင္ငံေရး၊ စစ္ေရးကြင္းဆက္မ်ား တျဖည္းျဖည္းခ်င္းခ်ိတ္ ဆက္မိလာေနၿပီျဖစ္၍ အထက္ျမန္မာျပည္လည္း ေအာက္ျမန္မာျပည္လို မၾကာမီ စစ္ေရးအရွိန္မ်ား ေလ်ာ့က်သြားလိမ့္မည္ဟုယူဆမိပါသည္။ အထက္ျမန္မာျပည္ စစ္ေရးပဋိပကၡ၏ အဓိက ပင္မေရ ေသာက္ျမစ္မွာ KIO-KIA ျဖစ္ပါသည္။ KIO-KIA သည္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡတစ္ခုလုံး၏ ဗဟိုခ်က္မ ပင္မေရေသာက္ျမစ္လည္းျဖစ္ပါသည္။ KIO-KIA ကို ေခ်မႈန္းတိုက္ခိုက္ျခင္းႏွင့္ KIO-KIA ဆီ ေရာက္ေနသည့္ စစ္ေရးပဋိပကၡအရင္းအျမစ္(၃)ခုျဖစ္သည့္ အညာေဒသကရသည့္ လူသားအရင္းအ ျမစ္၊ သံယံဇာတကရေနသည့္ ေငြေၾကးအရင္းအျမစ္ ႏွင့္ လက္နက္စက္႐ုံတည္ရွိရာ လိုင္ဇာ၊ မိုင္ဂ်ာယမ္တို႔ သည္ အထက္ျမန္မာျပည္တစ္ခုလုံး၏ အၾကမ္းဖက္ လက္နက္ကိုင္အဖြဲ႕မ်ား၏ စစ္ေရးအရင္းအျမစ္မ်ား ျဖစ္ေနပါသည္။ ထို႔ေၾကာင့္ KIO-KIA ကို ရွင္းလင္း သုတ္သင္ရန္လိုပါသည္။
KIO-KIA ကို ေခ်မႈန္းတိုက္ခိုက္ေနရာ သည္မွာ စစ္ေရးနည္းလမ္းတစ္ခုတည္းႏွင့္မလုံေလာက္ ေပ။ ေခတ္သစ္စစ္ပြဲမ်ား၏ သေဘာသဘာဝအရ ႏိုင္ငံေရး၊ လူမႈေရး၊ စီးပြားေရး သံတမန္ေရး စသည့္ ဘက္စုံစစ္ပြဲအသြင္ စီမံခ်က္ဆြဲၿပီး တုံ႔ျပန္မွသာ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡတစ္ခုလုံး၏ ပင္မ ေရ ေသာက္ျမစ္ႀကီးကို ၿဖိဳခြဲႏိုင္မည္ျဖစ္ပါသည္။ EAOs အဖြဲ႕တစ္ဖြဲ႕အားေကာင္းလာၿပီး ၿပိဳင္ဘက္မရွိေသာ ျမင္းတစ္ေကာင္ကဲ့သို႔ျဖစ္လာေနၿပီဆိုလွ်င္ ကိုင္တြယ္ထိန္းခ်ဳပ္ရန္နည္းလမ္းမ်ိဳးစုံႏွင့္ ေဆာင္႐ြက္ရပါ သည္။ သူ႔အနားမွာ ျဖတ္မ်ဥ္းမ်ားထားရန္လိုသကဲ့သို႔ ထိကြက္ ဟာကြက္မ်ား အက္ေၾကာင္း ဆက္ ေၾကာင္းမ်ားကိုရွာၿပီး မဟာဗ်ဴဟာက်က် ကိုင္တြယ္ေဆာင္႐ြက္ ရန္လိုပါသည္။
သာဓကျဖစ္စဥ္အခ်ိဳ႕ေျပာရလွ်င္ (၁၉၉၄ -၉၅-၉၆)တစ္ဝိုက္က ျမန္မာျပည္၏ အမာဆုံး၊ အင္ အားအေကာင္းဆုံးလက္နက္အဖြဲ႕(၂)ဖြဲ႕ျဖစ္သည့္ KNU ႏွင့္ ဦးခြန္ဆာ၏ MTA လက္နက္ကိုင္အဖြဲ႕မ်ားကို နဝတ အစိုးရကိုင္တြယ္ခဲ့သည့္ ဗ်ဴဟာက ဤ ကာလတြင္ KIO-KIA ကို ကိုင္တြယ္ရန္အေကာင္းဆုံး ဗ်ဴဟာဟု ျမင္မိပါသည္။
အခ်ဳပ္ဆိုရလွ်င္ KIO-KIA တြင္ ကစား၍ရသည့္ ထိကြက္ ဟာကြက္ဆက္ေၾကာင္း အက္ေၾကာင္း မ်ားစြာရွိပါသည္။ တ႐ုတ္ႏွင့္ ေက်ာခ်င္း ကပ္ေနၿပီး အေမရိကန္ CIA ၏ တပည့္အျဖစ္ခံယူေနျခင္း၊ လူ မ်ိဳးေရးအရ ဂ်ိမ္းေဖာလူမ်ိဳးႀကီးဝါဒကို က်င့္သုံးၿပီး က်န္ ကခ်င္မ်ိဳးႏြယ္စုမ်ားႏွင့္ရွမ္းနီလူမ်ိဳးမ်ားအေပၚ အႏိုင္က်င့္ေနျခင္း၊ သမိုင္းေၾကာင္းအရ ရွမ္းနီပိုင္သည့္ ၿမိဳ႕နယ္မ်ားကို ဂ်ိန္းေဖာအပိုင္ လုပ္ခဲ့ျခင္းတို႔ သည္ KIA ၏ အားနည္းခ်က္မ်ားျဖစ္ပါသည္။ သံယံဇာတအရင္းအျမစ္ေၾကာင့္ ဓနအင္အားႂကြယ္ဝလာ ျခင္းသည္လည္း စစ္ပြဲကို ေရရွည္ထိန္းထားႏိုင္ပါသည္။ ထို႔ေၾကာင့္ သယံဇာတမွရရွိေသာဝင္ေငြမ်ားကို ျဖတ္ေတာက္ႏိုင္ပါကလည္း KIO-KIA ကို အထိနာ ေစမည္ျဖစ္ပါသည္။
တစ္ခ်က္ခ်င္းစီ ေခါင္းေအးေအးထားစဥ္း စားၿပီး တစ္ရစ္ခ်င္းစီ ရစ္သြားမည္ဆိုလွ်င္ KIO-KIA သာမက အထက္ျမန္မာျပည္တစ္ခုလုံး စစ္ေရးအရင္းအျမစ္ကို ျဖတ္ေတာက္ႏိုင္မည္ပင္ျဖစ္ပါသည္။ ထို႔ေၾကာင့္ KIO-KIA ေခ်မႈန္းသည့္ေနရာတြင္ စစ္ေရးအရလည္း အထက္တြင္ေျပာခဲ့သကဲ့သို႔ ျပတ္ျပတ္ သားသား ျပင္းျပင္းထန္ထန္ကိုင္တြယ္ရန္လိုသကဲ့သို႔ တစ္ဖက္ကလည္း ႏိုင္ငံေရး၊ လူမႈေရး၊ စီးပြား ေရး၊ သံတမန္ေရး၊ ေထာက္လွန္ေရးပညာရပ္ စသည့္ က႑စုံမွ မဟာဗ်ဴဟာက်က် ကစားသြားမည္ဆိုလွ်င္ ကခ်င္ျပည္နယ္တင္ ၿငိမ္းခ်မ္းသြားမည္မဟုတ္ဘဲ အညာေဒသကစ၍ ခ်င္း၊ ရခိုင္ေဒသမ်ားအထိပါ တည္ၿငိမ္ေအးခ်မ္းသြားႏိုင္ပါသည္။ ထို႔ေၾကာင့္ အထက္ျမန္မာျပည္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ KIO-KIA ကို စစ္ေရးနည္းလမ္းအျပင္ အျခားနည္း လမ္းမ်ိဳးစုံသုံး၍ တုံ႔ျပန္တိုက္ခိုက္သင့္ေၾကာင္း အႀကံျပဳ လိုက္ရပါသည္။