အိုမန်ပင်လယ်အော်အတွင်း အီရန်၏ အဓိကစစ်သင်္ဘော (၁၁) စင်းလုံး နစ်မြုပ်ခဲ့ဟု အမေရိကန်စစ်တပ်အတည်ပြု

439

ဂျန်ဇက် (NP News) - မတ် ၃
အမေရိကန်ရေတပ်သည် အိုမန်ပင်လယ်အော်အတွင်း စစ်ဆင်ရေးဆောင်ရွက်နေသော အီရန်၏ အဓိကစစ်သင်္ဘော (၁၁) စင်းလုံးကို အမေရိကန်တပ်ဖွဲ့များက အပြီးတိုင်နှစ်မြှုပ်ဖျက်ဆီးလိုက်ကြောင်း သိရသည်။
၂ဝ၂၆ ခုနှစ်၊ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စတင်ခဲ့သော အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်ရေး ‘Operation Epic Fury’ ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အီရန်ရေတပ်၏ အဓိကစစ်သင်္ဘောစုကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ဆင်ရေးအတွင်း အီရန်၏ အဆင့်မြင့်ဆုံး စစ်ရေယာဉ်များဖြစ်သည့်-Jamaran-class ကော်ဗတ်စစ်သင်္ဘော၊ ဒရုန်းတင်ဆောင်နိုင်သည့် Shahid Bagheri လေယာဉ်တင်သင်္ဘော၊ အခြေစိုက်စခန်းအဖြစ် အသုံးပြုသော Makran စစ်သင်္ဘောကြီး အပါအဝင် အဓိကရေယာဉ် (၁၁) စင်းလုံး ပစ်မှတ်ထား ချေမှုန်းခံခဲ့ရကြောင်း သတင်းများထွက်ပေါ်နေသည်။
အမေရိကန်စစ်တပ်က ပြီးခဲ့သည့် နှစ်ရက်က အီရန်အစိုးရသည် အိုမန်ပင်လယ်အော်တွင် စစ်သင်္ဘော ၁၁ စင်း ပိုင်ဆိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် အိုမန်ပင်လယ်အတွင်း အီရန်စစ်သင်္ဘော တစ်စင်းမျှ မကျန်တော့ကြောင်းသတင်းထုတ်ပြန်ထားသည်။
အီရန်၏ အဓိကရေတပ်အင်အား တစ်ခုလုံး ပျက်စီးသွားခြင်းကြောင့် ပါရှန်ပင်လယ်ကွေ့နှင့် ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအတွက် အရေးပါလှသော ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် (သို့မဟုတ်) ခြိမ်းခြောက်ရန် ကြိုးပမ်းမှုများမှာ လုံးဝ မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားဖွယ်ရှိနေသည်။ အမေရိကန်သမ္မတ ထရမ့်ကလည်း စစ်ဆင်ရေး၏ ရည်မှန်းချက်မှာ ရှင်းလင်းကြောင်း၊ အီရန်၏ နျူကလီးယားလက်နက် ထုတ်ဖော်မှုကို တားဆီးရန်နှင့် ၎င်းတို့၏ ဒုံးကျည်နှင့် ရေတပ်အင်အားကို စနစ်တကျ အမြစ်ဖြတ်ချေမှုန်းရန်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။အဆိုပါတိုက်ခိုက်မှုသည် အီရန်အစိုးရအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ပြီး၊ ပင်လယ်ပြင်တွင် တုံ့ပြန်နိုင်စွမ်း လုံးဝမရှိတော့သည့် အခြေအနေသို့ရောက်ရှိလာဖွယ်ရှိနေသည်။

Zawgyi Version;
အိုမန္ပင္လယ္ေအာ္အတြင္း အီရန္၏ အဓိကစစ္သေဘၤာ (၁၁) စင္းလုံး နစ္ျမဳပ္ခဲ့ဟု အေမရိကန္စစ္တပ္အတည္ျပဳ
ဂ်န္ဇက္ (NP News) - မတ္ ၃
အေမရိကန္ေရတပ္သည္ အိုမန္ပင္လယ္ေအာ္အတြင္း စစ္ဆင္ေရးေဆာင္႐ြက္ေနေသာ အီရန္၏ အဓိကစစ္သေဘၤာ (၁၁) စင္းလုံးကို အေမရိကန္တပ္ဖြဲ႕မ်ားက အၿပီးတိုင္ႏွစ္ျမႇဳပ္ဖ်က္ဆီးလိုက္ေၾကာင္း သိရသည္။
၂ဝ၂၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလေႏွာင္းပိုင္းတြင္ စတင္ခဲ့ေသာ အေမရိကန္-အစၥေရး ပူးေပါင္းစစ္ဆင္ေရး ‘Operation Epic Fury’ ၏ အစိတ္အပိုင္းတစ္ခုအျဖစ္ အီရန္ေရတပ္၏ အဓိကစစ္သေဘၤာစုကို ေခ်မႈန္းႏိုင္ခဲ့ျခင္းျဖစ္သည္။
စစ္ဆင္ေရးအတြင္း အီရန္၏ အဆင့္ျမင့္ဆုံး စစ္ေရယာဥ္မ်ားျဖစ္သည့္-Jamaran-class ေကာ္ဗတ္စစ္သေဘၤာ၊ ဒ႐ုန္းတင္ေဆာင္ႏိုင္သည့္ Shahid Bagheri ေလယာဥ္တင္သေဘၤာ၊ အေျခစိုက္စခန္းအျဖစ္ အသုံးျပဳေသာ Makran စစ္သေဘၤာႀကီး အပါအဝင္ အဓိကေရယာဥ္ (၁၁) စင္းလုံး ပစ္မွတ္ထား ေခ်မႈန္းခံခဲ့ရေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။
အေမရိကန္စစ္တပ္က ၿပီးခဲ့သည့္ ႏွစ္ရက္က အီရန္အစိုးရသည္ အိုမန္ပင္လယ္ေအာ္တြင္ စစ္သေဘၤာ ၁၁ စင္း ပိုင္ဆိုင္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ အိုမန္ပင္လယ္အတြင္း အီရန္စစ္သေဘၤာ တစ္စင္းမွ် မက်န္ေတာ့ေၾကာင္းသတင္းထုတ္ျပန္ထားသည္။
အီရန္၏ အဓိကေရတပ္အင္အား တစ္ခုလုံး ပ်က္စီးသြားျခင္းေၾကာင့္ ပါရွန္ပင္လယ္ေကြ႕ႏွင့္ ကမာၻ႔ေရေၾကာင္းကုန္သြယ္ေရးအတြက္ အေရးပါလွေသာ ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ဆို႔ရန္ (သို႔မဟုတ္) ၿခိမ္းေျခာက္ရန္ ႀကိဳးပမ္းမႈမ်ားမွာ လုံးဝ မျဖစ္ႏိုင္ေတာ့သည့္ အေျခအေနသို႔ ေရာက္ရွိသြားဖြယ္ရွိေနသည္။ အေမရိကန္သမၼတ ထရမ့္ကလည္း စစ္ဆင္ေရး၏ ရည္မွန္းခ်က္မွာ ရွင္းလင္းေၾကာင္း၊ အီရန္၏ န်ဴကလီးယားလက္နက္ ထုတ္ေဖာ္မႈကို တားဆီးရန္ႏွင့္ ၎တို႔၏ ဒုံးက်ည္ႏွင့္ ေရတပ္အင္အားကို စနစ္တက် အျမစ္ျဖတ္ေခ်မႈန္းရန္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားသည္။အဆိုပါတိုက္ခိုက္မႈသည္ အီရန္အစိုးရအတြက္ ႀကီးမားေသာ ထိုးႏွက္ခ်က္ျဖစ္ၿပီး၊ ပင္လယ္ျပင္တြင္ တုံ႔ျပန္ႏိုင္စြမ္း လုံးဝမရွိေတာ့သည့္ အေျခအေနသို႔ေရာက္ရွိလာဖြယ္ရွိေနသည္။