ဗဟန်း(၃)လမ်းမှတ်တိုင်အနီးတွင် YBS ယာဉ်တစ်စီးအင်ဂျင်မီးလောင်မှုဖြစ်

261
သန့်မင်းအိမ် (NP News) - မတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗဟန်း(၃)လမ်းမှတ်တိုင်အနီးတွင် ယနေ့ (မတ်လ ၂ ရက်) ညနေပိုင်း (၄) နာရီ (၁၀) မိနစ်ခန့်က YBS ယာဉ်တစ်စီးအင်ဂျင်မီးလောင်မှုဖြစ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲ့သည့် YBS ယာဉ်မှာ (၁၁၆) ယာဉ်လိုင်းမှ ယာဉ်တစ်စီး ဖြစ်ကြောင်း သိရသည်။
“မီးလောင်တာက အင်ဂျင်အပူလွန်ကဲပြီးလောင်တာ။ အင်ဂျင်ခန်းပဲလောင်တာပါ။ တစ်စီးလုံးလောင်တာ မဟုတ်ပါဘူး” ဟု သိရှိသူ တစ်ဦးက NP News ကို သိသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ တာမွေမြို့ နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးနှင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး အပါအဝင် စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် (၃)စီးတို့ဖြင့် ငြှိမ်သတ်ခဲ့ရာ ညနေပိုင်း (၄) နာရီ (၁၈) မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
Zawgyi Version:
ဗဟန္း(၃)လမ္းမွတ္တိုင္အနီးတြင္ YBS ယာဥ္တစ္စီးအင္ဂ်င္မီးေလာင္မႈျဖစ္
သန႔္မင္းအိမ္ (NP News) - မတ္ ၂
ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ ဗဟန္း(၃)လမ္းမွတ္တိုင္အနီးတြင္ ယေန႔ (မတ္လ ၂ ရက္) ညေနပိုင္း (၄) နာရီ (၁၀) မိနစ္ခန႔္က YBS ယာဥ္တစ္စီးအင္ဂ်င္မီးေလာင္မႈျဖစ္ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
အဆိုပါ မီးေလာင္မႈ ျဖစ္ပြားခဲ့သည့္ YBS ယာဥ္မွာ (၁၁၆) ယာဥ္လိုင္းမွ ယာဥ္တစ္စီး ျဖစ္ေၾကာင္း သိရသည္။
“မီးေလာင္တာက အင္ဂ်င္အပူလြန္ကဲၿပီးေလာင္တာ။ အင္ဂ်င္ခန္းပဲေလာင္တာပါ။ တစ္စီးလုံးေလာင္တာ မဟုတ္ပါဘူး” ဟု သိရွိသူ တစ္ဦးက NP News ကို သိသည္။
အဆိုပါ မီးေလာင္မႈျဖစ္ပြားရာသို႔ စမ္းေခ်ာင္းၿမိဳ႕နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္ (၁) စီး၊ တာေမြၿမိဳ႕ နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္ (၁) စီးႏွင့္ ေက်ာက္တံတားၿမိဳ႕နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္ (၁) စီး အပါအဝင္ စုစုေပါင္း မီးျငႇိမ္းသတ္ယာဥ္ (၃)စီးတို႔ျဖင့္ ျငႇိမ္သတ္ခဲ့ရာ ညေနပိုင္း (၄) နာရီ (၁၈) မိနစ္ အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။