ဟင်္သာတမြို့နယ်တွင် ကုန်တင်ယာဉ် နှင့် အိုးဝေယာဉ် မျက်နှာချင်းဆိုင်တိုက်မိ၍ လူ (၃) ဦး ပွဲချင်းပြီးသေဆုံး

 356

သန့်မင်းအိမ် (NP News) - မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကုန်တင်ယာဉ်နှင့် အိုးဝေယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ လူ (၃) ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဟင်္သာတခရိုင်ကွန်ယက်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ သန်းခေါင်းယံအချိန် ၁၂ နာရီခွဲဝန်းကျင်အချိန်ခန့်က၊ ဟင်္သာတမြို့နယ်၊ ဟင်္သာတ-ဇလွန်ကား လမ်း၊ မိုင်တိုင်အမှတ် ၃ မိုင် ၃ ဖာလုံ နှင့် ၃ မိုင် ၄ ဖာလုံအကြား၊ နင်းကြမ်းကျေးရွာအနီးအရောက်တွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ဟင်္သာတမြို့မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော အဖြူရောင် ကုန်တင်ယာဉ်တစ်စီးသည် အထက်ပါကျေးရွာ အနီးတွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော အစိမ်းရောင်အိုးဝေယာဉ်ကို ဝင်တိုက်မိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
"ကုန်တင်ယာဉ်က အိုးဝေနဲ့ တိုက်မိပြီးတဲ့နောက် လမ်းဘေးက သစ်ပင်ကို ထပ်ဝင်တိုက်မိတာပါ။ ကုန်တင် ယာဉ်မောင်းကတော့ ကားထဲမှာ ညပ်နေလို့ ဆွဲထုတ်ပေးခဲ့ရတယ်” ဟု ဟင်္သာတခရိုင်ကွန်ယက်လူမှုကူညီရေး အသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အိုးဝေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား (၆) ဦးအနက် (၃) ဦး မှာ အခင်း ဖြစ်နေရာတွင် ပွဲခြင်းပြီး သေဆုံးသွားခဲ့ပြီး အမျိုးသား (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရတာက ခေါင်းကွဲတာတစ်ယောက် ရှိမယ်။ လက်တွေ တစ်တောင်တွေပေါ့နော်။ ခြေထောက်တွေ မျက်နာဖူးရောင်တာတွေ တော့ရှိပါတယ်။ ကုန်ကားပေါ်က ယာဉ်နောက်လိုက်တစ်ယောက်က ကားက ယာဉ်တိုက်မှုဖြစ်ပြီးတော့ လမ်းဘေးသစ်ပင်ကို တိုက်မိပြီးတော့ သစ်ပင်နဲ့ ကားနဲ့ကြားမှာ ညပ်နေပါတယ်ခင်ဗျာ။ အဲဒါကိုရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ပြီးတော့အသက်ရှင်လျက် ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်ခင်ဗျာ” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ယာဉ်တိုက်မှုကို ဟင်္သာတမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်ကွန်ယက် လူမှုကူညီရေးအသင်းနှင့် နှလုံးလှ လူမှုကူညီရေးအသင်းတို့က လူနာတင်ယာဉ်များဖြင့် သွားရောက်ကာ ညပ်နေသည့်လူနာများကို ရှာဖွေကယ်ဆယ်ထုတ်ယူခြင်းနှင့် ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဟသၤာတၿမိဳ႕နယ္တြင္ ကုန္တင္ယာဥ္ ႏွင့္ အိုးေဝယာဥ္ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ လူ (၃) ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္မင္းအိမ္ (NP News) - မတ္ ၃
ဧရာဝတီတိုင္းေဒသႀကီး၊ ဟသၤာတၿမိဳ႕နယ္တြင္ ကုန္တင္ယာဥ္ႏွင့္ အိုးေဝယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ လူ (၃) ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ဟသၤာတခ႐ိုင္ကြန္ယက္လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ သန္းေခါင္းယံအခ်ိန္ ၁၂ နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က၊ ဟသၤာတၿမိဳ႕နယ္၊ ဟသၤာတ-ဇလြန္ကား လမ္း၊ မိုင္တိုင္အမွတ္ ၃ မိုင္ ၃ ဖာလုံ ႏွင့္ ၃ မိုင္ ၄ ဖာလုံအၾကား၊ နင္းၾကမ္းေက်း႐ြာအနီးအေရာက္တြင္ ျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
ဟသၤာတၿမိဳ႕မွ ရန္ကုန္ဘက္သို႔ ေမာင္းႏွင္လာေသာ အျဖဴေရာင္ ကုန္တင္ယာဥ္တစ္စီးသည္ အထက္ပါေက်း႐ြာ အနီးတြင္ အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာမွ ေမာင္းႏွင္လာေသာ အစိမ္းေရာင္အိုးေဝယာဥ္ကို ဝင္တိုက္မိခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
"ကုန္တင္ယာဥ္က အိုးေဝနဲ႔ တိုက္မိၿပီးတဲ့ေနာက္ လမ္းေဘးက သစ္ပင္ကို ထပ္ဝင္တိုက္မိတာပါ။ ကုန္တင္ ယာဥ္ေမာင္းကေတာ့ ကားထဲမွာ ညပ္ေနလို႔ ဆြဲထုတ္ေပးခဲ့ရတယ္” ဟု ဟသၤာတခ႐ိုင္ကြန္ယက္လူမႈကူညီေရး အသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ အိုးေဝယာဥ္ေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသား (၆) ဦးအနက္ (၃) ဦး မွာ အခင္း ျဖစ္ေနရာတြင္ ပြဲျခင္းၿပီး ေသဆုံးသြားခဲ့ၿပီး အမ်ိဳးသား (၄) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“ထိခိုက္ဒဏ္ရာရတာက ေခါင္းကြဲတာတစ္ေယာက္ ရွိမယ္။ လက္ေတြ တစ္ေတာင္ေတြေပါ့ေနာ္။ ေျခေထာက္ေတြ မ်က္နာဖူးေရာင္တာေတြ ေတာ့ရွိပါတယ္။ ကုန္ကားေပၚက ယာဥ္ေနာက္လိုက္တစ္ေယာက္က ကားက ယာဥ္တိုက္မႈျဖစ္ၿပီးေတာ့ လမ္းေဘးသစ္ပင္ကို တိုက္မိၿပီးေတာ့ သစ္ပင္နဲ႔ ကားနဲ႔ၾကားမွာ ညပ္ေနပါတယ္ခင္ဗ်ာ။ အဲဒါကိုရွာေဖြကယ္ဆယ္ေရး ေဆာင္႐ြက္ၿပီးေတာ့အသက္ရွင္လ်က္ ေဆး႐ုံကိုပို႔ေဆာင္ေပးခဲ့ပါတယ္ခင္ဗ်ာ” ဟု ၎က ဆက္ေျပာသည္။
ထို႔ေၾကာင့္ ယာဥ္တိုက္မႈကို ဟသၤာတၿမိဳ႕နယ္ မီးသတ္စခန္းမွ တပ္ဖြဲ႕ဝင္မ်ား၊ ဟသၤာတခ႐ိုင္ကြန္ယက္ လူမႈကူညီေရးအသင္းႏွင့္ ႏွလုံးလွ လူမႈကူညီေရးအသင္းတို႔က လူနာတင္ယာဥ္မ်ားျဖင့္ သြားေရာက္ကာ ညပ္ေနသည့္လူနာမ်ားကို ရွာေဖြကယ္ဆယ္ထုတ္ယူျခင္းႏွင့္ ဒဏ္ရာရသူမ်ားကို ေဆး႐ုံသို႔ ပို႔ေဆာင္ျခင္းလုပ္ငန္း မ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.