အိန္ဒိယ-ရခိုင် သမိုင်းကြောင်းဆိုင်ရာဆက်နွှယ်မှု ဓာတ်ပုံပြပွဲနှင့် စာအုပ် မိတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်

 346

NP News - မတ် ၂

အိန္ဒိယ-ရခိုင် သမိုင်းကြောင်းဆိုင်ရာဆက်နွှယ်မှု ဓာတ်ပုံပြပွဲနှင့် စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ (မတ်လ ၂ ရက်) နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

ကုန်သည်လမ်းနှင့်ရွှေဘုံသာလမ်းထောင့်ရှိ အိန္ဒိယယဉ်ကျေးမှုစင်တာ (ရန်ကုန်) တွင် ပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်နုမြဇံ ကအဖွင့်မိန့်ခွန်းပြောကြားရာတွင်အိန္ဒိယ နှင့် ရခိုင် တို့အကြား ရှေးယခင်ကာလများမှ စ၍ ဆက်လက်တည်ရှိလာသည့် သမိုင်းကြောင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုများအကြောင်းပြောကြားသည်။

ထို့နောက်မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး (Mr.Abhay Thakur) မှ မိတ်ဆက်မိန့်ခွန်းပြောကြားရာတွင်ယဉ်ကျေးမှု ဖလှယ်မှုများနှင့် ရာစုနှစ်များတိုင် တည်တံ့ခဲ့သော မိတ်ဆွေဆက်ဆံရေးများ၊ယဉ်ကျေးမှုအမွေ အနစ်များ၊အိန္ဒိယ-ရခိုင် (မြန်မာ) သမိုင်းကြောင်း ဆက်နွယ်မှု ဓါတ်ပုံပြပွဲနှင့် စာအုပ်မိတ်ဆက်ပွဲနှင့်အတူ သမိုင်းကြောင်း၊ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုများအကြောင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်)၏ အသင်းဥက္ကဌ ဦးသန်းမောင်က စာအုပ်အကြောင်းအရာ အကျဉ်းချုပ် မိတ်ဆက်ရှင်းလင်းတင်ပြပြီး၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်)မှ ရခိုင်ရိုးရာ ယဉ်ကျေးမှုအက၊ Swami Vivekananda Cultural Centre (SVCC) မှအိန္ဒိယယဉ်ကျေးမှုအကတို့ဖြင့်ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။

zawgyi version

အိႏၵိယ-ရခိုင္ သမိုင္းေၾကာင္းဆိုင္ရာဆက္ႏႊယ္မႈ ဓာတ္ပုံျပပြဲႏွင့္ စာအုပ္ မိတ္ဆက္ပြဲ အခမ္းအနား ျပဳလုပ္

NP News - မတ္ ၂

အိႏၵိယ-ရခိုင္ သမိုင္းေၾကာင္းဆိုင္ရာဆက္ႏႊယ္မႈ ဓာတ္ပုံျပပြဲႏွင့္ စာအုပ္ မိတ္ဆက္ပြဲ အခမ္းအနားကို ယေန႔ (မတ္လ ၂ ရက္) ေန႔လယ္ပိုင္းက ရန္ကုန္ၿမိဳ႕၊ ပန္းဘဲတန္းၿမိဳ႕နယ္တြင္ ျပဳလုပ္ခဲ့သည္။

ကုန္သည္လမ္းႏွင့္ေ႐ႊဘုံသာလမ္းေထာင့္ရွိ အိႏၵိယယဥ္ေက်းမႈစင္တာ (ရန္ကုန္) တြင္ ျပဳလုပ္ျခင္း ျဖစ္ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးႏွင့္ ရခိုင္စာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕ (ရန္ကုန္)တို႔ ပူးေပါင္း က်င္းပျခင္း ျဖစ္သည္။

အခမ္းအနားတြင္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယ၀န္ႀကီး ေဒၚႏုျမဇံ ကအဖြင့္မိန႔္ခြန္းေျပာၾကားရာတြင္အိႏၵိယ ႏွင့္ ရခိုင္ တို႔အၾကား ေရွးယခင္ကာလမ်ားမွ စ၍ ဆက္လက္တည္ရွိလာသည့္ သမိုင္းေၾကာင္းဆိုင္ရာႏွင့္ ယဥ္ေက်းမႈဆိုင္ရာ ဆက္ႏြယ္မႈမ်ားအေၾကာင္းေျပာၾကားသည္။

ထို႔ေနာက္ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး (Mr.Abhay Thakur) မွ မိတ္ဆက္မိန႔္ခြန္းေျပာၾကားရာတြင္ယဥ္ေက်းမႈ ဖလွယ္မႈမ်ားႏွင့္ ရာစုႏွစ္မ်ားတိုင္ တည္တံ့ခဲ့ေသာ မိတ္ေဆြဆက္ဆံေရးမ်ား၊ယဥ္ေက်းမႈအေမြ အနစ္မ်ား၊အိႏၵိယ-ရခိုင္ (ျမန္မာ) သမိုင္းေၾကာင္း ဆက္ႏြယ္မႈ ဓါတ္ပုံျပပြဲႏွင့္ စာအုပ္မိတ္ဆက္ပြဲႏွင့္အတူ သမိုင္းေၾကာင္း၊ယဥ္ေက်းမႈဆိုင္ရာ ဆက္ႏြယ္မႈမ်ားအေၾကာင္းေျပာၾကားသည္။

ဆက္လက္၍ ရခိုင္စာေပႏွင့္ ယဥ္ေက်းမႈအသင္း (ရန္ကုန္)၏ အသင္းဥကၠဌ ဦးသန္းေမာင္က စာအုပ္အေၾကာင္းအရာ အက်ဥ္းခ်ဳပ္ မိတ္ဆက္ရွင္းလင္းတင္ျပၿပီး၊ ရခိုင္စာေပႏွင့္ ယဥ္ေက်းမႈအသင္း (ရန္ကုန္)မွ ရခိုင္႐ိုးရာ ယဥ္ေက်းမႈအက၊ Swami Vivekananda Cultural Centre (SVCC) မွအိႏၵိယယဥ္ေက်းမႈအကတို႔ျဖင့္ကျပေဖ်ာ္ေျဖတင္ဆက္ခဲ့သည္။

Related news

© 2021. All rights reserved.