ထိုင်းဘက်မှ လောင်စာဆီမဝင်ရောက်တော့သည့် ရှမ်းအရှေ့ဒေသအချို့ စက်သုံးဆီပြတ်လပ်မှုကို စိုးရိမ်နေ

828

သန့်ဇင် (NP News) - မတ် ၃
ထိုင်းနိုင်ငံဘက်မှ လောင်စာဆီမဝင်ရောက်တော့သည့်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့ စက်သုံးဆီ တန်းစီ ဝယ်ယူနေရပြီး ဆီပြတ်လပ်မှုကို စိုးရိမ်နေကြကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်း ထားသည့်အချက်အလက်များအရ သိရသည်။
စက်သုံးဆီ တိုးဝှေ့ဝယ်ယူနေရခြင်းသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ကျိုင်းတုံမြို့၊ မိုင်းယွန်းမြို့ နှင့် မိုင်းဖြတ်မြို့တို့တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘတ်မှ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းပြီးနောက် ယမန်နေ့ (မတ်လ ၂ ရက်) က စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တန်းဆီဝယ်နေကြရတယ်။ မနေ့တည်းကတန်းဆီနေရတာ။ တချို့ဆိုင်က အကန့်အသက်နဲ့ဝယ်ရတယ်။ တာချီလိတ်မှာက ဓာတ်ဆီ တစ်လီတာကို ထိုင်းဘတ် (၂၅) ဘတ်။ အပြင်ဆိုင်တွေကတော့ ဈေးတက်ရတာပေါ့။ ဆီပြတ်သွားမှာကို စိုးနေရတာ” ဟု တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် ရှမ်းအရှေ့ဒေသရှိ အခြားသောမြို့များတွင်လည်း စက်သုံးဆီဖွင့်လှစ်ရောင်းချသည့်အချိန်ကို ယခင်ထက် ကန့်သက်ထားပြီး မြို့ပေါ်မဟုတ်သည့် စက်သုံးဆီဆိုင်အချို့တွင်မူ ဈေးနှုန်းအနည်းငယ်မြင့်တက်မှုများ ရှိနေ ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့အချို့သည် ယခင်ကပင် ထိုင်းနိုင်ငံမှ လောင်စာဆီတင်သွင်းသုံးစွဲနေရခြင်းဖြစ်ပြီး ယခုကဲ့သို့ စက်သုံးဆီပြတ်လပ်မှုလည်း မကြာခဏကြုံတွေ့ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် အီရန်စစ်ပွဲ၏ ရိုက်ခက်မှုကြောင် ထိုင်းနိုင်ငံက ပြည်တွင်းစွမ်းအင် ထိခိုက်မှုမရှိစေရန် ပြည်ပသို့ လောင်စာဆီတင်ပပို့မှု ရပ်ဆိုင်ထားကြောင်းလည်း ထိုင်းစွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Zawgyi Version;
ထိုင္းဘက္မွ ေလာင္စာဆီမဝင္ေရာက္ေတာ့သည့္ ရွမ္းအေရွ႕ေဒသအခ်ိဳ႕ စက္သုံးဆီျပတ္လပ္မႈကို စိုးရိမ္ေန
သန႔္ဇင္ (NP News) - မတ္ ၃
ထိုင္းႏိုင္ငံဘက္မွ ေလာင္စာဆီမဝင္ေရာက္ေတာ့သည့္အတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအခ်ိဳ႕ စက္သုံးဆီ တန္းစီ ဝယ္ယူေနရၿပီး ဆီျပတ္လပ္မႈကို စိုးရိမ္ေနၾကေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္း ထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
စက္သုံးဆီ တိုးေဝွ႔ဝယ္ယူေနရျခင္းသည္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ က်ိဳင္းတုံၿမိဳ႕၊ မိုင္းယြန္းၿမိဳ႕ ႏွင့္ မိုင္းျဖတ္ၿမိဳ႕တို႔တြင္ ျဖစ္ပြားေနျခင္းျဖစ္ၿပီး ထိုင္းႏိုင္ငံဘတ္မွ ေလာင္စာဆီတင္ပို႔မႈ ရပ္ဆိုင္းၿပီးေနာက္ ယမန္ေန႔ (မတ္လ ၂ ရက္) က စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တန္းဆီဝယ္ေနၾကရတယ္။ မေန႔တည္းကတန္းဆီေနရတာ။ တခ်ိဳ႕ဆိုင္က အကန႔္အသက္နဲ႔ဝယ္ရတယ္။ တာခ်ီလိတ္မွာက ဓာတ္ဆီ တစ္လီတာကို ထိုင္းဘတ္ (၂၅) ဘတ္။ အျပင္ဆိုင္ေတြကေတာ့ ေဈးတက္ရတာေပါ့။ ဆီျပတ္သြားမွာကို စိုးေနရတာ” ဟု တာခ်ီလိတ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ထို႔ျပင္ ရွမ္းအေရွ႕ေဒသရွိ အျခားေသာၿမိဳ႕မ်ားတြင္လည္း စက္သုံးဆီဖြင့္လွစ္ေရာင္းခ်သည့္အခ်ိန္ကို ယခင္ထက္ ကန႔္သက္ထားၿပီး ၿမိဳ႕ေပၚမဟုတ္သည့္ စက္သုံးဆီဆိုင္အခ်ိဳ႕တြင္မူ ေဈးႏႈန္းအနည္းငယ္ျမင့္တက္မႈမ်ား ရွိေန ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ ၿမိဳ႕အခ်ိဳ႕သည္ ယခင္ကပင္ ထိုင္းႏိုင္ငံမွ ေလာင္စာဆီတင္သြင္းသုံးစြဲေနရျခင္းျဖစ္ၿပီး ယခုကဲ့သို႔ စက္သုံးဆီျပတ္လပ္မႈလည္း မၾကာခဏႀကဳံေတြ႕ခဲ့ရေၾကာင္း သိရသည္။
လက္ရွိတြင္ အီရန္စစ္ပြဲ၏ ႐ိုက္ခက္မႈေၾကာင္ ထိုင္းႏိုင္ငံက ျပည္တြင္းစြမ္းအင္ ထိခိုက္မႈမရွိေစရန္ ျပည္ပသို႔ ေလာင္စာဆီတင္ပပို႔မႈ ရပ္ဆိုင္ထားေၾကာင္းလည္း ထိုင္းစြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။